TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■တာဝေးပစ်ရာသီစုံသုံးနိုင်ပြီးအသံထက်နှေးတဲ့ cruise missile

Navy dot mil(နေဗီ ဒေါ့ မေးလ်) ရဲ့ ပြောကြားချက်အရ Tomahawk land attack missile(တွန် မဟွတ် လန်း အတက်ခ် မစ်ဆိုင်း) TLAM ဟာ မြေပြင်စစ်ပွဲကြီးတွေမှာ အသုံးပြုတဲ့ တာဝေးပစ် ရာသီစုံသုံးနိုင်ပြီးအသံထက်နှေးတဲ့ခရူးမစ်ဆိုင်း ဖြစ်ပါတယ်။ U.S navy surface warship(ဆာဖေ့ ဝါးရှစ်) နဲ့ U.S navy၊ ယူနိုက်တက်ကင်းဒန်း ရွိုင်ရယ် နေဗီ ဆပ်မရိန်း တို့မှ ထုတ်လုပ်ထားတာပါ။

Tomahawk cruise missile တွေကို အမြင့်ပေနိမ့်နိမ့်မှာ အသံထက်နှေးတဲ့မြန်နှုန်းနဲ့ ပျံသန်းနိုင်အောင် ဒီဇိုင်းဆွဲထားတာဖြစ်ပြီး မစ်ရှင် တေလာ ဂိုက်ဒန့် စစ်စတမ် ကိုအသုံးပြုကာ ရှောင်တိမ်းတဲ့လမ်းကြောင်းနဲ့ မောင်းနှင်ပါတယ်။ Tomahawk ကို တခြားလက်နက်တွေနဲ့ကွဲပြားစေတာကတော့ သူ့ရဲ့ အရွယ်အစား၊မြန်နှုန်း၊ ပစ်ခတ်နိုင်တဲ့အကွာအဝေး နဲ့ အာကာသဝေဟင် လမ်းကြောင်း စတာတွေပေါင်းစပ်ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။

လေယာဉ်တစ်စီးကနေ ဗုံးရာပေါင်းများစွာ ကြဲချတာက အားပြင်းပေမဲ့ မတိကျပါဘူး။ဗုံးအမြောက်အများကြဲတဲ့နေရာမှာ လေယာဉ်မှူးနဲ့ အမှုထမ်းတွေလိုအပ်တာကြောင့် ဒါက သူတို့အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ scud(စကတ်)လို ဘဲလစ်စတစ် မစ်ဆိုင်းတွေက ပိုပြီးမြန်မြန်နဲ့ ဝေးဝေး ပစ်နိုင်ပါတယ်။ဒါပေမဲ့ ပိုပြီးကြီးမားတဲ့ ဒုံးလွှတ်စင်နဲ့ လောင်စာဆီအများကြီး လိုအပ်တာပါ။ဆိုလိုတာကတော့ သူတို့ကို ပြောင်းလဲတပ်ဆင်ပြီး အသုံးမပြုနိုင်ပါဘူး။

Tomahawk တွေကပိုသေးငယ်ပြီး တခြားဒုံးကျည်တွေထက် ပိုနိမ့်နိမ့်ပျံသန်းနိုင်တာကြောင့် သတိပြုမိဖို့ရာနဲ့ ကြားဖြတ်တိုက်ခိုက်ဖို့ရာ ခက်ပါတယ်။အစပိုင်းတုန်းကတော့ tomahawk missile မှာ သမားရိုးကျဒုံးကျည်ထိပ်ဖူးနဲ့ တိုက်သင်္ဘောဖျက်ဒုံးကျည် တစ်စီး၊ နျူကလီးယားကျည်ထိပ်ဖူးနဲ့ ရိုးရိုးကျည်ထိပ်ဖူးတပ်ဆင်ထားတဲ့ မြေပြင်ပစ်ခတ်ရေးဒုံးကျည်နှစ်စီး ဆိုပြီး သုံးမျိုး ရှိတာပါ။

ယနေ့ခေတ်မှာတော့ မြေပြင်ပစ်ခတ်ရေး သမားရိုးကျ ဒုံးကျည်ထိပ်ဖူး အမျိုးအစားတစ်ခုတည်းကို အသုံးပြုနေတာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext