တိုင္ဝမ္ အေရး အေၾကာင္းျပဳ၍ အေမရိကန္ ႏွင့္ တ႐ုတ္ တို႔ စစ္ပြဲဆင္ႏႊဲရန္ ျပင္ဆင္လ်က္ရွိ


တိုင်ဝမ် အရေး အကြောင်းပြု၍ အမေရိကန် နှင့် တရုတ် တို့ စစ်ပွဲဆင်နွှဲရန် ပြင်ဆင်လျက်ရှိ
အဆိုပါ နှစ်နိုင်ငံ အကြား စစ်ပွဲကြီး ဖြစ်လာမည် ဆိုက ဒေသတခုလုံး အတွက်သာ မက ကမ္ဘာတဝှမ်းသို့ ပြင်းထန်သည့် ဆိုးကျိုး များ ရိုက်ခတ်ခံရ နိုင်သည်ဟု ၂၀၂၃ မတ်လ ၉ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းကြီး မှ မုန်တိုင်းသတိပေးချက် “Storm Warning” ခေါင်းစဉ် ဖြင့် ရေးသားထားသည်ကို ကောက်နှုတ်တင်ပြသွားပါမည်။
အိုကီနာဝါ ကြၽန္းရွိ အေမရိကန္ အမွတ္ (၄) မရိမ္းတပ္မ၏ အမွတ္ (၃) တပ္ရင္းသည္ အမည္ လ်ိဳ႕ဝွက္ထားသည့္ ကြၽန္းတကြၽန္းေပၚတြင္ “အစိမ္း” ဟု အမည္ေပးထားသည့္ မဟာမိတ္တပ္မ်ား ႏွင့္ ခ်ိတ္ဆက္ၿပီး က်ဴးေက်ာ္လာသူ ‘အနီ” တပ္မ်ားအား ကမ္းတက္ စစ္ဆင္ေရး ႏွင့္ ေတာတြင္း ကိုယ္ေယာင္ေဖ်ာက္ နည္းဗ်ဴဟာမ်ား ျဖင့္ ေခ်မႈန္းႏိုင္ရန္ ေလ့က်င့္လ်က္ ရွိသည္။
အေမရိကန္ စစ္ေရး စီမံခ်က္ေရးဆြဲသူ မ်ားသည္ တ႐ုတ္မွ ပစိဖိတ္သို႔ ဝင္ေရာက္ႏိုင္မည့္ လမ္းေၾကာင္းကို ပိတ္ဆို႔ထားႏိုင္ရန္ ဂ်ပန္ မွ မေလးရွားအထိ ကြၽန္းႀကီးကြၽန္းငယ္ အသြယ္သြယ္ကို ျဖတ္ၿပီး ခံစစ္စည္း ေရးဆြဲထားၿပီး ျဖစ္သည္၊ ထိုအထဲတြင္ မိုင္ ၃၇၀ ကြာေဝးသည့္ တိုင္ဝမ္ ႏွင့္ အိုကီနာဝါ ကြၽန္း အၾကားအား ပထမ သံဆူးႀကိဳး first island chain အျဖစ္ သတ္မွတ္ထားၾကသည္။
အေမရိကန္ တို႔က တပ္အင္အား အလုံးအရင္း ႏွင့္ ဝင္ေရာက္လာႏိုင္သည့္ တ႐ုတ္တပ္မ်ားအား န်ဴကလီယား သုံးစရာ မလိုပဲ ကာကြယ္ႏိုင္ရန္ ေလ့က်င့္ေနျခင္း ျဖစ္သည္ဟု ဆိုသည္။ န်ဳကလီယား မသုံးခဲ့လ်င္ပင္ တိုင္ဝမ္စစ္ပြဲသည္ ကြၽန္းေန လူ ၂၃ သန္း ခန႔္သာမက တကမာၻလုံးသို႔ ဆိုးဝါးေသာ အက်ိဳးဆက္မ်ား ခံစားရဖို႔က ေျမႀကီး လက္ခတ္ မလြဲပင္ ျဖစ္သည္။
မၾကာမီ ႏွစ္မ်ား အတြင္း အေမရိကန္ ႏွင့္ တ႐ုတ္ တို႔ အၾကား စကားအသုံး အႏႈံးမ်ား ျပင္းထန္လာေနသလို ျပင္ဆင္မႈမ်ားလည္း အရွိန္ျမႇင့္ လာခဲ့ၾကသည္။ တ႐ုတ္တပ္မ်ားသည္ ကမ္းတက္ စစ္ဆင္ေရး မ်ား ေလ့က်င္ေနသလို တိုက္ေလယာဥ္မ်ား ႏွင့္ စစ္သေဘၤာမ်ားသည္လည္း ၾကားခံမ်ဥ္း “median line” ကို မၾကာခဏ ဆိုသလို ျဖတ္ေက်ာ္ခဲ့ၾကသည္၊ အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠဌ နန္စီ ပလိုစီ၏ ခရီးစဥ္ ေနာက္ပိုင္းတြင္ ဒုံးက်ည္မ်ားကို ကြၽန္းေပၚ ျဖတ္၍ ပစ္ခတ္လာခဲ့သည္။
လက္ရွိတြင္ အေမရိကန္သည္ စစ္ေရး ေလ့က်င့္ေပးရန္ သင္တန္းဆရာမ်ားအား တိုင္ဝမ္သို႔ တသုတ္ၿပီး တသုတ္ ေစလႊတ္လ်က္ ရွိေနသည္။ တိုင္ဝမ္ အစိုးရသည္လည္း ယခင္ ေလးလ စစ္မႈ မထမ္းမေနရ ကာလ အား တႏွစ္ အထိ တိုးျမႇင့္လာခဲ့သည္။
အေမရိကန္ ကြန္ဂရက္ အမတ္ အခ်ိဳ႕က ႐ုရွား သင္ခန္းစာကို ယူၿပီး တ႐ုတ္တို႔ က်ဳးေက်ာ္ မလာခင္ကတည္းက လက္နက္မ်ား တိုင္ဝမ္သို႔ အလုံအေလာက္ ပို႔ေပးထားရန္ ဂ်ိဳး ဘိုင္ဒင္ကို တိုက္တြန္းလ်က္ ရွိေနသည္။ ေလာေလာဆယ္ တြင္ အေမရိကန္ သည္ တ႐ုတ္၏ နည္းပညာ ပိုင္းကို လည္ၿမိဳ ညႇစ္ထားႏိုင္ရန္ သိသိသာသာ စီမံလာခဲ့သည္။
အေမရိကန္ စစ္ဖက္ ႏွင့္ ေထာက္လွန္းေရး ဖက္ကမူ တ႐ုတ္ သမၼတ ရွီက်င့္ပင္သည္ တိုင္ဝမ္ကို သိမ္းပိုက္ ႏိုင္ရန္ ၂၀၂၇ ေနာက္ဆုံးထားၿပီး အဆင္သင့္ ျဖစ္ေအာင္ လုပ္ထားဖို႔ ၫြန္ၾကားထားသည္ ဆိုေသာ သတင္းကို အခိုင္အမာ ေျပာဆိုေနဆဲပင္ ျဖစ္သည္။ အခ်ိဳ႕ကလည္း အခ်ိန္မေ႐ြး ေရွ႕သို႔ တိုးလာႏိုင္သည္ဟု ေျပာေနၾကျပန္သည္။
ျပႆနာက ႏွစ္ဖက္စလုံးမွ အခ်ိန္မ်ားမ်ားစားစား မက်န္ေတာ့ဟု ခံယူလာၾကျခင္းပင္ ျဖစ္သည္၊ တ႐ုတ္ဖက္က တိုင္ဝမ္ႏွင့္ ၿငိမ္းခ်မ္းစြာ ျပန္လည္ ေပါင္းထုတ္ေရး ေမွ်ာ္လင့္ခ်က္မ်ား အေငြ႕ပ်ံ ေပ်ာက္ကြယ္သြားၿပီဟု ယူဆထားၿပီး၊ အေမရိကန္ ကလည္း အခ်ိန္ၾကာေလ တ႐ုတ္တို႔ စစ္အင္အား ပိုေတာင့္တင္းလာဖို႔သာ ရွိသည္ဟု ယုံၾကည္ေနၾကသည္။
တ႐ုတ္တြင္ စစ္အင္အား ၂ သန္း ရွိေနၿပီး တိုင္ဝမ္တြင္ ၁၆၃,၀၀၀ သာ ရွိသည္။
အင္ဒို-ပစိဖိတ္ စစ္ဌာနခ်ဳပ္၏ အႀကီးအကဲ ေရတပ္ ဗိုလ္ခ်ဳပ္ႀကီး ဂြၽန္ အကြီလီႏို မွ တ႐ုတ္ ႏွင့္ စစ္ပြဲႀကီး ဆင္ႏႊဲရမည့္ အေရးသည္ မည္သို႔မွ် ေရွာင္လႊဲ၍ မရ ေအာင္ ျဖစ္လာရေသာ္လည္း လတ္တေလာ ေတာ့ မဟုတ္ေသးဟု ထုတ္ေဖၚေျပာဆိုခဲ့သည္။ “မိမိအေနျဖင့္ စစ္ပြဲႀကီး ျဖစ္မလာေအာင္ တတ္ႏိုင္သမွ် ကာကြယ္သြားမည္ ျဖစ္ေသာ္လည္း ျဖစ္လာပါက ႏိုင္ေအာင္ တိုက္ဖို႔သာ ျပင္ဆင္ထားရေတာ့မည္” ဟု ဆိုသည္။ စစ္ပြဲ ဆိုသည္မ်ိဳး က ေရတို ဟူ၍ မရွိဟု ႐ုရွား-ယူကရိန္း စစ္ကို ရည္ၫႊန္းေျပာဆိုသြားခဲ့သည္။
အေမရိကန္ မဟာဗ်ဴဟာ ေရးဆြဲသူမ်ား အဖို႔က ထိုသို႔ ျဖစ္မလာခင္ ႀကိဳၿပီး သိႏိုင္မည့္ အခ်ိန္အတိုင္းအတာက အေရးႀကီး ေနသည္။
အေမရိကန္ တို႔ဖက္က ၁၉၄၄ ခုႏွစ္ ေနာ္မန္ဒီ ကမ္းတက္ စစ္ဆင္ေရး ႀကီး ေနာက္ပိုင္း အႀကီးမားဆုံး စစ္အင္အားသုံး၍ ျပင္ဆင္ထားဖို႔ လိုအပ္လာသည္။ တပ္ဖြဲ႕ဝင္မ်ား၏ ခြင့္ေတာင္းခံလာမႈ အား ပယ္ဖ်က္ျခင္း၊ ကမ္းတက္ သေဘၤာမ်ား ႏွင့္ ခဲယမ္းမီးေက်ာက္မ်ား ႀကိဳတင္စုေဆာင္းထားျခင္း၊ ေ႐ႊေျပာင္းႏိုင္ေသာ ကြပ္ကဲေရး စခန္းမ်ား တည္ေဆာက္ျခင္း အပါအဝင္ အျခား လုပ္စရာ အမ်ားအျပား ရွိေနေပသည္။
