TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■တရုတ်နိုင်ငံရှန်ခေတ်မှာ အစောဆုံးလူသိခဲ့တဲ့အမျိုးသမီးစစ်ဗိုလ်ချုပ် fu hao

တရုတ်နိုင်ငံရှန်ခေတ်မှာ အစောဆုံးလူသိခဲ့တဲ့ အမျိုးသမီး စစ်ဗိုလ်ချုပ်အနေဖြင့် ဖူးဟောင်ဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ခဲ့က နေထိုင်ခဲ့တာပါ။

ဒါဟာ တရုတ်ပြည်ရဲ့ကြေးခေတ်ကဖြစ်ပြီး သူမတိုက်ခိုက်ခဲ့တဲ့ ရန်သူအကြောင်းမှန်သမျှကို အရိုးတွေ လိပ်ခွံတွေပေါ်မှာ ထွင်းထားပါတယ်။ တိုက်ပွဲတွေထဲမှာ သူမဟာစစ်သားပေါင်း ၃၀၀၀ ကျော်နှင့်အတူတိုက်ပွဲဝင်ခဲ့တဲ့ ပုံလည်းတာပါ။

၁၉၇၆ ခုနှစ်မှာ သူမရဲ့အုတ်ဂူကို တရုတ်နိုင်ငံ အာညန်မှာ တွေ့ရှိခဲ့ပီး။ ရှေးဟောင်းသုတေသနပညာအရ သူမရဲ့ဘေးမှာ လက်နက်ပေါင်း ၁၀၀၀ ကျော်မြှုပ်နှံထားရုံတင်မကပဲ သူမရဲ့ဘေးမှာ အရှင်လက်လက် မြှုပ်ခံထားရတဲ့ ကျွန် ၁၆ ယောက်ရဲ့ အလောင်းပါတွေ့ရှိရပြီး နောက်ဘဝမှာ သူမကို အလုပ်အကျွေးပြုဖို့ပဲဖြစ်ပါတယ်။

ဒီအချက်တွေအားလုံးကတော့ သူမဟာအဆင့်အတန်းမြင့်တဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်တာကို ရည်ညွှန်းနေပြီး သူမအကြောင်းကို တကယ်သိတာထက်ပိုပြီးတော့ ပြောဆိုနေကြတာက များပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext