တရုတ်၊ရုရှားစစ်လေယာဉ်တို့တောင်ကိုရီးယား၏လေကြောင်းရန်ကာကွယ်ရေးဇုန်ကိုချိုးဖောက်ဝင်ရောက်ခဲ့

Militarily News

တရုတ်၊ရုရှားစစ်လေယာဉ်တို့ တောင်ကိုရီးယား၏ လေကြောင်းရန်ကာကွယ်ရေးဇုန်ကိုချိုးဖောက်ဝင်ရောက်ခဲ့၊ထို့ကြောင့် တိုက်လေယာဉ်များအမြန်စေလွှတ်ခဲ့ရ- တရုတ်နဲ့ရုရှားစစ်လေယာဉ် အစီး ၁၉ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လေ ကြောင်း ရန်ကာကွယ်ရေးဇုန်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့မှု ပြုလုပ်ခဲ့တယ်လို့ ယနေ့ထုတ်ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယားပူးပေါင်း စစ်ဦးစီးချုပ်ဖြစ်သူအဆိုအရ ယနေ့မနက် ၈ နာရီခန့်မှာ တရုတ်လေယာဉ် ၄ စီးဟာ အနောက်ဘက် Ieodo ကျောက်တန်းကနေ တောင်ဘက်ကမ်းခြေအထိ ဖြတ်သန်းမောင်းနှင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ကျန်တဲ့ ရုရှားလေယာဉ် ၁၅ စီးကတော့ အရှေ့ပင်လယ်ကနေ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ထို ၁၉ စီးလုံးကတော့ တောင်ကိုရီးယားဝေဟင်ပိုင်နက်ထဲ ဝင်ရောက်ခဲ့တာတော့မဟုတ်ပါဘူး။

ပူးပေါင်းစစ်ဦးစီးချုပ် (JCS) က ဖြစ်နိုင်ချေ ရှိသော အရေးပေါ် အခြေအနေတွေအတွက် မဟာဗျူဟာမြောက်အစီအမံတွေချမှတ်ခြင်းမပြုလုပ်မီ တိုက်လေယာဉ်တွေကို အလျင် အမြန် စေလွှတ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။သူ့အထင်ကတော့ တရုတ်နဲ့ရုရှတို့ဟာ ပူးတွဲလေ့ကျင့်ခန်းတစ်ခုပြုလုပ်နေသည်ဟုယူဆခဲ့ပေမယ့် ထပ်မံပြီး လေ့လာခွဲခြမ်းစိတ်ဖြာရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။

Credit – MyanmarNews24

Leave a Reply