တရုတ်အစိုးရက ထင်ရှားကျော်ကြားတဲ့ အနုပညာသည်တွေကို ဖိနှိပ်ဟန့်တားမှုတွေလုပ်နေပြီ

News

တရုတ်အစိုးရက ထင်ရှားကျော်ကြားတဲ့ အနုပညာသည်တွေကို ဖိနှိပ်ဟန့်တားမှုတွေလုပ်နေပြီ

တရုတ်နိုင်ငံက နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာနဲ့ သရုပ် ဆောင် Zhou Wei အပါအဝင် ရုပ်ရှင် သရုပ် ဆောင်တွေ အဆိုတော်တွေကို တရုတ်အာဏာပိုင်တွေက ကန့်သတ်ဖိနှိပ်မှုတွေ ပိုလုပ်လာတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြပါတယ်။

ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ အပြုအမူ အပြောအဆို သရုပ်ဆောင်မှုတွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အယူအဆအတွေးအခေါ်တွေကို ထိခိုက်စေသလို မျိူးချစ်စိတ်တွေ ပျက်စီးစေတယ်လို့ တရုတ်အာဏာပိုင်တွေက စွတ်စွဲပါတယ်။ သရုပ်ဆောင်တွေကို အားပေးတဲ့ ပရိတ်သတ်တွေရဲ့ လူမှုကွန်ယက်တွေပေါ်က အရေးအသားတွေကလည်း နိုင်ငံရဲ့ ဂုဏ်သိကာနဲ့ ပါတီရဲ့ ဦးဆောင်မှုကို ယုံကြည်မှုပျက်စေတယ်ဆိုပါတယ်။

သရုပ်ဆောင် Zhou Wei အပါအဝင် နာမည်ကြီးတော် တော်များများရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကို ဖြတ်ချသလို သူတို့ရဲ့ ပုံတွေ သီချင်းတွေကိုပါ မသုံးဖို့ တားမြစ်ထားပါတယ်။ တရုတ် ရုပ်မြင်သံကြားမှာ ပြသမထုတ်လွှင့်ဖို့လည်း တားမြစ်ပါတယ်။ ရိုက်လက်စ ဇာတ်ကားတွေ ရုပ်သံဇာတ်လမ်းတွဲတွေရှိရင် ဆက် လက် ရိုက်ကူးတာမလုပ်ဖို့ ထုတ်လုပ်သူတွေကို ညွှန်ကြားထားပါတယ်။

ဖျော်ဖြေပွဲတွေ ဧည့်ခံပွဲတွေမှာလည်း ဖိတ်ကြားဖျော် ဖြေတာမျိူးမလုပ်ဖို့ ပိတ်ပင်လိုက်ပြီဆိုပါတယ်။တချိန်က လူကြိုက်များလို့ ချစ်ကြည်ရေးသံတမန်တွေ အဖြစ်ခန့်အပ်ထးတဲ့ နာမည်ကြီးအမျိူးသမီးသရုပ် ဆောင် Zheng Shuang အပါအဝင် အနုပညာရှင်တချိူ့ကို အခွန်တိမ်းရှောင်မှုနဲ့ တရားစွဲပြီး ဖျော်ဖြေရိုက်ကူးခွင့်တွေပါ ပိတ်လိုက်ပါတယ်။

စက်တင်ဘာ ၁ ရက်ကစတင်ပြီး သင်ရိုးညွှန်းတန်းအဖြစ်ပြဌာန်းလိုက်တဲ့ သမ္မတ ရှီ ရဲ့ အတွေးအခေါ်အယူအဆများဆိုတဲ့ ဘာသာရပ်ကို လူငယ်တွေက စိတ်ဝင်စားခြင်းမရှိပဲ အနုပညာရှင်တွေအပေါ်ပဲ စိတ် ဝင်စားနေတဲ့အပေါ် တရုတ်အစိုးရက သဘောမကျသလို လူမူကွန်ယက်ပေါ်မှာ အနုပညာအကြောင်းတွေ ငြင်းကြခုန်ကြရင်းနဲ့ နောက်ဆုံးမှာ တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီအပေါ်ကိုပဲ အပြစ်တင်တာတွေ ဖြစ်လာတာကို စိုးရိမ်လာပုံရှိတယ်လို့ တရုတ်အခြေစိုက် နိုင် ငံတကာသတင်းသမားတချို့က သုံးသပ်ပါတယ်။

တရုတ်ဆယ်ကျော်သက်တွေ အသဲစွဲကြိုက်နေတဲ့ ကိုရီးယား Kpop စတိုင် Sissy Pants ဆိုတဲ့ လူငယ်တေးဂီတအဖွဲ့ကိုလည်း ယောက်ကျားဆန်ဆန် ဖျော်ဖြေမှုမရှိလို့ဆိုပြီး ပိတ်ပင်ဖို့ တရုတ်အစိုးရအာဘော်သတင်းတွေက ရေးသားနေပါတယ်။ယောက်ကျားဆန်ဆန် မဖျော် ဖြေတာဟာ တရုတ်ရဲ့ အားမာန်သတ္တိတွေကို အနောက်နိုင်ငံတွေက အထင်သေးစေတယ်ဆိုပါတယ်။

တရုတ်အစိုးရရဲ့ ဖျော်ဖြေရေးအပိုင်းစီစစ်ရေးတာဝန်ခံတွေကလည်း တရုတ်အနုပညာရှင်တွေအနေနဲ့ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကို ရောင်ပြန်ဟပ်မဲ့ သီးချင်းတွေ ဂီတတွေကို ဦးစားပေးရမယ်လို့ ညွှန်ကြားထားကြောင်း တရုတ်အခြေစိုက်နိုင်ငံတကာသတင်းတွေနဲ့ တရုတ်လူမှုကွန်ယက်တွေမှာ ဖေါ်ပြထားပါတယ်။

BNN
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
တ႐ုတ္အစိုးရက ထင္ရွားေက်ာ္ၾကားတဲ့ အႏုပညာသည္ေတြကို ဖိႏွိပ္ဟန႔္တားမႈေတြလုပ္ေနၿပီ

တ႐ုတ္နိုင္ငံက နာမည္ႀကီး ႐ုပ္ရွင္ ဒါရိုက္တာနဲ႔ သ႐ုပ္ ေဆာင္ Zhou Wei အပါအဝင္ ႐ုပ္ရွင္ သ႐ုပ္ ေဆာင္ေတြ အဆိုေတာ္ေတြကို တ႐ုတ္အာဏာပိုင္ေတြက ကန႔္သတ္ဖိႏွိပ္မႈေတြ ပိုလုပ္လာတယ္လို႔ နိုင္ငံတကာသတင္းေတြမွာ ေဖၚျပပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြရဲ့ အျပဳအမူ အေျပာအဆို သ႐ုပ္ေဆာင္မႈေတြဟာ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ့ အယူအဆအေတြးအေခၚေတြကို ထိခိုက္ေစသလို မ်ိဴးခ်စ္စိတ္ေတြ ပ်က္စီးေစတယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက စြတ္စြဲပါတယ္။ သ႐ုပ္ေဆာင္ေတြကို အားေပးတဲ့ ပရိတ္သတ္ေတြရဲ့ လူမႈကြန္ယက္ေတြေပၚက အေရးအသားေတြကလည္း နိုင္ငံရဲ့ ဂုဏ္သိကာနဲ႔ ပါတီရဲ့ ဦးေဆာင္မႈကို ယုံၾကည္မႈပ်က္ေစတယ္ဆိုပါတယ္။

သ႐ုပ္ေဆာင္ Zhou Wei အပါအဝင္ နာမည္ႀကီးေတာ္ ေတာ္မ်ားမ်ားရဲ့ လူမႈကြန္ယက္စာမ်က္ႏွာေတြကို ျဖတ္ခ်သလို သူတို႔ရဲ့ ပုံေတြ သီခ်င္းေတြကိုပါ မသုံးဖို႔ တားျမစ္ထားပါတယ္။ တ႐ုတ္ ႐ုပ္ျမင္သံၾကားမွာ ျပသမထုတ္လႊင့္ဖို႔လည္း တားျမစ္ပါတယ္။ ရိုက္လက္စ ဇာတ္ကားေတြ ႐ုပ္သံဇာတ္လမ္းတြဲေတြရွိရင္ ဆက္ လက္ ရိုက္ကူးတာမလုပ္ဖို႔ ထုတ္လုပ္သူေတြကို ညႊန္ၾကားထားပါတယ္။

