တာလီဘန်တွေက အမေရိကန်စစ်ဘက်လေယာဉ်ကို ကစားစရာလိုဆော့နေတဲ့ ဗီဒီယိုဖိုင်နဲ့ ဝါရှင်တန်ကို လှောင်ပြောင်ခဲ့တဲ့ တရုတ်အကြီးတန်းအရာရှိ

News

တာလီဘန်တွေက အမေရိကန်စစ်ဘက်လေယာဉ်ကို ကစားစရာလိုဆော့နေတဲ့ ဗီဒီယိုဖိုင်နဲ့ ဝါရှင်တန်ကို လှောင်ပြောင်ခဲ့တဲ့ တရုတ်အကြီးတန်းအရာရှိ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုခွင့်ရသူ Lijian Zhao ဟာ အာဖဂန်ကနေ အမေရိကန်တို့ ထွက်ခွာခဲ့ရမှုအပေါ် လှောင်ပြောင်တယ်လို့ ယူဆရတဲ့ လုပ် ရပ်တစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။အမေရိကန်တို့ စွန့်ပစ်ထားခဲ့တဲ့ လေယာဉ်တစ်စီးပေါ်မှာ တာလီဘန်တွေက ကစားစရာအရုပ်ပေါ် တက်ဆော့နေတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို သူက ပြန်လည်ပြီး Share လုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဗီဒီယိုမှာတော့ တာလီဘန်တွေဟာ လေယာဉ်ကို အရုပ်တစ်ခုလိုပုံစံပြောင်းပြီး အော်ဟစ်ပျော်ရွှင်ကာ ကစားနေတာကို မြင်တွေ့ခဲ့ရပါတယ်။ “အင်ပါယာတွေရဲ့ သချိုင်းနဲ့ သူတို့ရဲ့ စစ်ဘက်သုံးစက်ပစ္စည်းတွေပဲ၊ တာလီဘန်တွေက သူတို့ရဲ့လေယာဉ်တွေကို အရုပ်တွေလို ပြောင်းလဲခဲ့တာပဲ” လို့ Zhao က ရေးသားပြီး တွစ်တာမှာ Share ခဲ့တာဖြစ်ပါတယ်။

လေ့လာသူတွေကတော့ တရုတ်ဟာ တာလီဘန်တွေကို ထောက်ပံ့ပေးမှုတွေ ပိုမိုမြင့်တက်နေတယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုနဲ့ပတ်သက်ရင် တရုတ်နဲ့တာလီဘန်တို့ကြား လုပ်ထုံးလုပ်နည်းတွေဟာ တူညီမှုရှိနေသလို ပြည်သူတွေကို ဆက်ဆံတဲ့အခါမှာလည်း ဆင်တူတယ်လို့ DW သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကဘူးလ်ကို တာလီဘန်တို့ မသိမ်းပိုက်ခင်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နဲ့ တာလီဘန်အဖွဲ့ဝင် ၉ ဦးတို့ တီယန်ကျင်းမှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ တရုတ်က အာဖဂန်မှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းစဉ်ကို ကူညီပေးဖို့ ကတိပြုထားပြီး အပြန်အလှန်အားဖြင့် အာဖဂန်မြေပေါ်ကနေ တရုတ်အကျိုးစီးပွားထိခိုက်စေမယ့်အရာတွေကို ပြုလုပ်ခွင့်မပေးဘူးလို့ တာလီဘန်တို့ကလည်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ ပြိုင်ဆိုင်မှုကနေ ပဋိပက္ခအသွင်မပြောင်းလဲစေဖို့ ဖုန်းဆက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ Lijian Zhao ရဲ့ လူမှုကွန်ရက်ပေါ်က လုပ်ဆောင်မှုဟာ ဘယ်လိုရည် ရွယ်သလဲဆိုတာ အတိအကျမသိရပေမယ့် သတင်းဌာနအများစုကတော့ အမေရိကန်ရဲ့ ကျရှုံးမှုကို လှောင် ပြောင်တာလို့ ယူဆခဲ့ကြပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

တာလီဘန္ေတြက အေမရိကန္စစ္ဘက္ေလယာဥ္ကို ကစားစရာလိုေဆာ့ေနတဲ့ ဗီဒီယိုဖိုင္နဲ႔ ဝါရွင္တန္ကို ေလွာင္ေျပာင္ခဲ့တဲ့ တ႐ုတ္အႀကီးတန္းအရာရွိ

တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနရဲ့ ေျပာဆိုခြင့္ရသူ Lijian Zhao ဟာ အာဖဂန္ကေန အေမရိကန္တို႔ ထြက္ခြာခဲ့ရမႈအေပၚ ေလွာင္ေျပာင္တယ္လို႔ ယူဆရတဲ့ လုပ္ ရပ္တစ္ခုကို ျပဳလုပ္သြားခဲ့ပါတယ္။အေမရိကန္တို႔ စြန႔္ပစ္ထားခဲ့တဲ့ ေလယာဥ္တစ္စီးေပၚမွာ တာလီဘန္ေတြက ကစားစရာအ႐ုပ္ေပၚ တက္ေဆာ့ေနတာကို ရိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္တစ္ခုကို သူက ျပန္လည္ၿပီး Share လုပ္ခဲ့တာျဖစ္ပါတယ္။

Video ၾကည့္ရန္

အဆိုပါဗီဒီယိုမွာေတာ့ တာလီဘန္ေတြဟာ ေလယာဥ္ကို အ႐ုပ္တစ္ခုလိုပုံစံေျပာင္းၿပီး ေအာ္ဟစ္ေပ်ာ္ရႊင္ကာ ကစားေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ “အင္ပါယာေတြရဲ့ သခ်ိဳင္းနဲ႔ သူတို႔ရဲ့ စစ္ဘက္သုံးစက္ပစၥည္းေတြပဲ၊ တာလီဘန္ေတြက သူတို႔ရဲ့ေလယာဥ္ေတြကို အ႐ုပ္ေတြလို ေျပာင္းလဲခဲ့တာပဲ” လို႔ Zhao က ေရးသားၿပီး တြစ္တာမွာ Share ခဲ့တာျဖစ္ပါတယ္။

ေလ့လာသူေတြကေတာ့ တ႐ုတ္ဟာ တာလီဘန္ေတြကို ေထာက္ပံ့ေပးမႈေတြ ပိုမိုျမင့္တက္ေနတယ္လို႔ ဆိုပါတယ္။ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုမႈနဲ႔ပတ္သက္ရင္ တ႐ုတ္နဲ႔တာလီဘန္တို႔ၾကား လုပ္ထုံးလုပ္နည္းေတြဟာ တူညီမႈရွိေနသလို ျပည္သူေတြကို ဆက္ဆံတဲ့အခါမွာလည္း ဆင္တူတယ္လို႔ DW သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

ကဘူးလ္ကို တာလီဘန္တို႔ မသိမ္းပိုက္ခင္ကလည္း တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဝမ္ယိ နဲ႔ တာလီဘန္အဖြဲ႕ဝင္ ၉ ဦးတို႔ တီယန္က်င္းမွာ ေတြ႕ဆုံခဲ့ၾကပါေသးတယ္။ တ႐ုတ္က အာဖဂန္မွာ ၿငိမ္းခ်မ္းေရးနဲ႔ ျပန္လည္ထူ ေထာင္ေရးလုပ္ငန္းစဥ္ကို ကူညီေပးဖို႔ ကတိျပဳထားၿပီး အျပန္အလွန္အားျဖင့္ အာဖဂန္ေျမေပၚကေန တ႐ုတ္အက်ိဳးစီးပြားထိခိုက္ေစမယ့္အရာေတြကို ျပဳလုပ္ခြင့္မေပးဘူးလို႔ တာလီဘန္တို႔ကလည္း အခိုင္အမာေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကေတာ့ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္ နဲ႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔ ၿပိဳင္ဆိုင္မႈကေန ပဋိပကၡအသြင္မေျပာင္းလဲေစဖို႔ ဖုန္းဆက္ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ Lijian Zhao ရဲ့ လူမႈကြန္ရက္ေပၚက လုပ္ေဆာင္မႈဟာ ဘယ္လိုရည္ ရြယ္သလဲဆိုတာ အတိအက်မသိရေပမယ့္ သတင္းဌာနအမ်ားစုကေတာ့ အေမရိကန္ရဲ့ က်ရႈံးမႈကို ေလွာင္ ေျပာင္တာလို႔ ယူဆခဲ့ၾကပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။