အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့၏ အသာစီးရမှုအပေါ် အလေးအနက်ထားရန်နှင့် တရုတ်အား ဆန့်ကျင်ရာတွင်အကူအညီများ ပိုမိုပေးအပ်ရန် အိန္ဒိယသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်အား အိန္ဒိယအရာရှိများက ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်၏ ထိပ်သီးသံတမန်တစ်ဦးအဖြစ် အိန္ဒိယသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် ဘလင်ကင်သည် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီ၊ နိုင်ငံခြားရေးဝန်ကြီး ဆူဗရာမန်ယန် ဂျိုင်ရှန်ကာတို့နှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများကို ပြောကြားခဲ့သည်။
အမေရိကန်နှင့် အိန္ဒိယဆက်ဆံရေးသည် သမိုင်းတွင်စေသည့် ကတောက်ကဆများ ရှိခဲ့သော်လည်း တရုတ်၏ မြင့်တက်လာသည့် တစ်ဖက်သတ်လှုပ်ရှားမှုများသည် ၎င်းတို့နှစ်နိုင်ငံကြား ပိုမိုနီးကပ်စေခဲ့သည်။
အိန္ဒိယသည် အမေရိကန်၊ ဂျပန်၊ သြစတြေးလျနိုင်ငံတို့ပါဝင်သည့် QUAD လေးပွင့်ဆိုင်အဖွဲ့တွင် ပါဝင်နေပြီး တရုတ်ကို ဆန့်ကျင်ရာတွင် တံတိုင်းတစ်ရပ်အဖြစ် ရှုမြင်ခံထားရသည်။

အိန္ဒိယ၏မူဝါဒရေးရာ သုတေသနစင်တာမှ မဟာဗျူဟာရေးရာ ကျွမ်းကျင်သူ ဘရာမာ ချီလန်နီ၏အဆိုအရ ဘိုင်ဒင်သည် အမေရိကန်သမ္မတရာထူးကို ဒေါ်နယ်ထရန့်ထံမှ လွှဲပြောင်းယူပြီးကတည်းက အိန္ဒိယနှင့် ဆက်ဆံရာတွင် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ပုံစံမျိုးဖြင့် ကျင့်သုံးခဲ့သည်ဟု ပြောကြားခဲ့သည်။
“ အိန္ဒိယနှင့် တရုတ်အကြား စစ်ရေးတင်းမာမှုတွေ ဖြစ်နေခဲ့ချိန်က ထရန့်အစိုးရအဖွဲ့ အရာရှိတွေဟာ တရုတ်ကို လူသိရှင်ကြား ရှုတ်ချခဲ့ပြီး အိန္ဒိယကို ထောက်ခံခဲ့ပါတယ်။ ဘိုင်ဒင်အစိုးရအဖွဲ့က အိန္ဒိယကို ထောက်ခံသယောင်ပဲ ပြသခဲ့ပါတယ်” ဟု ချီလန်နီက ပြောကြားခဲ့သည်။
ထို့ပြင် ဘိုင်ဒင်အစိုးရအဖွဲ့သည် အာဖဂန်မှ အမေရိကန်တပ်များကို ဆောလျင်စွာ ရုပ်သိမ်းခဲ့မှုသည် အိန္ဒိယအစိုးရအား စိတ်မသက်မသာ ဖြစ်စေခဲ့သည်ဟုလည်း ချီလန်နီက ဆိုသည်။

အိန္ဒိယသည် အာဖဂန်တွင် တာလီဘန်တို့ အာဏာရလာမည်ကို စိုးရိမ်နေသည်။ အဘယ်ကြောင့်ဆိုသော် တာလီဘန်တို့ကို အိန္ဒိယ၏ ခါးသီးပြိုင်ဘက် ပါကစ္စတန်က ထောက်ပံ့ပေးထားသောကြောင့် ဖြစ်ပြီး တာလီဘန်တို့သည် ပါကစ္စတန်ကို ခြေကုပ်ယူကာ အိန္ဒိယကို တိုက်ခိုက်ရန် လက်နက်ကိုင်များကို အသုံးချဖွယ် ရှိနေသောကြောင့်ဖြစ်သည်။

၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်ကို အုပ်ချုပ်ခဲ့သည့် တာလီဘန်တို့သည် အိန္ဒိယ ဆန့်ကျင်သည့် လက်နက်ကိုင်များကို ထောက်ခံခဲ့သည်။
အာဖဂန်အစိုးရအား ခိုင်မာစွာထောက်ခံပေးထားသည့် အိန္ဒိယသည် အာဖဂန်တွင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူအဖြစ် ဒေါ်လာ ဘီလျံနှင့်ချီ ကူညီပေးခဲ့ပြီး မကြာသေးမီကလည်း ကန်ဒါဟာပြည်နယ်တွင်ရှိသည့် အိန္ဒိယကောင်စစ်ဝန်ရုံးတွင် လုံခြုံရေးအခြေအနေအရ ၎င်း၏ သံဝန်ထမ်း ၅၀ ကို ပြန်လည်ခေါ်ယူခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီလက်ထက်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကို ပိုမိုအသုံးပြုခဲ့ပြီး နိုင်ငံအားအကြည်ညိုပျက်စေမှုဖြင့် လူပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။

ယင်းလုပ်ဆောင်ချက်သည် အစိုးရနှင့် သဘောထားကွဲလွဲသူများကို ဖိနှိပ်ရန်ဖြစ်သည်ဟု ဝေဖန်ရေးသမားများက ပြောကြားခဲ့သော်လည်း မိုဒီအစိုးရအဖွဲ့ကမူ ယင်းပြောကြားချက်များကို ငြင်းဆိုခဲ့သည်။
News-Eleven
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
တရုတ်နှင့် အာဖဂန်အရေးကိစ္စများကို အလေးအနက်ထားရန် အမေရိကန်အား အိန္ဒိယ တိုက်တွန်း