တရုပ်နဲ့ ထိုင်ဝမ်

News Social News

တရုပ်နဲ့ ထိုင်ဝမ်

ခုတလော စိတ်ဝင်စားနေကြတဲ့ ထိုင်ဝမ်ကိစ္စနဲ့ ပါတ်သက်ပြီး တင်ပြချင်တာကတော့ စစ်ဖြစ်လာရင် ဘယ်သူက အင်အားသာသလဲ ဆိုတာဖြစ်ပါတယ်။

စစ်ဆိုတာ အင်အားကြီးတာ ငယ်တာနဲ့ တိုင်းတာလို့တော့ အမြဲတန်း မှန်မှာမဟုတ်ပါဘူး။ စာရေးသူက လက်ရှိအနေအထားကို ယှဉ်ပြယုံသက်သက်သာ ဖြစ်ပါတယ်။၊

ကမ်းရိုးတန်းဧရိယာ ၁၅၆၆ ကီလိုမီတာသာရှိတဲ့ ထိုင်ဝမ်ဟာ တရုပ်ရဲ့ ကမ်းရိုးတန်း ၁၄၅၀၀ ကီလိုမီတာထက်နည်းပြီး ထိစပ်နေတဲ့နိုင်ငံ မရှိပါဘူး။ ကျွန်းနိုင်ငံသာ ဖြစ်ပါတယ်။

ပထမဆုံး ရေတပ်အင်အားကို ကြည့်ရအောင်။ ထိုင်ဝမ်မှာ ရေငုပ်သင်္ဘော ၄ စီးသာရှိပြီး တရုပ်မှာ ၇၉ စီးရှိပါတယ်။

ကမ်းခြေသွား အမြောက်တပ်သင်္ဘောက ထိုင်ဝမ်မှာ ၁ စီးသာ ရှိပေမယ့် တရုပ်က ၇၂ စီးပါ။ ဖရီးဂိတ် သင်္ဘော ထိုင်ဝမ်က ၂၂ စီး၊ တရုပ်က ၄၆ စီးပါ။

ဖျက်သင်္ဘောထိုင်ဝမ်မှာ ၄ စီးသာ ရှိပေမယ့် တရုပ်မှာ ၅၀ ရှိပါတယ်။ ဟယ်လီကော်ပတာ တင်နိုင်တဲ့ သင်္ဘောကတော့ နှစ်ဖက်လုံးမရှိပေမဲ့ တရုပ်မှာတော့ လေယာဉ်တင်သင်္ဘော ၂ စီး ရှိပါတယ်။ စုစုပေါင်းရေတပ်အင်အားအရ ထိုင်ဝမ်က ၁၁၇ စီး၊ တရုပ်က ၇၇၇ စီးပါ။

ကြည်းတပ်ဖက်ကို ကြည့်ရအောင်ပါ။ ထိုင်ဝမ်မှာ ဒုံးကျည်ပစ်စင် Rocket Projector ၁၁၅ ခု၊ တရုပ်က ၂၂၅၀ ပါ။ အမြောက် Towed Artillery က ထိုင်ဝမ်မှာ ၁၁၆၀ ရှိပြီး တရုပ်မှာ ၁၂၃၄ ပါ။

self propelled artillery တင့်ကားကထိုင်ဝမ် ၂၅၇၊ တရုပ် ၁၉၇၀ ရှိပါတယ်။စုစုပေါင်းအမြောက်က ထိုင်ဝမ် ၁၉၄၄ ၊တရုပ် ၇၀၉၄ ဖြစ်ပါတယ်။စစ်သည်တင် သံချပ်ကာယာဉ်က ထိုင်ဝမ် ၈၇၅၀၊ တရုပ် ၃၅၀၀၀ ပါ။

တိုက်ခိုက်ရေး တင့်ကားကတော့ ထိုင်ဝမ် ၁၁၆၀ နဲ့ တရုပ်က ၃၂၀၅ စီးပါ။ အမြဲတမ်းစစ်သည်က ထိုင်ဝမ်မှာ ၁၆၅,၀၀၀ ရှိပြီး တရုပ်မှာ ၂,၁၈၅,၀၀၀ ပါ။ အရံအင်အားကတော့ ထိုင်ဝမ်ဖက်မှာ ၁၆၅၅၀၀၀ ရှိပါတယ်။တရုပ်ကတော့ ၅၁၀၀၀၀ သာ ရှိပါတယ်။

နောက်ဆုံး လေတပ်ဖက်ကြည့်ရအောင်။ ထိုင်ဝမ်မှာ လေယာဉ်စုံ ၇၃၉ ရှိပြီး တရုပ်မှာ ၃၂၆၀ စီးပါ။ ဒီထဲမှာ တိုက်ခိုက်ရေးလေယာဉ်က ထိုင်ဝမ် ၂၈၈ စီးနဲ့ တရုပ် ၁၂၀၀ ဖြစ်ပါတယ်။

ဘက်စုံသုံးလေယာဉ် ထိုင်ဝမ် ၁၈၉ စီး ၊ တရုပ် ၁၁၃၀ စီးပါ။ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၉၁ စီး ထိုင်ဝမ်မှာရှိသလို တရုပ်မှာ ၃၇၁ စီး ရှိပါတယ်။Special Mission အတွက် အေဝက်လို လေယာဉ်မျိုးက ထိုင်ဝမ် ၁၉ စီး၊ တရုပ် ၁၁၅ စီးပါ။

သယ်ယူပို့ဆောင်ရေးလေယာဉ် ထိုင်ဝမ် ၁၉ စီးနဲ့ တရုပ် ၂၆၄ စီး ဖြစ်ပါတယ်။ဟယ်လီကော်ပတာမှာ ထိုင်ဝမ်က ၂၀၈ စီး၊ တရုပ်က ၉၀၂ စီးပါ။ တိုက်ခိုက်ရေး ဟယ်လီကော်ပတာက ထိုင်ဝမ် ၉၁ စီး၊ တရုပ် ၃၂၇ စီး ဖြစ်ကြပါတယ်။

ခုတင်ပြခဲ့တဲ့ နှစ်နိုင်ငံ စစ်အင်အားမှာ မိတ်ဖက် နိုင်ငံများကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။

ထိုင်ဝမ်မှာက ခိုင်မာတဲ့ကတိကဝတ်တွေနဲ့အတူ အမေရိကန်က ရပ်တည်ပေးထားပါတယ်။ အမေရိကန် ဆိုတာနဲ့ NATO ကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။

တရုပ်ကတော့ ရုရှားနဲ့ အခြားနိုင်ငံတချို့ရှိပေမယ့် စာချုပ်စာတမ်းကတိကဝတ်ရယ်လို့ မရှိပါဘူး။ လက်နက်တွေရဲ့အရည်အသွေးနဲ့ စစ်သည်တွေရဲ့ စိတ်ဓါတ် အရည်အချင်းတွေကလဲ အရေးပါပါတယ်။

စာဖတ်သူများ အတွက် ဆက်လက်ကြိုးစားတင်ပြပါအုံးမယ်လို့။

Knight News Team

Crd