တရုပ်ရဲ့ကာကွယ်ရေးဥပဒေသစ်တနည်းတရုတ်တို့ရဲ့အကွက်ရွေ့မှုအသစ်

News

တရုပ်ဟာသူ့ဗဟိုစစ်ကော်မရှင်ရဲ့သြဇာအာဏာကိုပိုပြီးချဲ့ထွင်လိုက်ပါတယ်ဗဟိုစစ်ကော်မရှင်ဟာရှီကျင့်ဖျင်ခေါင်းဆောင်တဲ့ကော်မရှင်ပါစစ်ကော်မရှင်ဟာစစ်တပ်ကိုထိန်းချုပ်စည်းရုံးရေးရေး နိုင်ငံတော်အမျိုးသားအကျိုးစီးပွားအတွက် ကာကွယ်ရေးကဏ္ဍမှာပါဝင်ပတ်သက်နေတဲ့ပြည်တွင်းပြည်ပကအရပ်ဖက်သယံဇာတအရင်းအမြစ်တွေကို ထိန်းချုပ်ကွပ်ကဲရေးတို့ကိုလုပ်ပါတယ် အမျိုးသားကာကွယ်ရေးဥပဒေကိုပြန်လည် ပြင်ဆင်ထားတဲ့ဥပဒေသစ်ဟာ ၂၀၂၁ ဇန်နဝါရီလ၁ရက်နေ့ မှာ အသက်ဝင်ခဲ့ပါတယ်
ကာကွယ်ရေးကိစ္စတွေနဲ့တပ်ကိစ္စတွေမှာမူဝါဒချမှတ်ပေးနေကျ နိုင်ငံတော်ကောင်စီနဲ့ တရုပ်အစိုးရအဖွဲ့ ရဲ့ ပါဝင်မှုအခန်းကဏ္ဍကိုလျော့ချပစ်လိုက်တာဖြစ်ပြီး အဆုံးအဖြတ်ပေးရမယ့် အာဏာကို ဗဟိုစစ်ကော်မရှင်ဆီကို လွှဲပေးခဲ့တဲ့ပြင်ဆင်မှုဖြစ်ပါတယ်

ဥပဒေမှာပထမဆုံးအဖြစ်နဲ့ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကိုကာကွယ်ပေးတဲ့ ဥပဒေကိုထည့်သွင်းခဲ့ပါတယ် ဥပဒေမှာ အမျိုးသားကာကွယ်ရေးအတွက်
နိုင်ငံတဝှမ်းလုံးက ပူးပေါင်းပါဝင်ညှိနှိုင်းဆောင်ရွက်ရမယ့် ယန္တရားကိုထည့်သွင်းထားပါတယ် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ သမားရိုးကျလက်နက်ဆိုင်ရာ နည်းပညာသစ်တွေ ဆိုင်ဘာလုံခြုံမှုဆိုင်ရာနည်းပညာသစ်တွေ အာကာသနဲ့ အီလက်ထရိုမက်ဂနက်တစ်ဆိုင်ရာနည်းပညာသစ်တွေအတွက် သုတေသနပြုမှုတွေကို
ပူးပေါင်းညှိနှိုင်းလုပ်ဆောင်သွားကြရမှာဖြစ်ပြီး ဗဟိုစစ်ကော်မရှင်က ထိန်းချုပ်ကွပ်ကဲမှုလုပ်ပါမယ်လို့ပါဝင်ပါတယ်

စစ်ရေးနဲ့နိုင်ငံရေး လေ့လာသူတွေကတော့ ရှီကျင့်ဖျင်လက်အောက်ကို စစ်တပ်ရောက်သွားအောင်လုပ်တာ ဖြစ်ပြီး နိုင်ငံမှာစစ်ရေးခေါင်းဆောင်မှုကို ရှီကျင့်ဖျင်ကယူလိုက်တာပါပဲလို့
ဆိုကြပါတယ် တင်းမာမှုတွေဆက်တိုက်ဖြစ်နေတဲ့တရုပ်အမေရိကန်ဆက်ဆံရေးမှာ ပေါ်ပေါက်နေတဲ့ စိမ်ခေါ်မှုတွေအပေါ် တုန့်ပြန်ဖို့အတွက်တရားဝင်လုပ်ပိုင်ခွင့်ရှိတဲ့အခြေအနေကိုဖန်တီးပေးလိုက်တာလို့ပြောကြပါတယ် စစ်ဖက်ဥပဒေပညာရှင် Zeng Zhiping ဆိုသူကတော့
နိုင်ငံတော်ကောင်စီ ရဲ့ စစ်တပ်အပေါ်မှာ ရှိတဲ့အာဏာလျောကျသွားတာဖြစ်ပါတယ် နိုင်ငံတော်ကောင်စီဟာ တပ်ကိုတိုက်ရိုက်ကွပ်ကဲ
ခွင့်မရှိတော့ဘူးလို့ပြောပါတယ်

” အခုဆိုရင်ဗဟိုစစ်ကော်မရှင်ဟာ အမျိုးသားကာကွယ်ရေးမူဝါဒနဲ့ အခြေခံသဘောတရားတွေ အတွက် လုံးဝကြီးတာဝန်ယူလိုက်ပြီဆိုတော့ နိုင်ငံတော်ကောင်စီဟာ စစ်တပ်ကိုအထောက်အပံ့ပေးရုံသာရှိတော့တဲ့အေဂျင်စီ သာသာပဲဖြစ်သွားပါတယ်”လို့ သူကပြောပါတယ်
Zeng Zhiping ဟာ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးတစ်ယောက်လည်းဖြစ်ပါတယ်
” အစ္စရေးတို့ဂျာမဏီပြင်သစ်တို့လို တိုးတက်တဲ့နိုင်ငံတွေနဲ့ယှဥ်ပြီးပြောရရင်တော့ တခြားစီလို့ပဲပြောရမှာပေါ့ဗျာ
သူတို့ကတော့ စစ်တပ်ကိုအရပ်ဖက်အုပ်ချုပ်ရေးအောက်မှာပဲ ထားဖို့ပိုနှစ်သက်ကြပါတယ်
အမေရိကန်မှာဆိုရင် အရပ်ဖက်ကဦးဆောင်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန က စစ်ဗိုလ်ချုပ်ကြီးတွေထက်ပိုပြီး အရေးပါပြီးအဆုံးအဖြတ်ပေးပါတယ်
ပူးတွဲစစ်ဦးစီးချုပ်တွေရဲ့အထက်မှာ ရှိပါတယ် ” လို့SCMP ကိုပြောပြခဲ့ပါတယ်

တိုင်ပေအခြေစိုက် စစ်ရေးကျွမ်းကျင်ပညာရှင် Chi Le-yi ကတော့
“ဥပဒေပြင်ဆင်ချက်ဟာ ဘာကိုမီးမောင်းထိုးထားသလဲ ဆိုရင် အမျိုးသားရေးကိုဖျက်လိုဖျက်ဆီးဖြစ်စေတဲ့ ကိစ္စတွေမှာ စစ်တပ်ကိုအသုံးချပြီးဖိနှိပ်ဖို့ ဆိုတာကိုအသားပေးထားတယ် ဒါဟာ တိုင်ဝမ်ကို ပစ်မှတ်ထားလိုက်တာပါပဲ သူတို့ကတိုင်ဝမ်ဟာ သူ့ရဲ့ပိုင်နက်ထဲကပြည်နယ်အဖြစ်သတ်မှတ်ထားတယ်လေ ” လို့ အဓိပ္ပာယ်ဖွင့်ပါတယ်
Chi Le-yi ကဆက်ပြောရာမှာ
ဒီဥပဒေသစ်ဟာဘေဂျင်းရဲ့ အမေရိကန်အပေါ် နောက်ဆုံးပေါ် တုန့်ပြန်မှုပါပဲ အမေရိကန်တို့ဟာတရုပ်ရဲ့ ကြီးထွားလာမှုအပေါ်မှာ ဘက်စုံပိတ်ဆို့ရေးမဟာဗျူဟာမူဝါဒနဲ့ ဝိုင်းပတ်လာတာကို တုန့်ပြန်ပြလိုက်တာပါပဲ လို့ပြောပါတယ်

“တရုပ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဟာ ကွန်မြူနစ်ပါတီရဲ့ကာကွယ်ရေးဥပဒေသစ်နဲ့ အပေါ်ကလာတဲ့ရှီကျင့်ဖျင်ရဲ့ ခေါင်းဆောင်မှု
အမိန့်အတိုင်းသွားဖို့ဖိအားပေးခံနေရပါပြီတရုပ်ကွန်မြူနစ်ပါတီဟာဘက်ပေါင်းစုံကလုံခြုံရေးပြဿနာစိမ်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရလို့ဘေးကြပ်နံကြပ်ကာလဖြစ်နေတာကိုသတိပြုမိလာပါတယ် ဒါ့ကြောင့် ရှီကို ဥပဒေသစ်နဲ့ လွှဲပေးလိုက်တယ်လို့ ယူဆရပါတယ်” လို့လည်းပြောပါတယ်

“ဥပဒေပြင်ဆင်ချက်ဟာ တနိုင်ငံလုံးက တရုပ်ပြည်သူတွေကို စစ်ရေးအတွက်အသင့်ပြင်ထားကြပါတော့လို့ ကွန်မြူနစ်ပါတီရဲ့
တပ်လှန့်တဲ့ စည်းရုံးမှုပါပဲ ၁၉၄၉ ခုနှစ်( ကွန်မြူနစ်ပါတီအာဏာရချိန်)ကတည်းကစလို့မလုပ်ခဲ့ဘူးတဲ့ တပြည်လုံးကိုတပ်လှန့်မှုပါပဲ ” လို့ Chi Le-yi ကသုံးသပ်ပါတယ်
ပြင်ဆင်ချက်တွေဟာ အမျိုးသားပြည်သူ့ကွန်ဂရက်က၂၀၂၀ ဒီဇင်ဘာလ၂၆ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်

ဒီပြင်ဆင်ချက်တွေကို ၂နှစ်အချိန်ယူပြီး သုံးသပ်ခဲ့ကြပါတယ်
ဥပဒေ ၃ခုဖယ်ရှားခဲ့တယ် ၅၀ကျော်ကိုပြင်ဆင်တယ် ၆ခုထပ်တိုးခဲ့ပါတယ် ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုစစ်ကော်မရှင် ပြောခွင့်ရသူက
အပြောင်းအလဲတွေဟာ တရုပ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ပိုပြီးရှင်းလင်းပြတ်သားတဲ့ ဦးဆောင်မှုပေးနိုင်လိမ့်မယ်
PLA အနေနဲ့ ခေတ်မီပြီးတိုးတက်မှု ရှိတဲ့ရည်မှန်းချက်ပန်းတိုင်ဆီကို ချီတက်ရာမှာဦးဆောင်မှုကောင်းကို ရစေလိမ့်မယ်လို့ ပြောခဲ့ပါတယ်

စစ်ပြင်ဆင်နေခြင်းကို နှစ်သစ်ဦးမှာ
အတည်ပြုလိုက်တဲ့
တရုပ်ပြည်အကြောင်းပါ

Pi Lon မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

Leave a Reply