တာလီဘန်တွေတိုးတတ်လာတာနှင့်အမျှ ကသိကအောက် အခြေအနေတွေကို လက်ခံဖို့ အုတ်မြစ်ချနေတဲ့ တရုတ်နိုင်ငံ
ပေကျင်း- ပြီးခဲ့တဲ့လက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တာလီဘန်ခေါင်းဆောင်တစ်ဦး တို့ အတူပုခုံးချင်းယှဉ်ရပ်နေတဲ့ ဓာတ်ပုံတွေ မီဒီယာပေါ်မှာ ပျံနှံ့ခဲ့ပါတယ်၊ တာလီဘန် အရာရှိဟာ ရိုးရာဝတ်စုံကိုဝတ်ထားပြီး ခေါင်းပေါင်းကို ပေါင်းကာ မျက်ခုံးကိုပင့်တင်ထားတာလဲတွေ့ရပါတယ်၊

ထိုအချိန်မှစ၍ တရုတ်နိုင်ငံဟာ ပေကျင်းမှ တာလီဘန်တွေကိုလက်ခံဖို့နဲ့အာဖဂန်နစ္စတန်ကတင်းမာနေတဲ့ အစ္စလာမ် လှုပ်ရှားမှုတွေအတွက် တရားဝင်စစ်အုပ်ချုပ်ရေးစနစ် အရလက်ခံပေးဖို့ တိတ်တဆိတ် ပြင်ဆင်နေတယ်လို့ စတင်ဝါဒဖြန့်ချီခဲ့ပါတယ်၊
“အကယ်၍ သူတို့ဟာ တိုင်းပြည်တခုလုံးကို မထိန်းချုပ်နိုင်ဘူး ဆိုရင်တောင် တာလီဘန်တွေဟာ သိသိသာသာ ထည့်သွင်းတွက်ချက်ရမယ့်အင်အားစုတခုဖြစ်ပါတယ်”လို့တရုတ်နိုင်ငံခြားရေးမူဝါဒ အတွေးအခေါ်နဲ့ အကျွမ်းတဝင်ရှိသူတဦးက လူမှုကွန်ယက်ပေါ် ဝေဖန် ရေးသားခဲ့ပါတယ်၊
ဒါကိုတော့ ကလောင်နာမည် Niutanqinလို့ခေါ်တဲ့ Zither-Playing Cow က သူ့ရဲ့ WeChat Channelမှာ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်၊
သောကြာနေ့မှာ တော့ နိုင်ငံပိုင်စာစောင်ဖြစ်တဲ့ Global Time မှာ အာဖဂန်အတိုက်အခံပါတီခေါင်းဆောင်တစ်ဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့ကြောင်း ဖော်ပြခဲ့ပြီး ထိုခေါင်းဆောင်က “ကြားဖြတ်အစိုးရ ရွေးချယ်ရာတွေ တာလီဘန်တွေပါဝင်သင့်တယ်”လို့ ပြောဆိုခဲ့ပါတယ်၊

အမေရိကန်တပ်ဖွဲ့တွေ ဆုတ်ခွာစဉ်က တာလီဘန်တွေရဲ့ မတည်မငြိမ်ဖြစ်လာတဲ့ အရှိန်အဟုန်တွေဟာ တရုတ် ဘာသာရေးအစွန်းရောက်သမားတွေအတွက် ကသိကအောက်ဖြစ်စေပြီး တာလီဘန်တွေရဲ့ထိန်းချုပ်နယ်မြေအတွင်း ခွဲထွက်ရေးသမားသူပုန်တွေ အချိန်ကြာကြာ ခိုလှုံဖို့အတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်၊