ရွီက်င့္ပင္ သည္ စစ္ေရး ေလ့က်င့္သည္ဟု အေၾကာင္းျပကာ လ်ပ္တပ်က္ ဝင္ေရာက္တိုက္ခိုက္လာမည္ဟု တြက္ဆထားၾကသည္။ သို႔ေသာ္ ထိုသို႔ တိုက္ႏိုင္ရန္ ေသြး အမ်ိဳးအစား အလိုက္ စုေဆာင္းလာျခင္း မ်ား အပါအဝင္ သိသာစြာ ျပင္ဆင္လာမႈမ်ိဳးကို သိႏိုင္ခြင့္ ႏွစ္ပတ္ေလာက္သာ ရွိႏိုင္သည္ဟု အေမရိကန္ အရာရွိမ်ားက တြက္ဆထားသည္။ သို႔ေသာ္ တ႐ုတ္ျပည္မႀကီး ႏွင့္ ကပ္ေနသည့္ တိုင္ဝမ္မွ ထိန္းခ်ဳပ္ထားေသာ ကြၽန္းငယ္ကေလးမ်ား သိမ္းပိုက္ ဖို႔ ႀကိဳတင္သိႏိုင္မည့္ အခ်ိန္သည္ နာရီပိုင္းမွ် သာ ျဖစ္မည္ဟု ဆိုသည္။
အေမရိကန္ သည္ တ႐ုတ္တို႔ စစ္ေရးျပင္ဆင္ေနသည္ကို အတိအက် ႀကိဳသိရန္ စိတ္ေစာေနသည္၊ သို႔မွသာ ကမာၻကို ခ်ျပႏိုင္ၿပီး ဝိုင္းဝန္း ဆန႔္က်င္ကန႔္ကြက္ႏိုင္ရန္ စု႐ုံးႏိုင္မည္ ျဖစ္သည္။ ဤသည္ကို တြက္ဆမိေသာ ရွီက်င့္ပင္သည္ ျဗဳန္းကနဲ ဝင္တိုက္မည္ဆိုက အသက္ရႈ ေခ်ာင္ႏိုင္ဖြယ္ ရွိႏိုင္သည္ဟု ယူဆလာမည္ ျဖစ္သည္။ ေနာက္တခ်က္က လည္း ထိုသို႔ မတိုက္ပဲ တိုင္ဝမ္ ႏွင့္ ႏိုင္ငံ အမ်ားစု သံတမန္ အဆက္အသြယ္ မရွိသည္ကို အခြင့္ေကာင္းယူကာ တခုခု ရန္စၿပီး ပိတ္ဆို႔လာႏိုင္သည္၊ ထိုသို႔ ဆိုက အေမရိကန္ ႏွင့္ မဟာမိတ္မ်ားကလည္း အလားတူ လက္တုံ႔ျပန္လာႏိုင္သည္။
အေမရိကန္သည္ ၎တို႔၏ စစ္ေရး ျပင္ဆင္လာမႈ မ်ားေၾကာင့္ ပဋိပကၡႀကီး ျဖစ္ပြားလာႏိုင္မည့္ အဆင့္အထိ ေရာက္သြား ႏိုင္သည့္ အႏၲရာယ္ကို ခ်င့္ခ်ိန္စဥ္းစား ေနရသည္၊ ေဒသအတြင္းသို႔ ေလယာဥ္တင္ သေဘၤာ အုပ္စုႀကီး ေစလႊတ္မည္ေလာ၊ တိုင္ဝမ္တြင္ တပ္မ်ား ျဖန႔္က်က္ ခ်ထားရမည္ေလာ၊ မလကၠာေရလက္ၾကားရွိ တ႐ုတ္တို႔ ေရနံတင္သြင္းေနသည့္ လမ္းေၾကာင္းကိုပဲ ၿခိမ္းေခ်ာက္ထားမည္ေလာ၊ ထိုသို႔ တခုခု လုပ္သည္ ဆိုလွ်င္ပင္ တ႐ုတ္တို႔မွ ရန္စမႈ အျဖစ္ သတ္မွတ္လာမည္ ျဖစ္သည္။
စစ္ႀကီး ျဖစ္ဖို႔ နီးကပ္လာသည္ ႏွင့္ တိုင္ဝမ္သည္ စစ္သေဘၤာမ်ားကို လုံၿခဳံမႈ မရွိႏိုင္ဟု ယူဆရသည့္ အေနာက္ဖက္ မွ ေတာင္တန္းမ်ား ကာဆီးထားေသာ အေရွ႕ဖက္ ကမ္း႐ိုးတန္းသို႔ ေ႐ႊ႕ေျပာင္းေပးေတာ့မည္ ျဖစ္သည္။ ဂ်က္တိုက္ေလယာဥ္မ်ားအားလည္းေျမေအာက္ ဘန္ကာ မ်ားထဲ ထဲ့ထားၿပီး ၂.၃ သန္း ရွိ အရံတပ္မ်ားကို ဆင့္ေခၚမည္လည္း ျဖစ္သည္။
ႏိုင္ငံတြင္းရွိ လူအမ်ားအျပားလည္း စိုးရိမ္တႀကီးျဖင့္ ျပင္ပသို႔ တိမ္းေရွာင္သြားၾကမည့္ အေရးကို ထိန္းခ်ဳပ္ရန္ ႏွင့္ သယ္ယူ ပို႔ေဆာင္ေရး လမ္းေၾကာင္းမ်ားကို ျဖတ္ေတာက္ပစ္ရန္ စီမံလာႏိုင္သည္။
အေမရိကန္လည္း ၎တို႔ စစ္စခန္းမ်ားရွိ တိုက္ေလယာဥ္ မ်ား အတိုက္ခံရမည္ စိုး၍ ေနရာအႏွံ ျဖန႔္ခ်လာႏိုင္သည္။ ေရတပ္ ႏွင့္ မရိမ္းတပ္မ်ားကို ပိတ္ဆို႔ႏိုင္မည့္ ေနရာ မွန္သမွ် ေစလႊတ္ထားရန္ ရွိသည္။ ေရငုပ္သေဘၤာမ်ားလည္း ပင္လယ္ေအာက္သို႔ ငုပ္လ်ိဳးၿပီး တိုင္ဝမ္အနီးတြင္ သြားေရာက္စုစည္း ႏိုင္သည္။ အေမရိကန္ ႏွင့္ တိုင္ဝမ္တပ္မႈးမ်ားက တ႐ုတ္ က်ဴးေက်ာ္ေရး တပ္မ်ား စုစည္းေနသည့္ ေနရာမ်ားကို ဝင္တိုက္ဖို႔ ေတာင္းဆိုလာႏိုင္ျပန္သည္။
သို႔ေသာ္ သံတမန္ေရး အရ ေျဖရွင္းရန္ ဆႏၵရွိသူမ်ား ႏွင့္ မိမိတို႔မွ စ တိုက္သည္ဟု အျပစ္တင္ခံရမည့္ အေရးကို စိုးရိမ္ေနသူမ်ားက ခါးခါးသီးသီး ပယ္ခ်ႏိုင္ျပန္သည္။
တ႐ုတ္တို႔ဖက္ကလည္း ေသေရး ရွင္ေရးတမွ် အေရးႀကီးလွသည့္ ဆုံးျဖတ္ခ်က္မ်ိဳး ခ်မွတ္ရဖို႔ ျဖစ္လာသည္။ အေမရိကန္ ႏွင့္ မဟာမိတ္မ်ား ခ်ီတုံခ်တုံ ျဖစ္ေနသည္ကို အခြင့္ေကာင္းယူကာ လက္လြန္သြားသည့္ သေဘာႏွင့္ တိုင္ဝမ္ကိုပဲ သီးသန႔္ ဦးတည္ တိုက္မည္ေလာ၊ သို႔တည္းမဟုတ္ ပုလဲ ဆိပ္ကမ္းလို ေဒသတြင္းရွိ အေမရိကန္ စစ္စခန္းမ်ားကို တိုက္မည္ေလာ ကို ဆုံးျဖတ္ရေတာ့မည္ ျဖစ္သည္။
တိုင္ဝမ္ကိုပဲ တိုက္မည္ဆိုက အေမရိကန္တို႔ ဖက္မွ အုံႏွင့္ က်င္းႏွင့္ တိုက္ခိုက္လာမည္ကို ခံရဖြယ္ ရွိေနသည္။ အေမရိကန္ တပ္စခန္းမ်ားကို တိုက္မည္ ဆိုက ဂ်ပန္ အပါအဝင္ သက္ဆိုင္ရာ ႏိုင္ငံမ်ားပါ ဝင္ပါလာၾကမည္ ျဖစ္ၿပီး ကမာၻစစ္ပြဲႀကီး အသြင္ ေျပာင္းသြားႏိုင္ေပသည္။
မည္သို႔ ေ႐ြးခ်ယ္သည္ ျဖစ္ေစ စ တိုက္ၿပီ ဆိုသည္ ႏွင့္ တိုင္ဝမ္သို႔ ဒုံးက်ည္မ်ား လက္နက္ႀကီးမ်ား ႏွင့္ မနားတမ္း စတင္ တိုက္ခိုက္လာေတာ့မည္သာ ျဖစ္၍ တိုင္ဝမ္ ေရတပ္၊ ေလတပ္ ႏွင့္ ေလေၾကာင္းကာကြယ္ေရး စနစ္မ်ား အလွ်င္ အျမန္ ပ်က္စီးသြားႏိုင္သည္။
တိုင္ဝမ္ ႏွင့္ ကပ္လ်က္ရွိေသာ တ႐ုတ္ႏိုင္ငံတြင္းရွိ ေဒသဆိုင္ရာ ဒုတပ္မႈးႀကီး ျဖစ္ခဲ့ေသာ ဝမ္ေဟာင္ဂြမ္းမွ ၂၀၁၈ ႏွစ္ အတြင္း ခန႔္မွန္းခ်က္အရ ပြဲဦးထြက္ ၂၄ နာရီ အတြင္း စစ္ေရး ႏွင့္ ႏိုင္ငံေရး ပစ္မွတ္မ်ား၊ ၿပီးလွ်င္ ဓါတ္အားေပး စက္႐ုံမ်ား၊ ဆီေလွာင္ကန္မ်ား ကဲ့သို႔ အရပ္ဖက္ ပစ္မွတ္မ်ားကို မနားတမ္း ပစ္ခတ္ တိုက္ခိုက္သြားဖို႔ ရွိေနသည္။
တိုင္ဝမ္ ၿဂိဳလ္တုမ်ား အား မ်က္စိကန္း နားကန္းသြားေအာင္ လုပ္ဖို႔ရွိေနၿပီး ပင္လယ္ၾကမ္းျပင္ရွိ အင္တာနက္ ေကဘဲလ္မ်ားကိုလည္း ျဖတ္ေတာက္ၾကမည္လည္း ျဖစ္သည္။ အေမရိကန္ ႏွင့္ အျခား မဟာမိတ္မ်ားႏွင့္ ဆက္သြယ္ႏိုင္သည့္ ကြပ္ကဲ ထိန္းခ်ဳပ္ေရး စနစ္မ်ားကိုလည္း အီလက္ထေရာနစ္ နည္းျဖင့္ ေမႊေႏွာက္ဖို႔ ရွိေနသည္။
ဆက္လက္ တင္ျပသြားပါမည္
crd
Hla Soewai
Unicode
တိုင်ဝမ် အရေး အကြောင်းပြု၍ အမေရိကန် နှင့် တရုတ် တို့ စစ်ပွဲဆင်နွှဲရန် ပြင်ဆင်လျက်ရှိ
အဆိုပါ နှစ်နိုင်ငံ အကြား စစ်ပွဲကြီး ဖြစ်လာမည် ဆိုက ဒေသတခုလုံး အတွက်သာ မက ကမ္ဘာတဝှမ်းသို့ ပြင်းထန်သည့် ဆိုးကျိုး များ ရိုက်ခတ်ခံရ နိုင်သည်ဟု ၂၀၂၃ မတ်လ ၉ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းကြီး မှ မုန်တိုင်းသတိပေးချက် “Storm Warning” ခေါင်းစဉ် ဖြင့် ရေးသားထားသည်ကို ကောက်နှုတ်တင်ပြသွားပါမည်။
အိုကီနာဝါ ကျွန်းရှိ အမေရိကန် အမှတ် (၄) မရိမ်းတပ်မ၏ အမှတ် (၃) တပ်ရင်းသည် အမည် လျို့ဝှက်ထားသည့် ကျွန်းတကျွန်းပေါ်တွင် “အစိမ်း” ဟု အမည်ပေးထားသည့် မဟာမိတ်တပ်များ နှင့် ချိတ်ဆက်ပြီး ကျူးကျော်လာသူ ‘အနီ” တပ်များအား ကမ်းတက် စစ်ဆင်ရေး နှင့် တောတွင်း ကိုယ်ယောင်ဖျောက် နည်းဗျူဟာများ ဖြင့် ချေမှုန်းနိုင်ရန် လေ့ကျင့်လျက် ရှိသည်။
အမေရိကန် စစ်ရေး စီမံချက်ရေးဆွဲသူ များသည် တရုတ်မှ ပစိဖိတ်သို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်ရန် ဂျပန် မှ မလေးရှားအထိ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ်ကို ဖြတ်ပြီး ခံစစ်စည်း ရေးဆွဲထားပြီး ဖြစ်သည်၊ ထိုအထဲတွင် မိုင် ၃၇၀ ကွာဝေးသည့် တိုင်ဝမ် နှင့် အိုကီနာဝါ ကျွန်း အကြားအား ပထမ သံဆူးကြိုး first island chain အဖြစ် သတ်မှတ်ထားကြသည်။
အမေရိကန် တို့က တပ်အင်အား အလုံးအရင်း နှင့် ဝင်ရောက်လာနိုင်သည့် တရုတ်တပ်များအား နျူကလီယား သုံးစရာ မလိုပဲ ကာကွယ်နိုင်ရန် လေ့ကျင့်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ နျုကလီယား မသုံးခဲ့လျင်ပင် တိုင်ဝမ်စစ်ပွဲသည် ကျွန်းနေ လူ ၂၃ သန်း ခန့်သာမက တကမ္ဘာလုံးသို့ ဆိုးဝါးသော အကျိုးဆက်များ ခံစားရဖို့က မြေကြီး လက်ခတ် မလွဲပင် ဖြစ်သည်။
မကြာမီ နှစ်များ အတွင်း အမေရိကန် နှင့် တရုတ် တို့ အကြား စကားအသုံး အနှုံးများ ပြင်းထန်လာနေသလို ပြင်ဆင်မှုများလည်း အရှိန်မြှင့် လာခဲ့ကြသည်။ တရုတ်တပ်များသည် ကမ်းတက် စစ်ဆင်ရေး များ လေ့ကျင်နေသလို တိုက်လေယာဉ်များ နှင့် စစ်သင်္ဘောများသည်လည်း ကြားခံမျဉ်း “median line” ကို မကြာခဏ ဆိုသလို ဖြတ်ကျော်ခဲ့ကြသည်၊ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ၏ ခရီးစဉ် နောက်ပိုင်းတွင် ဒုံးကျည်များကို ကျွန်းပေါ် ဖြတ်၍ ပစ်ခတ်လာခဲ့သည်။
လက်ရှိတွင် အမေရိကန်သည် စစ်ရေး လေ့ကျင့်ပေးရန် သင်တန်းဆရာများအား တိုင်ဝမ်သို့ တသုတ်ပြီး တသုတ် စေလွှတ်လျက် ရှိနေသည်။ တိုင်ဝမ် အစိုးရသည်လည်း ယခင် လေးလ စစ်မှု မထမ်းမနေရ ကာလ အား တနှစ် အထိ တိုးမြှင့်လာခဲ့သည်။
အမေရိကန် ကွန်ဂရက် အမတ် အချို့က ရုရှား သင်ခန်းစာကို ယူပြီး တရုတ်တို့ ကျုးကျော် မလာခင်ကတည်းက လက်နက်များ တိုင်ဝမ်သို့ အလုံအလောက် ပို့ပေးထားရန် ဂျိုး ဘိုင်ဒင်ကို တိုက်တွန်းလျက် ရှိနေသည်။ လောလောဆယ် တွင် အမေရိကန် သည် တရုတ်၏ နည်းပညာ ပိုင်းကို လည်မြို ညှစ်ထားနိုင်ရန် သိသိသာသာ စီမံလာခဲ့သည်။
အမေရိကန် စစ်ဖက် နှင့် ထောက်လှန်းရေး ဖက်ကမူ တရုတ် သမ္မတ ရှီကျင့်ပင်သည် တိုင်ဝမ်ကို သိမ်းပိုက် နိုင်ရန် ၂၀၂၇ နောက်ဆုံးထားပြီး အဆင်သင့် ဖြစ်အောင် လုပ်ထားဖို့ ညွန်ကြားထားသည် ဆိုသော သတင်းကို အခိုင်အမာ ပြောဆိုနေဆဲပင် ဖြစ်သည်။ အချို့ကလည်း အချိန်မရွေး ရှေ့သို့ တိုးလာနိုင်သည်ဟု ပြောနေကြပြန်သည်။
ပြဿနာက နှစ်ဖက်စလုံးမှ အချိန်များများစားစား မကျန်တော့ဟု ခံယူလာကြခြင်းပင် ဖြစ်သည်၊ တရုတ်ဖက်က တိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းထုတ်ရေး မျှော်လင့်ချက်များ အငွေ့ပျံ ပျောက်ကွယ်သွားပြီဟု ယူဆထားပြီး၊ အမေရိကန် ကလည်း အချိန်ကြာလေ တရုတ်တို့ စစ်အင်အား ပိုတောင့်တင်းလာဖို့သာ ရှိသည်ဟု ယုံကြည်နေကြသည်။
တရုတ်တွင် စစ်အင်အား ၂ သန်း ရှိနေပြီး တိုင်ဝမ်တွင် ၁၆၃,၀၀၀ သာ ရှိသည်။
အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်၏ အကြီးအကဲ ရေတပ် ဗိုလ်ချုပ်ကြီး ဂျွန် အကွီလီနို မှ တရုတ် နှင့် စစ်ပွဲကြီး ဆင်နွှဲရမည့် အရေးသည် မည်သို့မျှ ရှောင်လွှဲ၍ မရ အောင် ဖြစ်လာရသော်လည်း လတ်တလော တော့ မဟုတ်သေးဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ “မိမိအနေဖြင့် စစ်ပွဲကြီး ဖြစ်မလာအောင် တတ်နိုင်သမျှ ကာကွယ်သွားမည် ဖြစ်သော်လည်း ဖြစ်လာပါက နိုင်အောင် တိုက်ဖို့သာ ပြင်ဆင်ထားရတော့မည်” ဟု ဆိုသည်။ စစ်ပွဲ ဆိုသည်မျိုး က ရေတို ဟူ၍ မရှိဟု ရုရှား-ယူကရိန်း စစ်ကို ရည်ညွှန်းပြောဆိုသွားခဲ့သည်။
အမေရိကန် မဟာဗျူဟာ ရေးဆွဲသူများ အဖို့က ထိုသို့ ဖြစ်မလာခင် ကြိုပြီး သိနိုင်မည့် အချိန်အတိုင်းအတာက အရေးကြီး နေသည်။
အမေရိကန် တို့ဖက်က ၁၉၄၄ ခုနှစ် နော်မန်ဒီ ကမ်းတက် စစ်ဆင်ရေး ကြီး နောက်ပိုင်း အကြီးမားဆုံး စစ်အင်အားသုံး၍ ပြင်ဆင်ထားဖို့ လိုအပ်လာသည်။ တပ်ဖွဲ့ဝင်များ၏ ခွင့်တောင်းခံလာမှု အား ပယ်ဖျက်ခြင်း၊ ကမ်းတက် သင်္ဘောများ နှင့် ခဲယမ်းမီးကျောက်များ ကြိုတင်စုဆောင်းထားခြင်း၊ ရွှေပြောင်းနိုင်သော ကွပ်ကဲရေး စခန်းများ တည်ဆောက်ခြင်း အပါအဝင် အခြား လုပ်စရာ အများအပြား ရှိနေပေသည်။
ရှီကျင့်ပင် သည် စစ်ရေး လေ့ကျင့်သည်ဟု အကြောင်းပြကာ လျပ်တပျက် ဝင်ရောက်တိုက်ခိုက်လာမည်ဟု တွက်ဆထားကြသည်။ သို့သော် ထိုသို့ တိုက်နိုင်ရန် သွေး အမျိုးအစား အလိုက် စုဆောင်းလာခြင်း များ အပါအဝင် သိသာစွာ ပြင်ဆင်လာမှုမျိုးကို သိနိုင်ခွင့် နှစ်ပတ်လောက်သာ ရှိနိုင်သည်ဟု အမေရိကန် အရာရှိများက တွက်ဆထားသည်။ သို့သော် တရုတ်ပြည်မကြီး နှင့် ကပ်နေသည့် တိုင်ဝမ်မှ ထိန်းချုပ်ထားသော ကျွန်းငယ်ကလေးများ သိမ်းပိုက် ဖို့ ကြိုတင်သိနိုင်မည့် အချိန်သည် နာရီပိုင်းမျှ သာ ဖြစ်မည်ဟု ဆိုသည်။
အမေရိကန် သည် တရုတ်တို့ စစ်ရေးပြင်ဆင်နေသည်ကို အတိအကျ ကြိုသိရန် စိတ်စောနေသည်၊ သို့မှသာ ကမ္ဘာကို ချပြနိုင်ပြီး ဝိုင်းဝန်း ဆန့်ကျင်ကန့်ကွက်နိုင်ရန် စုရုံးနိုင်မည် ဖြစ်သည်။ ဤသည်ကို တွက်ဆမိသော ရှီကျင့်ပင်သည် ဗြုန်းကနဲ ဝင်တိုက်မည်ဆိုက အသက်ရှု ချောင်နိုင်ဖွယ် ရှိနိုင်သည်ဟု ယူဆလာမည် ဖြစ်သည်။ နောက်တချက်က လည်း ထိုသို့ မတိုက်ပဲ တိုင်ဝမ် နှင့် နိုင်ငံ အများစု သံတမန် အဆက်အသွယ် မရှိသည်ကို အခွင့်ကောင်းယူကာ တခုခု ရန်စပြီး ပိတ်ဆို့လာနိုင်သည်၊ ထိုသို့ ဆိုက အမေရိကန် နှင့် မဟာမိတ်များကလည်း အလားတူ လက်တုံ့ပြန်လာနိုင်သည်။
အမေရိကန်သည် ၎င်းတို့၏ စစ်ရေး ပြင်ဆင်လာမှု များကြောင့် ပဋိပက္ခကြီး ဖြစ်ပွားလာနိုင်မည့် အဆင့်အထိ ရောက်သွား နိုင်သည့် အန္တရာယ်ကို ချင့်ချိန်စဉ်းစား နေရသည်၊ ဒေသအတွင်းသို့ လေယာဉ်တင် သင်္ဘော အုပ်စုကြီး စေလွှတ်မည်လော၊ တိုင်ဝမ်တွင် တပ်များ ဖြန့်ကျက် ချထားရမည်လော၊ မလက္ကာရေလက်ကြားရှိ တရုတ်တို့ ရေနံတင်သွင်းနေသည့် လမ်းကြောင်းကိုပဲ ခြိမ်းချောက်ထားမည်လော၊ ထိုသို့ တခုခု လုပ်သည် ဆိုလျှင်ပင် တရုတ်တို့မှ ရန်စမှု အဖြစ် သတ်မှတ်လာမည် ဖြစ်သည်။
စစ်ကြီး ဖြစ်ဖို့ နီးကပ်လာသည် နှင့် တိုင်ဝမ်သည် စစ်သင်္ဘောများကို လုံခြုံမှု မရှိနိုင်ဟု ယူဆရသည့် အနောက်ဖက် မှ တောင်တန်းများ ကာဆီးထားသော အရှေ့ဖက် ကမ်းရိုးတန်းသို့ ရွှေ့ပြောင်းပေးတော့မည် ဖြစ်သည်။ ဂျက်တိုက်လေယာဉ်များအားလည်းမြေအောက် ဘန်ကာ များထဲ ထဲ့ထားပြီး ၂.၃ သန်း ရှိ အရံတပ်များကို ဆင့်ခေါ်မည်လည်း ဖြစ်သည်။
နိုင်ငံတွင်းရှိ လူအများအပြားလည်း စိုးရိမ်တကြီးဖြင့် ပြင်ပသို့ တိမ်းရှောင်သွားကြမည့် အရေးကို ထိန်းချုပ်ရန် နှင့် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပစ်ရန် စီမံလာနိုင်သည်။
