တရုပ်ကလည်း အားကျမခံ UFO ကို ပစ်ချမယ်လို့ဆို

တရုပ်ကလည်း အားကျမခံ UFO ကို ပစ်ချမယ်လို့ဆို

တရုပ်ကလည်း အားကျမခံ UFO ကို ပစ်ချမယ်လို့ဆို

ဆယ်စုနှစ်များစွာ စောင့်ဆိုင်းရသလိုဖြစ်နေတဲ့ UFO/UAP တွေကို ပစ်ချဖို့ဆိုတာ တရုပ်စစ်တပ်က ဆုံးဖြတ်လိုက်ပုံရပါတယ်။

ပြီးခဲ့တဲ့လထဲမှာ တရုပ်ရဲ့ စပိုင်ဘောလုံးလို့ ယူဆရတဲ့အရာတစ်ခုအပြင် နောက်ထပ် အမျိုးအမည်မသိ အရာဝတ္ထုတွေကိုလည်း ယူအက်စ်က ဆက်တိုက်ပစ်ချခဲ့ပါတယ်။

တရုပ်ရဲ့စပိုင်ဘောလုံးက ယူအက်စ်က ပစ်ချနေစဉ်

ဒါပေမဲ့ အမေရိကန်တို့က ဒါဟာ ဂြိုဟ်သားယာဉ်ပျံတွေ ဟုတ်မဟုတ်ကိုတော့ ပြောဆိုခြင်းမရှိသလို၊ ငြင်းဆိုခြင်းလည်းမလုပ်တာ ထူးဆန်းစွာတွေ့ရပါတယ်။ ကြည့်ရတာတော့ ဒီကိစ္စကို သတိထား ကိုင်တွယ်နေပုံရပါတယ်။

စပိုင်ဘောလုံးနဲ့ ပါတ်သက်လို့တော့ တရုပ်က ဒါဟာ အရပ်ဖက် မိုးလေဝသစူးစမ်းရေးသက်သက်သာဖြစ်ပြီး လေကြောင်းပြောင်းလဲသွားလို့သာ ကနေဒါနဲ့ အမေရိကန်ဖက်ကို ရောက်သွားတာလို့ ဆိုပါတယ်။

အမေရိကန်ကို အကဲပိုလွန်းတယ်လို့ဆိုခဲ့တဲ့ တရုပ်ဟာ အခုတော့ သူကိုယ်တိုင် ဒီ UFO ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေရပါပြီ။

တရုပ်ရဲ့အရှေ့ပိုင်၊း ရှန်ဒေါင်းပြည်နယ်က အာဏာပိုင်တွေဟာ Rizhao မြို့အနီးမှာ ပျံဝဲနေတဲ့ အမျိုးအမည်မသိယာဉ်(UFO)တစ်စီးကို တွေ့ရှိကြောင်း သတင်းပို့ချက်အများအပြားကို လက်ခံရရှိခဲ့ကြပါတယ်။

ဒီအကြောင်းဟာ တရုပ်အစိုးရ အာဘော်တွေကိုရေးသားနေတဲ့ ဂလိုဘယ်တိုင်း (Global Time) သတင်းစာမှာ အကျယ်တဝင့် ပါရှိလာပါတယ်။

တရုပ်စစ်တပ်ဟာ ဒါကိုပစ်ချဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြင်ဆင်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၎င်းဧရိယာမှာရှိတဲ့ ငါးဖမ်းသင်္ဘောတွေကို အန္တရာယ်အတွက် ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ တွေ့ရှိပြီး ပစ်ချခံရတဲ့ အရာဝတ္တုတွေအတွက် လှည့်စားချက်အနေနဲ့ တရုပ်က ဒီလိုကြေငြာတာလို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီနောက်ပိုင်း ကာလတွေမှာ နှစ်နိုင်ငံစလုံးဟာ ရေဒါကို ပိုမိုအာရုံစိုက် စောင့်ကြည့်လာကြတာတော့ အထင်အရှားပါပဲ။

ဒီစပိုင်ဘောလုံးကို အသုံးပြုတာ တရုပ်တစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ တရုပ်ဟာ ထိုင်ဝမ်ကို စောင့်ကြည့်ဖို့ ဒီ မိုးပျံဘောလုံးတွေ သုံးခဲ့သလို၊ အမေရိကန်မှာလည်း ကိုယ်ပိုင် မီးပုံးပျံပရောဂျက်တွေ ရှိပါတယ်။

ယူအက်စ်ရဲ့ မိုးပျံပူပေါင်း

အမေရိကန် မိုးပျံဘောလုံးတွေဟာဆိုရင် အမြင့်ပေ ၆၀,၀၀၀ ကနေ ၉၀,၀၀၀ ကြားအထိ ပျံတက်နိုင်ပါတယ်။ ဒါကိုလည်း ၂၀၂၂ ခုနှစ်၊ မတ်လ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာမှ လုံခြုံရေးနှင့်ဒုံးကျည်ကာကွယ်ရေး ပရောဂျက်အကြီးအကဲ အဆိုအရ ယူအက်စ်ရဲ့ မိုးပျံပူပေါင်းတွေဟာ အလေးချိန် အများအပြား သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

တရုပ်စပိုင်ဘောလုံး

မိုးပျံပူပေါင်းတွေဟာ ဂြိုဟ်တုတွေလောက် ခေတ်မမီပေမဲ့ သူတို့ကို တိတ်တဆိတ် လွှတ်တင်နိုင်တဲ့အတွက် အားသာချက်ရှိသလို ကုန်ကျစရိတ်လည်း သက်သာပါတယ်။

ဂြိုဟ်တုကတော့ သင့်ရဲ့ ခေါင်းပေါ်မှာ အမြဲရှိနေပြီး သင့်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေနိုင်ပါတယ်။ မိုးပျံပူပေါင်းကတော့ လေပြင်းနဲ့တွေ့ရင် တည်နေရာ ပြောင်းလဲသွားနိုင်ပါတယ်လို့ RAF Centre ရဲ့ ဒေါက်တာ ဒေးဗစ်ဂျော်ဒန်က ပြောခဲ့ပါတယ်။ တရုပ်တွေဟာ ဒီပူပေါင်းတွေကို အားကိုးအားထားပြုနေတာ အံ့ဩစရာပါလို့ သူက ဆက်ပြောပါတယ်။

တရုပ်မှာတွေ့တဲ့အရာဟာ ယူအက်စ်ရဲ့ မိုးပျံပူပေါင်းလား၊ UFO ပဲလားဆိုတာတော့ တရုပ်ရဲ့ ပစ်ချနိုင်မှု ရှိ၊မရှိပေါ်မှာ မူတည်ပါတယ်။

သိပ်မကြာခင်မှာ အဖြေတစ်ခုတော့ ထွက်လာမယ်လို့ ထင်မြင်မိပါကြောင်း တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Knight News © 2022

Crd



Post Views:
9

Crd