တိုက်ပွဲ အနိုင်အရှူံးကို ပြောင်းလဲပေးနိုင်တော့မည့် နည်းပညာမြင့် ခေတ်သစ်နာနိုဒရုန်း…..

မျက်မှောက်ခေတ် ကာလကို နည်းပညာနယ်ပယ်မှာ နာနိုခေတ်လို့ခေါ်မယ်ဆိုရင် လွန်မယ်မထင်ပါဘူး။ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ သုတေသနဌာနတွေ၊ တက္ကသိုလ်တွေမှာ နာနိုနည်းပညာနဲ့ပတ်သက်တဲ့ သုတေသနတွေကို အားသွန်ခွန်စိုက်ပြုလုပ်လျက် ရှိနေကြတာဟာ သာဓကပဲဖြစ်ပါတယ်။
အမှန်အားဖြင့် နာနိုနည်းပညာ ပေါ်ပေါက်ခဲ့တာဟာ ဆယ်စုနှစ်မျှ ရှိခဲ့ပါပြီ။ လက်ရှိကာလမှာတော့ နာနိုနည်းပညာဖြစ်ပေါ်မှုမှာ အထူးတိုးတက်စွာတည်ရှိနေပြီး နာနိုနည်းပညာကို ပိုမိုလေ့လာလိုက်စားလျက်ရှိလာကြပါတယ်။အဲဒီလိုလိုက်စားရာမှာ နာနိုနည်းပညာရဲ့ အရေးပါပြီး အခြေခံတဲ့နာနိုဒြပ်ပစ္စည်းတွေကို ထုတ်လုပ်ခြင်း၊အထူးပြုလေ့လာခြင်းတို့မှာ အရေးပါ လှပါတယ်။
အလွန့်အလွန်သေးငယ်လှတဲ့ နာနိုဒြပ်ပစ္စည်းတွေကိုလေ့လာရာမှာ ဒြပ်ပစ္စည်းတို့ရဲ့အရွယ်အစား၊ ပုံပန်းသဏ္ဌာန်း ပါဝင်ဓာတ်ပစ္စည်းတို့ကို သိရှိဖို့အတွက် SEM (Scanning Electron Microscopy) နဲ့. TEM (Transmission Electron Microscopy ) စနစ်တို့မှာ မသိမဖြစ်အရေး ပါလှပါတယ်။
အဲဒီစက်ပစ္စည်းတွေမှာ အထူးသဖြင့် သိရှိလိုတဲ့ နာနိုဒြပ်ပစ္စည်းကို အီလက်ထရွန်ရောင်ခြည်နဲ့ရိုက်ပြီး ရရှိလာတဲ့တွေ့ရှိချက်ကို လေ့လာခြင်းဖြစ်ပါတယ်။ရရှိလာတဲ့တွေ ရှိချက်ကို ကျွမ်းကျင်စွာလေ့လာနိုင်ဖို့အတွက် အီလက်ထရွန်ရောင် ခြည်အသုံးပြုပြီး ဓာတုအနုစိတ်လေ့လာခြင်းနည်းနစ်မှာ မြောက်မြားလှစွာသောနည်းစနစ်တွေထဲက တတ်မြောက်လေ့ လာထားရှိရမဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။
အီလက်ထရွန် ရောင်ခြည်အသုံးပြီး ဓာတုလေ့လာခြင်းရဲ့အခြေခံ ဘောတရားမှာ သေးသွယ်၊ကျဉ်းမြောင်း၊ တိကျသော အီလက်ထရွန်ရောင်ခြည်နဲ့ အစိုင်အခဲတစ်ခုအပေါ် ပစ်လွှတ်ပြီး ဖြစ်ပေါ်ရရှိလာတဲ့ အကျိုးဆက်ကို လေ့လာကြည့်ခြင်းပဲဖြစ်ပါတယ်။ပစ်လွှတ်လိုက်တဲ့ အီလက်ထရွန်တွေဟာ
အရာဝတ္ထုအစိုင်အခဲနဲ့ တွေ့ထိသက်ရောက်တာနဲ့တစ်ပြိုင်နက် ပစ်လွှတ်အီလက်ထရွန်တွေရဲ့ မူလစွမ်းအင်နဲ့လားရာလမ်းကြောင်းမှာ ပြောင်းလဲ သွားတာနဲ့အတူ အပစ်ခံဝတ္ထုအစိုင်အခဲမှာလဲ (X-Rays ) နဲ့ အီလက်ထရွန် (Auger Electron) တို့ကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ပါတယ်။
အစိုင်အခဲ၊ ဝတ္ထု (Specimen)ပေါ်မှာ ပစ်လွှတ် အီလက်ထရွန်ကြောင့်ဖြစ်ပေါ်လာမဲ့ အကျိုးသက် ရောက်မှုနဲ့ အပစ်ခံ အစိုင်အခဲ၊ ဝတ္ထု (Specimen) ကနေထွက်ပေါ်လာမဲ့ အမျိုးမျိုးသော ဓါတ်ရောင်ခြည်တို့ကို လေ့လာခြင်းအားဖြင့် အပစ်ခံ အစိုင်အခဲ၊ ဝတ္ထုနဲ့ ဓာတု ဖွဲ့ စည်းမှု (Che-mical Composition) ကို လွယ်ကူစွာအဖြေ ထုတ်နိုင်မှာဖြစ်ပါတယ်။
ဒရုန်းနည်းပညာတိုးတက်ပြောင်းလဲလာတာနဲ့အမျှ သမားရိုးကျစစ်ပွဲတွေမှာ မောင်းသူမဲ့စနစ်နဲ့ အခြားသောနည်းပညာ အသစ်တွေပိုမိုပေါင်းစပ်လာကြတဲ့အတွက် အသေးစားဒရုန်း နည်းပညာအသုံးပြုမှုတွေ ပိုမိုအရှိန်အဟုန်မြင့်တက်လာလျက် ရှိပါတယ်။လက်ရှိကာလမှာ အမေရိကန်နိုင်ငံအနေနဲ့ စီးပွားဖြစ် ဒရုန်းထုတ်လုပ်ရောင်းချမှုကို အချို့သောနိုင်ငံတွေအပေါ် ပိတ်ပင်တားဆီးထားခဲ့ပေမဲ့
နာနိုဒရုန်းလို နည်းပညာ အသစ်ရင်းနှီးမြှုပ်နှံမှုတွေမှာ အမေရိကန်စစ်တပ်ဟာ အဓိကကျတဲ့ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေဆဲဖြစ်တာတွေ့ရှိပါတယ်။ယနေ့ခေတ်မှာ တီထွင်ထုတ်လုပ်လိုက်တဲ့ နာနိုဒရုန်းဟာဆိုရင် အမေရိကန်စစ်တပ်အတွက် အဓိကကျတဲ့စစ်သုံး ကိရိယာတစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။
မကြာသေးမီက FLIR ကုမ္ပဏီဟာ Black Hornet 3 Personal Reconnaissance Systems (PRS) တစ်ကိုယ်ရေသုံး ထောက်လှမ်းရေး ဒရုန်းတီထွင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆ သန်း တန်ဖိုးရှိ စာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကတည်းကပင် အမေရိကန်စစ်ဘက်နဲ့ ၃၉ ဒသမ ရ သန်းတန်ဖိုးရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။
Blak Hornet ဒရုန်းတွေကို အမေရိကန်စစ်ဘက်ရဲ့ Soldier Borne Sensor (SBS) စီမံကိန်းမှာအသုံးပြုသွားဖို့ ရည်ရွယ်လုပ်ဆောင်လျက်ရှိပါတယ်။ ၎င်းဒရုန်းကို စစ်သည်တစ်ဦးတည်း ထိန်းချုပ်ပြီး တပ်ဖွဲ့ငယ်အဆင့် ကင်းထောက်လှမ်းစောင့်ကြည့်ရာမှာ အသုံးပြုနိုင်စေမှာဖြစ်တယ်လို့ droneli-fe မှာ ဖော်ပြထားပါတယ်။
Black Hornet ဒရုန်းဟာ အလွန်ပေါ့ပါးပြီး အသံဆူညံမှု အလွန်နည်းပါးကာ ၂၅ မိနစ်ကြာ ပျံသန်းနိုင်ပါတယ်။ အိတ်ကပ်ထဲမှာထည့်နိုင်တဲ့အရွယ်အစားသာရှိတဲ့ အဲဒီ ဒရုန်းအနေနဲ့ တိုက်ရိုက်ဗီဒီယိုရိုက်ကူးထုတ်လွှင့်နိုင်ပြီး အရည်အသွေးမြင့် ပုံရိပ်တွေကို ထိန်းချုပ်မောင်းနှင်သူထံ ပြန်လည်ပေး ပို့နိုင်တယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ ဒရုန်းရဲ့ သတင်းအချက်အလက်ထောက်ပံ့ပေးနိုင်မှုစွမ်းရည်ကြောင့် စစ်သည်တွေအနေနဲ့ ကြုံတွေ့ နေရတဲ့ စစ်မြေပြင်အခြေအနေကို ချက်ချင်းပြောင်းလဲကာ ရန်သူ့ပစ်မှတ်တွေကို ထိထိ ရောက်ရောက် ပိုမို ချေမှုန်းနိုင်စွမ်း ရရှိလာစေမှာ ဖြစ်ပါတယ်။
အလားတူပဲ FLIR ကုမ္ပဏီအနေနဲ့ နာနိုဒရုန်း Black Hornet အစင်းရေ ၁၂,၀၀၀ ကျော်ကိုလဲ ကမ္ဘာတစ်ဝန်းရှိ ကာကွယ်ရေး တပ်ဖွဲ့အသီးသီးထံ ပေးပို့ရောင်းချထားပြီးဖြစ်တယ်လို့ အဲဒီ ကုမ္ပဏီကပြောကြားခဲ့ပါတယ်။
Crd..သုတကမ္ဘာ
Unicode
Crd..သုတကမ်ဘာ
Crd