ဒါပေမယ့် တရုတ်ဟာ အခြားသောနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွတ်ဖက်ရေးမူဝါဒကို အလေးအနက်ထားလျက်ရှိပါတယ်၊
Xinjiangမှာ လုံခြုံရေးနဲ့ နယ်မြေ ထိန်းသိမ်းရေးကို တင်းကြပ်ထားလျက်ရှိပြီး အစွန်းရောက်ဝါဒသမားများနဲ့ ခွဲထွက်ရေးသမားတွေကို ကူညီဖို့အတွက် အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးစခန်းတွေကို တည်ဆောက်ထားပါတယ်၊ တရုတ်တွေရဲ့ ဖော်ပြချက်အရ ထိုထိန်းသိမ်းလေ့ကျင့်ရေးစခန်းတွေမှာ Uyghursတိုင်းရင်းသားတွေနဲ့ မွတ်စလင် မျိုးနွယ်တွေ အနည်းဆုံး ၁သန်းခန့် နေထိုင်လျက်ရှိ ကြောင်းသိရပါတယ်၊
2019 ခုနှစ်က တာလီဘန်ကိုယ်စားလှယ်အဖွဲ့နဲ့ သွား ရောက်တွေ့ဆုံခဲ့သည့်အတိုင်း ပြီးခဲ့တဲ့လကတွေ့ဆုံမှုရှိခဲ့ပါတယ်၊သို့ရာတွင် အဖွဲ့အစည်းဟာ အင်အားကြီးလာတာကြောင့် ဝမ်ဟာ “ အာဖဂန်နစ္စတန် ဟာလည်း အလယ်အလတ် အစ္စလာမ် မူဝါဒ ထားရှိနိုင်တယ်”လို့ ဆိုပါတယ်၊

“ ကမ္ဘာ့မီဒီယာရှေ့မှာ Bamiyan ဗုဒ္ဓရုပ်ပွားတော်ကို ဗုံးဖောက်ခွဲခဲ့တာ ဒီတာလီဘန်တွေပဲ မဟုတ်ဖူးလား၊ ကျွန်တော်တို့မှာရော အဓိကအချက်မရှိသင့်ဘူးလား”လို့ တရုတ် နိုင်ငံသားတယောက်ကTwitter ကဲ့သို့ Weiboရဲ့ ဝမ်နဲ့ တာလီဘန်အရာရှိရပ်နေတဲ့ ဓာတ်ပုံ Clipအောက်မှာ မှတ်ချက်ရေးသားခဲ့ပါတယ်၊
တာလီဘန်တွေနဲ့ပတ်သတ်ရာတွင် ပိုမိုအားကောင်းလာတဲ့ တရုတ်ဟာ ရုရှားနဲ့ အမေရိကန်ကဲ့သို့ တိုက်ခိုက်မှုမပြုဘဲ တာလီဘန်တွေအပေါ် ဩဇာသက်ရောက်နိုင်ပါလိမ့်မယ်၊1996-2001ခုနှစ်အတွင်းတာလီဘန်တွေအာဏာရှိစဉ်တုန်းက တရုတ်ဟာ အာဖဂန်နစ္စတန်နဲ့ ဆက်သွယ်မှုကို ဆိုင်းငံ့ထားခဲ့ပြီး 1993 ပြည်တွင်းစစ်အပြီးမှာ သံတမာန်တွေကို နှင်ထုတ်ခဲ့ပါတယ်၊
“ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းပဲပြောချင်တယ်၊ ခင်ဗျားတို့နိုင်ငံကို ဘယ်လိုအုပ်ချုပ်ချင်သလဲဆိုတာက ခင်ဗျားတို့ကိစ္စဖြစ်တာကြောင့် တရုတ်ကိုတော့ ထိခိုက်လာမျိုးမဖြစ်ပါစေနဲ့”လို့ ရှန်ဟိုင်းFudan တက္ကသိုလ်ရဲ့ အာရှတောင်ပိုင်း ပညာရှင်တဦးLin Minwangကဆိုပါတယ်၊
“တရုတ်ကဲ့သို့ အင်အားကြီးနိုင်ငံ တစ်ခုက တာလီဘန်တွေကို နိုင်ငံရေးအရ တရားဝင်တွေ့ဆုံပေးတယ်ဆိုတာ တာလီဘန်တွေအတွက် သံတမာန်ရေးမှာ ကြီးမားတဲ့ အောင်မြင်မှုတခုရလိုက်တာပဲ”လို့ Lin ကပြောပါတယ်၊

နိုင်ငံပိုင် မီဒီယာ ဌာနတွေက ယခုနှစ်ပတ်အတွင်း အာဖဂန်နစ္စတန်ဟာ အင်ပါယာတွေရဲ့ သင်္ချိုင်းဖြစ်ပြီး Great Gameအတွက် လက်တွန့်မနေဖို့ အတွက် တရုတ်က သတိပေးတဲ့အကြောင်းကို မီးမောင်းထိုးကာ ဖော်ပြခဲ့ပါတယ်၊ဒါ့အပြင် တရုတ်က အာဖဂန်နစ္စတန်ကို တပ်သားတွေစေလွတ်ခဲ့တယ်ဆိုတဲ့သတင်းဟာ မဟုတ်သလို လစ်ဟာနေတဲ့ အင်အားအတွက် အမေရိကန်က အားဖြည့်ခဲ့တယ်ဆိုတဲ့အကြောင်းကလည်း ထင်ယောင်ထင်မှားသာဖြစ်ကြောင်း သတင်းပါးခဲ့ပါသေးတယ်၊
ဝမ်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ တာလီဘန်တွေက တရုတ်ကို စီးပွားရေးကဏ္ဍမှာ ကောင်းကောင်းကစားနိုင်မယ်လို့ မျှော်လင့်နေတယ်လို့ဆိုပါတယ်၊
တရုတ်ဟာ စစ်ပီးခေတ် အာဖဂန်နစ္စဂန်တွေကို စီးပွားရေးအကူအညီနဲ့ ရင်းနှီးမြှပ်နှံမှုတွေပြုလုပ်ကာ နှစ်ဖက်စလုံးကိုအပစ်အခက်ရပ်စဲစေပြီး ငြိမ်းချမ်းရေး ယူဖို့အတွက် မက်လုံးပေးခဲ့ပါတယ်၊

ပြီးခဲ့တဲ့လက ပါကစ္စတန်မှာ ဘတ်စ်ကားပေါ်အသေခံဗုံးခွဲမှုကြောင့် တရုတ် အလုပ်သမား၉ဦးအပါဝင် အလုပ်သမား၁၃ဦးသေဆုံးခဲ့ပါတယ်၊ထိုအခြေအနေဟာ တရုတ်နိုင်ငံရဲ့ ဒေသဆိုင်ရာ မတည်ငြိမ်မှုတွေကို မီးမောင်းထိုးပြနေတာပဲဖြစ်ပါတယ်၊ခုဆိုရင် တရုတ်ဟာ ပဏာမခြေလှမ်းအဖြစ် ပါကစ္စတန်နိုင်ငံမှာ ကြီးမားတဲ့ အခြေခံအဆောက်အအုံစီမံကိန်းကို တည်ဆောက်နေပါတယ်၊
“တရုတ်ရဲ့ အဓိကဦးစားပေးကတော့ ဘာသာရေးအစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေရပ်စဲဖို့ဖြစ်ပါတယ် “လို့ Zhang ကပြောပါတယ်၊
writer:Evelyn
Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team
zawgyi
တာလီဘန္ေတြတိုးတတ္လာတာႏွင့္အမၽွ ကသိကေအာက္ အေျခအေနေတြကို လက္ခံဖို႔ အုတ္ျမစ္ခ်ေနတဲ့ တ႐ုတ္နိုင္ငံ
ေပက်င္း- ၿပီးခဲ့တဲ့လက တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိနဲ႔ တာလီဘန္ေခါင္းေဆာင္တစ္ဦး တို႔ အတူပုခုံးခ်င္းယွဥ္ရပ္ေနတဲ့ ဓာတ္ပုံေတြ မီဒီယာေပၚမွာ ပ်ံႏွံ့ခဲ့ပါတယ္၊ တာလီဘန္ အရာရွိဟာ ရိုးရာဝတ္စုံကိုဝတ္ထားၿပီး ေခါင္းေပါင္းကို ေပါင္းကာ မ်က္ခုံးကိုပင့္တင္ထားတာလဲေတြ႕ရပါတယ္၊
ထိုအခ်ိန္မွစ၍ တ႐ုတ္နိုင္ငံဟာ ေပက်င္းမွ တာလီဘန္ေတြကိုလက္ခံဖို႔နဲ႔အာဖဂန္နစၥတန္ကတင္းမာေနတဲ့ အစၥလာမ္ လႈပ္ရွားမႈေတြအတြက္ တရားဝင္စစ္အုပ္ခ်ဳပ္ေရးစနစ္ အရလက္ခံေပးဖို႔ တိတ္တဆိတ္ ျပင္ဆင္ေနတယ္လို႔ စတင္ဝါဒျဖန႔္ခ်ီခဲ့ပါတယ္၊
“အကယ္၍ သူတို႔ဟာ တိုင္းျပည္တခုလုံးကို မထိန္းခ်ဳပ္နိုင္ဘူး ဆိုရင္ေတာင္ တာလီဘန္ေတြဟာ သိသိသာသာ ထည့္သြင္းတြက္ခ်က္ရမယ့္အင္အားစုတခုျဖစ္ပါတယ္”လို႔တ႐ုတ္နိုင္ငံျခားေရးမူဝါဒ အေတြးအေခၚနဲ႔ အကၽြမ္းတဝင္ရွိသူတဦးက လူမႈကြန္ယက္ေပၚ ေဝဖန္ ေရးသားခဲ့ပါတယ္၊
ဒါကိုေတာ့ ကေလာင္နာမည္ Niutanqinလို႔ေခၚတဲ့ Zither-Playing Cow က သူ႔ရဲ့ WeChat Channelမွာ မွတ္ခ်က္ျပဳခဲ့တာျဖစ္ပါတယ္၊
ေသာၾကာေန႔မွာ ေတာ့ နိုင္ငံပိုင္စာေစာင္ျဖစ္တဲ့ Global Time မွာ အာဖဂန္အတိုက္အခံပါတီေခါင္းေဆာင္တစ္ဦးနဲ႔ ေတြ႕ဆုံေမးျမန္းခဲ့ေၾကာင္း ေဖာ္ျပခဲ့ၿပီး ထိုေခါင္းေဆာင္က “ၾကားျဖတ္အစိုးရ ေရြးခ်ယ္ရာေတြ တာလီဘန္ေတြပါဝင္သင့္တယ္”လို႔ ေျပာဆိုခဲ့ပါတယ္၊
အေမရိကန္တပ္ဖြဲ႕ေတြ ဆုတ္ခြာစဥ္က တာလီဘန္ေတြရဲ့ မတည္မၿငိမ္ျဖစ္လာတဲ့ အရွိန္အဟုန္ေတြဟာ တ႐ုတ္ ဘာသာေရးအစြန္းေရာက္သမားေတြအတြက္ ကသိကေအာက္ျဖစ္ေစၿပီး တာလီဘန္ေတြရဲ့ထိန္းခ်ဳပ္နယ္ေျမအတြင္း ခြဲထြက္ေရးသမားသူပုန္ေတြ အခ်ိန္ၾကာၾကာ ခိုလႈံဖို႔အတြက္ စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္၊
ဒါေပမယ့္ တ႐ုတ္ဟာ အျခားေသာနိုင္ငံေတြရဲ့ ျပည္တြင္းေရးကို ဝင္ေရာက္မစြတ္ဖက္ေရးမူဝါဒကို အေလးအနက္ထားလ်က္ရွိပါတယ္၊
Xinjiangမွာ လုံျခဳံေရးနဲ႔ နယ္ေၿမ ထိန္းသိမ္းေရးကို တင္းၾကပ္ထားလ်က္ရွိၿပီး အစြန္းေရာက္ဝါဒသမားမ်ားနဲ႔ ခြဲထြက္ေရးသမားေတြကို ကူညီဖို႔အတြက္ အသက္ေမြးဝမ္းေက်ာင္းေလ့က်င့္ေရးစခန္းေတြကို တည္ေဆာက္ထားပါတယ္၊ တ႐ုတ္ေတြရဲ့ ေဖာ္ျပခ်က္အရ ထိုထိန္းသိမ္းေလ့က်င့္ေရးစခန္းေတြမွာ Uyghursတိုင္းရင္းသားေတြနဲ႔ မြတ္စလင္ မ်ိဳးႏြယ္ေတြ အနည္းဆုံး ၁သန္းခန႔္ ေနထိုင္လ်က္ရွိ ေၾကာင္းသိရပါတယ္၊
2019 ခုႏွစ္က တာလီဘန္ကိုယ္စားလွယ္အဖြဲ႕နဲ႔ သြား ေရာက္ေတြ႕ဆုံခဲ့သည့္အတိုင္း ၿပီးခဲ့တဲ့လကေတြ႕ဆုံမႈရွိခဲ့ပါတယ္၊သို႔ရာတြင္ အဖြဲ႕အစည္းဟာ အင္အားႀကီးလာတာေၾကာင့္ ဝမ္ဟာ “ အာဖဂန္နစၥတန္ ဟာလည္း အလယ္အလတ္ အစၥလာမ္ မူဝါဒ ထားရွိနိုင္တယ္”လို႔ ဆိုပါတယ္၊
“ ကမၻာ့မီဒီယာေရွ႕မွာ Bamiyan ဗုဒၶ႐ုပ္ပြားေတာ္ကို ဗုံးေဖာက္ခြဲခဲ့တာ ဒီတာလီဘန္ေတြပဲ မဟုတ္ဖူးလား၊ ကၽြန္ေတာ္တို႔မွာေရာ အဓိကအခ်က္မရွိသင့္ဘူးလား”လို႔ တ႐ုတ္ နိုင္ငံသားတေယာက္ကTwitter ကဲ့သို႔ Weiboရဲ့ ဝမ္နဲ႔ တာလီဘန္အရာရွိရပ္ေနတဲ့ ဓာတ္ပုံ Clipေအာက္မွာ မွတ္ခ်က္ေရးသားခဲ့ပါတယ္၊
တာလီဘန္ေတြနဲ႔ပတ္သတ္ရာတြင္ ပိုမိုအားေကာင္းလာတဲ့ တ႐ုတ္ဟာ ႐ုရွားနဲ႔ အေမရိကန္ကဲ့သို႔ တိုက္ခိုက္မႈမျပဳဘဲ တာလီဘန္ေတြအေပၚ ဩဇာသက္ေရာက္နိုင္ပါလိမ့္မယ္၊1996-2001ခုႏွစ္အတြင္းတာလီဘန္ေတြအာဏာရွိစဥ္တုန္းက တ႐ုတ္ဟာ အာဖဂန္နစၥတန္နဲ႔ ဆက္သြယ္မႈကို ဆိုင္းငံ့ထားခဲ့ၿပီး 1993 ျပည္တြင္းစစ္အၿပီးမွာ သံတမာန္ေတြကို ႏွင္ထုတ္ခဲ့ပါတယ္၊
“ကၽြန္ေတာ္တို႔က ပြင့္ပြင့္လင္းလင္းပဲေျပာခ်င္တယ္၊ ခင္ဗ်ားတို႔နိုင္ငံကို ဘယ္လိုအုပ္ခ်ဳပ္ခ်င္သလဲဆိုတာက ခင္ဗ်ားတို႔ကိစၥျဖစ္တာေၾကာင့္ တ႐ုတ္ကိုေတာ့ ထိခိုက္လာမ်ိဳးမျဖစ္ပါေစနဲ႔”လို႔ ရွန္ဟိုင္းFudan တကၠသိုလ္ရဲ့ အာရွေတာင္ပိုင္း ပညာရွင္တဦးLin Minwangကဆိုပါတယ္၊
“တ႐ုတ္ကဲ့သို႔ အင္အားႀကီးနိုင္ငံ တစ္ခုက တာလီဘန္ေတြကို နိုင္ငံေရးအရ တရားဝင္ေတြ႕ဆုံေပးတယ္ဆိုတာ တာလီဘန္ေတြအတြက္ သံတမာန္ေရးမွာ ႀကီးမားတဲ့ ေအာင္ျမင္မႈတခုရလိုက္တာပဲ”လို႔ Lin ကေျပာပါတယ္၊
နိုင္ငံပိုင္ မီဒီယာ ဌာနေတြက ယခုႏွစ္ပတ္အတြင္း အာဖဂန္နစၥတန္ဟာ အင္ပါယာေတြရဲ့ သခၤ်ိဳင္းျဖစ္ၿပီး Great Gameအတြက္ လက္တြန႔္မေနဖို႔ အတြက္ တ႐ုတ္က သတိေပးတဲ့အေၾကာင္းကို မီးေမာင္းထိုးကာ ေဖာ္ျပခဲ့ပါတယ္၊ဒါ့အျပင္ တ႐ုတ္က အာဖဂန္နစၥတန္ကို တပ္သားေတြေစလြတ္ခဲ့တယ္ဆိုတဲ့သတင္းဟာ မဟုတ္သလို လစ္ဟာေနတဲ့ အင္အားအတြက္ အေမရိကန္က အားျဖည့္ခဲ့တယ္ဆိုတဲ့အေၾကာင္းကလည္း ထင္ေယာင္ထင္မွားသာျဖစ္ေၾကာင္း သတင္းပါးခဲ့ပါေသးတယ္၊
ဝမ္နဲ႔ ေတြ႕ဆုံၿပီးတဲ့ေနာက္မွာ တာလီဘန္ေတြက တ႐ုတ္ကို စီးပြားေရးက႑မွာ ေကာင္းေကာင္းကစားနိုင္မယ္လို႔ ေမၽွာ္လင့္ေနတယ္လို႔ဆိုပါတယ္၊
တ႐ုတ္ဟာ စစ္ပီးေခတ္ အာဖဂန္နစၥဂန္ေတြကို စီးပြားေရးအကူအညီနဲ႔ ရင္းႏွီးျမႇပ္ႏွံမႈေတြျပဳလုပ္ကာ ႏွစ္ဖက္စလုံးကိုအပစ္အခက္ရပ္စဲေစၿပီး ၿငိမ္းခ်မ္းေရး ယူဖို႔အတြက္ မက္လုံးေပးခဲ့ပါတယ္၊
ၿပီးခဲ့တဲ့လက ပါကစၥတန္မွာ ဘတ္စ္ကားေပၚအေသခံဗုံးခြဲမႈေၾကာင့္ တ႐ုတ္ အလုပ္သမား၉ဦးအပါဝင္ အလုပ္သမား၁၃ဦးေသဆုံးခဲ့ပါတယ္၊ထိုအေျခအေနဟာ တ႐ုတ္နိုင္ငံရဲ့ ေဒသဆိုင္ရာ မတည္ၿငိမ္မႈေတြကို မီးေမာင္းထိုးျပေနတာပဲျဖစ္ပါတယ္၊ခုဆိုရင္ တ႐ုတ္ဟာ ပဏာမေျခလွမ္းအျဖစ္ ပါကစၥတန္နိုင္ငံမွာ ႀကီးမားတဲ့ အေျခခံအေဆာက္အအုံစီမံကိန္းကို တည္ေဆာက္ေနပါတယ္၊
“တ႐ုတ္ရဲ့ အဓိကဦးစားေပးကေတာ့ ဘာသာေရးအစြန္းေရာက္မႈနဲ႔ အၾကမ္းဖက္မႈေတြေၾကာင့္ ျဖစ္လာတဲ့ တိုက္ခိုက္မႈေတြရပ္စဲဖို႔ျဖစ္ပါတယ္ “လို႔ Zhang ကေျပာပါတယ္၊
writer:Evelyn
Arkarta.com Copyright © 2021 ကူးယူ ေဖာ္ျပခြင့္ လုံးဝ ခြင့္မျပဳပါ။
သတိေပးေၾကညာခ်က္
Arkarta website မွတင္ဆင္တဲ့သတင္းနဲ႔ေဆာင္းပါးမ်ားကိုကူးယူတင္ဆက္ျခင္းလုံးဝခြင့္မျပဳပါဘူးခင္ဗ်ာ။ကူးယူျခင္းေတြ႕ရွိပါက Facebook instant articleသို႔မဟုတ္Google Adsense monetization ျဖဳတ္ခံရတဲ့အထိReportတင္မွာပါ။တျခားဟာမ်ားလဲေတြ႕ရွိပါကအထက္ပါအတိုင္းလုပ္မွာပါ။တျခားေနရာမ်ားႏွင့္Facebook pageသို႔မဟုတ္ကိုယ္ပိုင္Profileမွာလဲကူးယူေဖၚျပခြင့္မျပဳပါဘူး။မိတ္ေဆြတို႔စိတ္ႀကိဳက္တိုက္ရိုက္share ျခင္းျဖင့္သာကူညီၾကပါခင္ဗ်ာ။
မိတ္ေဆြတို႔ရဲ့
Admin Team