အမေရိကန်လည်း ၎င်းတို့ စစ်စခန်းများရှိ တိုက်လေယာဉ် များ အတိုက်ခံရမည် စိုး၍ နေရာအနှံ ဖြန့်ချလာနိုင်သည်။ ရေတပ် နှင့် မရိမ်းတပ်များကို ပိတ်ဆို့နိုင်မည့် နေရာ မှန်သမျှ စေလွှတ်ထားရန် ရှိသည်။ ရေငုပ်သင်္ဘောများလည်း ပင်လယ်အောက်သို့ ငုပ်လျိုးပြီး တိုင်ဝမ်အနီးတွင် သွားရောက်စုစည်း နိုင်သည်။ အမေရိကန် နှင့် တိုင်ဝမ်တပ်မှုးများက တရုတ် ကျူးကျော်ရေး တပ်များ စုစည်းနေသည့် နေရာများကို ဝင်တိုက်ဖို့ တောင်းဆိုလာနိုင်ပြန်သည်။
သို့သော် သံတမန်ရေး အရ ဖြေရှင်းရန် ဆန္ဒရှိသူများ နှင့် မိမိတို့မှ စ တိုက်သည်ဟု အပြစ်တင်ခံရမည့် အရေးကို စိုးရိမ်နေသူများက ခါးခါးသီးသီး ပယ်ချနိုင်ပြန်သည်။
တရုတ်တို့ဖက်ကလည်း သေရေး ရှင်ရေးတမျှ အရေးကြီးလှသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်ရဖို့ ဖြစ်လာသည်။ အမေရိကန် နှင့် မဟာမိတ်များ ချီတုံချတုံ ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ လက်လွန်သွားသည့် သဘောနှင့် တိုင်ဝမ်ကိုပဲ သီးသန့် ဦးတည် တိုက်မည်လော၊ သို့တည်းမဟုတ် ပုလဲ ဆိပ်ကမ်းလို ဒေသတွင်းရှိ အမေရိကန် စစ်စခန်းများကို တိုက်မည်လော ကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။
တိုင်ဝမ်ကိုပဲ တိုက်မည်ဆိုက အမေရိကန်တို့ ဖက်မှ အုံနှင့် ကျင်းနှင့် တိုက်ခိုက်လာမည်ကို ခံရဖွယ် ရှိနေသည်။ အမေရိကန် တပ်စခန်းများကို တိုက်မည် ဆိုက ဂျပန် အပါအဝင် သက်ဆိုင်ရာ နိုင်ငံများပါ ဝင်ပါလာကြမည် ဖြစ်ပြီး ကမ္ဘာစစ်ပွဲကြီး အသွင် ပြောင်းသွားနိုင်ပေသည်။
မည်သို့ ရွေးချယ်သည် ဖြစ်စေ စ တိုက်ပြီ ဆိုသည် နှင့် တိုင်ဝမ်သို့ ဒုံးကျည်များ လက်နက်ကြီးများ နှင့် မနားတမ်း စတင် တိုက်ခိုက်လာတော့မည်သာ ဖြစ်၍ တိုင်ဝမ် ရေတပ်၊ လေတပ် နှင့် လေကြောင်းကာကွယ်ရေး စနစ်များ အလျှင် အမြန် ပျက်စီးသွားနိုင်သည်။
တိုင်ဝမ် နှင့် ကပ်လျက်ရှိသော တရုတ်နိုင်ငံတွင်းရှိ ဒေသဆိုင်ရာ ဒုတပ်မှုးကြီး ဖြစ်ခဲ့သော ဝမ်ဟောင်ဂွမ်းမှ ၂၀၁၈ နှစ် အတွင်း ခန့်မှန်းချက်အရ ပွဲဦးထွက် ၂၄ နာရီ အတွင်း စစ်ရေး နှင့် နိုင်ငံရေး ပစ်မှတ်များ၊ ပြီးလျှင် ဓါတ်အားပေး စက်ရုံများ၊ ဆီလှောင်ကန်များ ကဲ့သို့ အရပ်ဖက် ပစ်မှတ်များကို မနားတမ်း ပစ်ခတ် တိုက်ခိုက်သွားဖို့ ရှိနေသည်။
တိုင်ဝမ် ဂြိုလ်တုများ အား မျက်စိကန်း နားကန်းသွားအောင် လုပ်ဖို့ရှိနေပြီး ပင်လယ်ကြမ်းပြင်ရှိ အင်တာနက် ကေဘဲလ်များကိုလည်း ဖြတ်တောက်ကြမည်လည်း ဖြစ်သည်။ အမေရိကန် နှင့် အခြား မဟာမိတ်များနှင့် ဆက်သွယ်နိုင်သည့် ကွပ်ကဲ ထိန်းချုပ်ရေး စနစ်များကိုလည်း အီလက်ထရောနစ် နည်းဖြင့် မွှေနှောက်ဖို့ ရှိနေသည်။
ဆက်လက် တင်ပြသွားပါမည်
crd
Hla Soewai
Crd
Post Views:
14
Crd