တာလီဘန်တွေ တိုးတက်ယဉ်ကျေးလာမှာကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းက သံတမန်ဆက်ဆံနိုင်ဟု ပူတင်ပြော

News

တာလီဘန်တွေ တိုးတက်ယဉ်ကျေးလာမှာကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းက သံတမန်ဆက်ဆံနိုင်ဟု ပူတင်ပြော

တာလီဘန်တွေဟာ ‘တိုးတက်ယဉ်ကျေး’တဲ့ အဆင့် အတန်း ရှိလာမှာဖြစ်ပြီး ဒီအတွက်ကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ အာဖဂန်နစ္စတန်နဲ့ သံတမန်ဆက်ဆံရေး ဆက်လက်ကျင့်သုံးသွားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ရုရှသမ္မတ ဗလာဒီမာပူတင်က သောကြာနေ့မှာ ပြောပါတယ်။

“အာဖဂန်နစ္စတန် တစ်စစီ ပြိုကွဲမှာကို ရုရှက မလိုဘူး၊ အဲဒီလို ဖြစ်လာခဲ့ရင် နောက်ပိုင်းမှာ ဘယ်သူမှ ပြောနိုင်ဆိုင် ရှိတော့မှာ မဟုတ်ဘူး” လို့ ပူတင်က ဆိုပါတယ်။ရုရှ အရှေ့ဖျား ဗလာဒီဗိုစတော့ခ်မှာ ပြုလုပ်တဲ့ အရှေ့ပိုင်း စီးပွားရေးဖိုရမ်ရဲ့ မျက်နှာစုံ ညီ အစည်းအဝေးမှာ ပူတင်က ပြောဆိုတာပဲ ဖြစ်ပါတယ်။

“မကြာခင်မှာပဲ တာလီဘန်တွေဟာ ယဉ် ကျေးတဲ့ ပြည်သူ့ မိသားစုတွေထဲ ရောက်လာတော့မယ်။ ဒါကြောင့် ပြောဆိုဆွေးနွေးဖို့ဆို ပို လွယ်ကူအဆင်ပြေလာမယ်၊ ထိတွေ့ဆက်ဆံဖို့၊ ဆက်သွယ်ပြောဆိုဖို့နဲ့ မေးခွန်းတွေ ထုတ်ဖို့ ပိုလွယ်လိမ့်မယ်” လို့ ပူတင်က ဖြည့်စွက်ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့လက အပြီးသတ် ရုပ်သိမ်းမှုဟာ ‘ကပ်ဘေးသဖွယ်’ အဆုံးသတ် ဖြစ်ခဲ့ရတယ်လို့လည်း ကာလရှည် ရုရှခေါင်းဆောင်က ပြောပါတယ်။“အမေရိကန်တွေက စစ်ဆင်ရေးကြီး တစ်ခုလုံးအတွက် ဒေါ်လာ ၁ ဒသမ ၅ သန်း သုံးစွဲခဲ့ရတယ်၊ ဘာများ ရလဒ်ထွက်သလဲ၊ ဘာမှကို ရလဒ်မပေါ်ဘူး” လို့ ပူတင်က ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ အခု နွေက အာဏာသိမ်းလိုက်တဲ့ တာလီဘန်အုပ်စုနဲ့ ပတ်သက်ဆက်ဆံမှုကို ရုရှနိုင်ငံဟာ သတိနဲ့ ဖော်ဆောင်နေပါတယ်။အာဏာသိမ်းပြီး ရက်အနည်းငယ်အတွင်းမှာပဲ တာလီဘန်ကိုယ်စားလှယ်တွေနဲ့ အာဖဂန်ဆိုင်ရာ ရုရှသံအမတ်ကြီးက တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ နိုင်ငံအတွင်း လုံခြုံရေးအခြေအနေ ဆိုးဝါးလာတာကြောင့် ရုရှဟာ သူ့နိုင် ငံသားတွေနဲ့ ဆိုဗီယက်ဟောင်း နိုင်ငံအချို့က နိုင်ငံသားတွေကို ကယ်ထုတ်မှု စတင်ဆောင်ရွက်ခဲ့ပါတယ်။နိုင်ငံရေး ဖရိုဖရဲအခြေအနေကို အသုံးချပြီး အစွန်း ရောက်အုပ်စုတွေက ဒုက္ခသည်တွေအဖြစ် ဟန်ဆောင်ပြီး အိမ်နီးချင်းနိုင်ငံတွေထဲ ဝင်ရောက်နေကြောင်း ရုရှက သတိပေးထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာ ရုရှစစ်စခန်းတွေ ချထားတဲ့ ဆိုဗီယက်ဟောင်း သုံးနိုင်ငံနဲ့ နယ်စပ်ထိစပ်လျက် ရှိနေတာ ဖြစ်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

တာလီဘန္ေတြ တိုးတက္ယဥ္ေက်းလာမွာေၾကာင့္ ကမၻာ့အသိုင္းအဝိုင္းက သံတမန္ဆက္ဆံနိုင္ဟု ပူတင္ေျပာ

တာလီဘန္ေတြဟာ ‘တိုးတက္ယဥ္ေက်း’တဲ့ အဆင့္ အတန္း ရွိလာမွာျဖစ္ၿပီး ဒီအတြက္ေၾကာင့္ ကမၻာ့အသိုင္းအဝိုင္းအေနနဲ႔ အာဖဂန္နစၥတန္နဲ႔ သံတမန္ဆက္ဆံေရး ဆက္လက္က်င့္သုံးသြားနိုင္မယ္လို႔ ေမၽွာ္လင့္ထားေၾကာင္း ႐ုရွသမၼတ ဗလာဒီမာပူတင္က ေသာၾကာေန႔မွာ ေျပာပါတယ္။

“အာဖဂန္နစၥတန္ တစ္စစီ ၿပိဳကြဲမွာကို ႐ုရွက မလိုဘူး၊ အဲဒီလို ျဖစ္လာခဲ့ရင္ ေနာက္ပိုင္းမွာ ဘယ္သူမွ ေျပာနိုင္ဆိုင္ ရွိေတာ့မွာ မဟုတ္ဘူး” လို႔ ပူတင္က ဆိုပါတယ္။႐ုရွ အေရွ႕ဖ်ား ဗလာဒီဗိုစေတာ့ခ္မွာ ျပဳလုပ္တဲ့ အေရွ႕ပိုင္း စီးပြားေရးဖိုရမ္ရဲ့ မ်က္ႏွာစုံ ညီ အစည္းအေဝးမွာ ပူတင္က ေျပာဆိုတာပဲ ျဖစ္ပါတယ္။

“မၾကာခင္မွာပဲ တာလီဘန္ေတြဟာ ယဥ္ ေက်းတဲ့ ျပည္သူ႔ မိသားစုေတြထဲ ေရာက္လာေတာ့မယ္။ ဒါေၾကာင့္ ေျပာဆိုေဆြးေႏြးဖို႔ဆို ပို လြယ္ကူအဆင္ေျပလာမယ္၊ ထိေတြ႕ဆက္ဆံဖို႔၊ ဆက္သြယ္ေျပာဆိုဖို႔နဲ႔ ေမးခြန္းေတြ ထုတ္ဖို႔ ပိုလြယ္လိမ့္မယ္” လို႔ ပူတင္က ျဖည့္စြက္ေျပာပါတယ္။

အာဖဂန္နစၥတန္နိုင္ငံကေန အေမရိကန္တပ္ဖြဲ႕ဝင္ေတြ ၿပီးခဲ့တဲ့လက အၿပီးသတ္ ႐ုပ္သိမ္းမႈဟာ ‘ကပ္ေဘးသဖြယ္’ အဆုံးသတ္ ျဖစ္ခဲ့ရတယ္လို႔လည္း ကာလရွည္ ႐ုရွေခါင္းေဆာင္က ေျပာပါတယ္။“အေမရိကန္ေတြက စစ္ဆင္ေရးႀကီး တစ္ခုလုံးအတြက္ ေဒၚလာ ၁ ဒသမ ၅ သန္း သုံးစြဲခဲ့ရတယ္၊ ဘာမ်ား ရလဒ္ထြက္သလဲ၊ ဘာမွကို ရလဒ္မေပၚဘူး” လို႔ ပူတင္က ေျပာပါတယ္။

အာဖဂန္နစၥတန္မွာ အခု ေႏြက အာဏာသိမ္းလိုက္တဲ့ တာလီဘန္အုပ္စုနဲ႔ ပတ္သက္ဆက္ဆံမႈကို ႐ုရွနိုင္ငံဟာ သတိနဲ႔ ေဖာ္ေဆာင္ေနပါတယ္။အာဏာသိမ္းၿပီး ရက္အနည္းငယ္အတြင္းမွာပဲ တာလီဘန္ကိုယ္စားလွယ္ေတြနဲ႔ အာဖဂန္ဆိုင္ရာ ႐ုရွသံအမတ္ႀကီးက ေတြ႕ဆုံခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္မွာေတာ့ နိုင္ငံအတြင္း လုံျခဳံေရးအေျခအေန ဆိုးဝါးလာတာေၾကာင့္ ႐ုရွဟာ သူ႔နိုင္ ငံသားေတြနဲ႔ ဆိုဗီယက္ေဟာင္း နိုင္ငံအခ်ိဳ႕က နိုင္ငံသားေတြကို ကယ္ထုတ္မႈ စတင္ေဆာင္ရြက္ခဲ့ပါတယ္။နိုင္ငံေရး ဖရိုဖရဲအေျခအေနကို အသုံးခ်ၿပီး အစြန္း ေရာက္အုပ္စုေတြက ဒုကၡသည္ေတြအျဖစ္ ဟန္ေဆာင္ၿပီး အိမ္နီးခ်င္းနိုင္ငံေတြထဲ ဝင္ေရာက္ေနေၾကာင္း ႐ုရွက သတိေပးထားပါတယ္။

အာဖဂန္နစၥတန္နိုင္ငံဟာ ႐ုရွစစ္စခန္းေတြ ခ်ထားတဲ့ ဆိုဗီယက္ေဟာင္း သုံးနိုင္ငံနဲ႔ နယ္စပ္ထိစပ္လ်က္ ရွိေနတာ ျဖစ္ပါတယ္။