■တိရစ္ဆာန်လေးတွေအတွက်အစားအစာတီထွင်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်သည့် တိရစ္ဆာန်အစာမြည်းစမ်းသူ
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■တိရစ္ဆာန်လေးတွေအတွက်အစားအစာတီထွင်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်သည့် တိရစ္ဆာန်အစာမြည်းစမ်းသူ
တိရစ္ဆာန်လေးတွေဟာ ကျွန်မတို့တွေရဲ့သူငယ်ချင်းလေးတွေပါ။ ကျွန်မတို့ကသူတို့စားတဲ့အစာတွေဟာ အရသာရှိပြီး အားရှိအောင်တီထွင်ပေးဖို့လိုပါတယ်။ သူတို့ကို တိရစ္ဆာန်အစာမြည်းစမ်းသူလို့ခေါ်ပါတယ်။
သူတို့ဟာ တိရစ္ဆာန်အစာတွေရဲ့အရသာကို မြည်းစမ်းဆုံးဖြတ်ပြီးအရည်အသွေးပြည့်မှီမှုရှိမရှိစမ်းသပ်ပါတယ်။ ဘယ်သူကမှ ဆိုးရွားတဲ့အစားအသောက်တွေ စားဖို့မတန်ပါဘူး။
အထူးသဖြင့်မိသားစုရဲ့သဘောအကျဆုံး မိသားစုဝင်လေးတွေကိုပေါ့။ ဒါဆိုရင် သူတို့ဘယ်လိုမြည်းစမ်းကြတာလဲ။ စိတ်မပူပါနဲ့။ မြည်းစမ်းတဲ့သူတွေက တိရစ္ဆာန်အစာတွေကိုမျိုမချကြပါဘူး။
သူတို့က အနည်းအကျဥ်းကိုသာပါးစပ်ထဲထည့်ပြီး အရသာမြည်းစမ်းကာ ထွေးထုတ်ကြပါတယ်။ ပြီးတော့နောက်ထပ် အစမ်းအစာတွေကို မြည်းကြပါတယ်။
သေချာပြောရရင်တော့ ဒီဟာက အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပါတယ်။ များသောအားဖြင့် သူတို့ဟာ တိရစ္ဆာန်အစာကိုဘယ်လို တိုးမြှင့်ပြီးလုပ်ဆောင်ရမလဲဆိုတဲ့ မေးခွန်းတွေအတွက် အကြံဉာဏ်အသစ်တွေ တီထွင်ရပြီး မှတ်တမ်းရေးကြရပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext