
ကဘူးလ်၊ သြဂုတ် ၂၂
တာလီဘန်တို့၏ ဘာဒရီ ၃၁၃(Badri 313) တပ်ရင်းသည် အမေရိကန်တို့၏ စစ်လက်နက်များနှင့် စစ်ဝတ်များကို ကိုင်ဆောင်ဝတ်ဆင်၍ ကဘူးလ်မြို့တွင် အင်အားပြလှည့်လှည်ခဲ့ကြသည်။

ထို့အပြင် ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တို့ အိုင်အိုဂျီးမားကျွန်းကိုသိမ်းစဉ် အမေရိကန်အလံကို စိုက်ထူခဲ့သည့်အတိုင်းလည်း ပြန်လည်သရုပ်ပြခဲ့ကြသည်။



ထိုသို့လှည့်လည်သရုပ်ပြခြင်းကို တာလီဘန်တို့က စည်းရုံးရေးဗီဒီယိုတစ်ခုရိုက်၍ ထုတ်လွှင်ခဲ့ကြကြောင်းသိရသည်။
ယင်း စက်လက်နက်များနှင့် စစ်ဝတ်များသည် ကဘူးမြို့ကို သိမ်းပိုက်စဉ် အမေရိကန်နှင့် မဟာမိတ်တပ်များ၏ ဂိုဒေါင်များမှ ယူငင်သွားကြခြင်းဖြစ်သည်ဟု အချို့ကဆိုကြသည်။
credit:Popular News Journal