တရုတ် သိပ္ပံပညာရှင်တွေက လက်ရှိ စူပါ ကွန်ပြူတာတွေထက် အဆ ၆၀,၀၀၀ ပိုမြန်တဲ့ Quantum Processor ကို ဖန်တီး

တရုတ် သိပ္ပံပညာရှင်တွေက လက်ရှိ စူပါ ကွန်ပြူတာတွေထက် အဆ ၆၀,၀၀၀ ပိုမြန်တဲ့ Quantum Processor ကို ဖန်တီး

သမားရိုးကျ စူပါ ကွန်ပြူတာတွေထက် စွမ်းရည် ပိုကောင်းတဲ့ Quantum ကွန်ပြူတာတွေကို ကမ္ဘာအဝန်းက သိပ္ပံပညာရှင်တွေက အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ Quantum ကွန်ပြူတာတွေဟာ စူပါ ကွန်ပြူတာတွေထက် စွမ်းရည် ပိုမြင့်မားသလို ဖန်တီးရတာ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။

Chinese Scientists Create Quantum Processor 60,000 Times Faster Than Current Supercomputers - QS Study

အခုတော့ တရုတ်က သိပ္ပံပညာရှင်တွေက လက်ရှိ စူပါ ကွန်ပြူတာတွေထက် အဆ ၆၀,၀၀၀ ပိုမြန်တဲ့ Quantum Processor ကို ဖန်တီးလိုက်ပါတယ်။ အဲဒီ သိပ္ပံပညာရှင် အဖွဲ့ကို University of Science and Technology of China က Jian-Wei Pan က ဦးဆောင်ပြီး အဲဒီ တက္ကသိုလ်ဟာ Superconducting Processor တွေကို ဖန်တီးနေတာ ဖြစ်ပါတယ်။

Quantum ကွန်ပြူတာတွေမှာ ဒေတာတွေကို Process လုပ်ဖို့ Qubits ကို အသုံးပြုထားပြီး Viable Quantum System ကို ဖန်တီးဖို့ လက်ရှိထက် Qubits တွေကို ပိုမို အသုံးပြုရပါတယ်။ အကြီးမားဆုံး Quantum Processor မှာ 50 Qubits ဝန်းကျင်ကို အသုံးပြုထားပါတယ်။ Pan ရဲ့ Processor ကို Zuchongzhi လို့ အမည်ပေးထားပြီး အလုပ်လုပ်တဲ့ Qubits ၆၆ ခု တပ်ဆင်ထားပါတယ်။

အဲဒီ Quantum Processor ဟာ လက်ရှိ စွမ်းရည် အမြင့်ဆုံး စူပါ ကွန်ပြူတာတွေ အချိန် ၈ နှစ်ကြာမှ ဖြေရှင်းနိုင်မယ့် ပြဿနာကို ၁.၂ နာရီအတွင်း ဖြေရှင်းနိုင်ပါတယ်။

Ref : fancy4work