ေဖ်ာ္ေျဖပြဲေတြ ဧည့္ခံပြဲေတြမွာလည္း ဖိတ္ၾကားေဖ်ာ္ ေျဖတာမ်ိဴးမလုပ္ဖို႔ ပိတ္ပင္လိုက္ၿပီဆိုပါတယ္။တခ်ိန္က လူႀကိဳက္မ်ားလို႔ ခ်စ္ၾကည္ေရးသံတမန္ေတြ အျဖစ္ခန႔္အပ္ထးတဲ့ နာမည္ႀကီးအမ်ိဴးသမီးသ႐ုပ္ ေဆာင္ Zheng Shuang အပါအဝင္ အႏုပညာရွင္တခ်ိဴ႕ကို အခြန္တိမ္းေရွာင္မႈနဲ႔ တရားစြဲၿပီး ေဖ်ာ္ေျဖရိုက္ကူးခြင့္ေတြပါ ပိတ္လိုက္ပါတယ္။

စက္တင္ဘာ ၁ ရက္ကစတင္ၿပီး သင္ရိုးညႊန္းတန္းအျဖစ္ျပဌာန္းလိုက္တဲ့ သမၼတ ရွီ ရဲ့ အေတြးအေခၚအယူအဆမ်ားဆိုတဲ့ ဘာသာရပ္ကို လူငယ္ေတြက စိတ္ဝင္စားျခင္းမရွိပဲ အႏုပညာရွင္ေတြအေပၚပဲ စိတ္ ဝင္စားေနတဲ့အေပၚ တ႐ုတ္အစိုးရက သေဘာမက်သလို လူမူကြန္ယက္ေပၚမွာ အႏုပညာအေၾကာင္းေတြ ျငင္းၾကခုန္ၾကရင္းနဲ႔ ေနာက္ဆုံးမွာ တ႐ုတ္အစိုးရနဲ႔ ကြန္ျမဴနစ္ပါတီအေပၚကိုပဲ အျပစ္တင္တာေတြ ျဖစ္လာတာကို စိုးရိမ္လာပုံရွိတယ္လို႔ တ႐ုတ္အေျခစိုက္ နိုင္ ငံတကာသတင္းသမားတခ်ိဳ႕က သုံးသပ္ပါတယ္။

တ႐ုတ္ဆယ္ေက်ာ္သက္ေတြ အသဲစြဲႀကိဳက္ေနတဲ့ ကိုရီးယား Kpop စတိုင္ Sissy Pants ဆိုတဲ့ လူငယ္ေတးဂီတအဖြဲ႕ကိုလည္း ေယာက္က်ားဆန္ဆန္ ေဖ်ာ္ေျဖမႈမရွိလို႔ဆိုၿပီး ပိတ္ပင္ဖို႔ တ႐ုတ္အစိုးရအာေဘာ္သတင္းေတြက ေရးသားေနပါတယ္။ေယာက္က်ားဆန္ဆန္ မေဖ်ာ္ ေျဖတာဟာ တ႐ုတ္ရဲ့ အားမာန္သတၱိေတြကို အေနာ က္နိုင္ငံေတြက အထင္ေသးေစတယ္ဆိုပါတယ္။

တ႐ုတ္အစိုးရရဲ့ ေဖ်ာ္ေျဖေရးအပိုင္းစီစစ္ေရးတာဝန္ခံေတြကလည္း တ႐ုတ္အႏုပညာရွင္ေတြအေနနဲ႔ တ႐ုတ္ယဥ္ေက်းမႈေတာ္လွန္ေရးကို ေရာင္ျပန္ဟပ္မဲ့ သီးခ်င္းေတြ ဂီတေတြကို ဦးစားေပးရမယ္လို႔ ညႊန္ၾကားထားေၾကာင္း တ႐ုတ္အေျခစိုက္နိုင္ငံတကာသတင္းေတြနဲ႔ တ႐ုတ္လူမႈကြန္ယက္ေတြမွာ ေဖၚျပထားပါတယ္။

BNN
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။