တိုင်ပေအရေးနှင့် ပတ်သက်၍ အမေရိကန် တာဝန်ရှိသူများကို တရုတ်က အရေးယူပိတ်ဆို့မှု ပြုလုပ်မည်
တရုတ်က ပိုင်သည်ဟု အခိုင်အမာပြောသော တိုင်ပေအ ရေးတွင် ပါဝင်ပတ်သက်သော အမေရိကန်တာဝန်ရှိသူများအနေ ဖြင့် အရေးယူပိတ်ဆို့မှုများ ရင် ဆိုင်ရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နနဝါရီ ၁၈ ရက်က ပြောသည်။
အမေရိကန်နှင့် တိုင်ပေ တာဝန်ရှိသူများကြား ဖလှယ်မှု များနှင့်ပတ်သက်သော ကန့်သတ် ချက်များကို အမေရိကန်အစိုးရက ဖယ်ရှားပြီးနောက် တရုတ်၏ပြောကြားချက် ထွက်လာခြင်းဖြစ် သည်။

စီစဉ်ထားသော တိုင်ပေခရီး စဉ် ပျက်ပြယ်သွားပြီးနောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ကယ်လီခရက်ဖ်က ပြီးခဲ့သည့် သီတင်းပတ်တွင် တိုင် ပေသမ္မတ ဆိုင်အင်းဝမ်နှင့် စကားပြောခဲ့ရာ အမေရိကန်နှင့် တရုတ် ကြား ရှိရင်းစွဲတင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။
တိုင်ပေနှင့် ဆက်နွှယ်ပတ် သက်မှုများ ပြုလုပ်ခဲ့သော အမေ ရိကန်တာဝန်ရှိသူအချို့ ပိတ်ဆို့ အရေးယူမှုများနှင့် ရင်ဆိုင်ရမည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုး သမီး ဟွာချန်ယင်က ပြောကြား သည်။
‘‘အမေရိကန်ရဲ့ လုပ်ရပ်အ မှားတွေကြောင့် တိုင်ပေကိစ္စမှာ ပါဝင်ပတ်သက်တဲ့ အမေရိကန် တာဝန်ရှိသူတွေကို ပိတ်ဆို့အရေး ယူမှုတွေလုပ်ဖို့ တရုတ်က ဆုံး ဖြတ်လိုက်ပါတယ်’’ဟု ဟွာချန် ယင်ကပြောပြီး အသေးစိတ်ပြော ကြားခြင်းမရှိပေ။
တိုင်ပေသည် မိမိတို့နှင့် အ မေရိကန်ဆက်ဆံရေးတွင် အရေး ပါဆုံးနှင့် အကဲအဆတ်ဆုံးကိစ္စ ဖြစ်ကြောင်း တရုတ်က ပြောကြား ပြီး တိုင်ပေသို့ လက်နက်များ ရောင်းချသော အမေရိကန် ကုမ္ပဏီများအပေါ် ပိတ်ဆို့အရေး ယူကြောင်း ယခင်က ကြေညာခဲ့ သည်။
Ref: Reuters
7DayNews
zawgyi