■တရုတ်နိုင်ငံရဲ့ ဆာလောင်နေသောသရဲပွဲတော်အကြောင်း

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■တရုတ်နိုင်ငံရဲ့ ဆာလောင်နေသောသရဲပွဲတော်အကြောင်း

ပရိတ်သတ်ကြီးသိတဲ့အတိုင်း တရုတ်လူမျိုးတွေရဲ့ ပြက္ခဒိန်က ပရိတ်သတ်တွေသိထားတဲ့ ပြက္ခဒိန်နဲ့ မတူပါဘူး။ တစ်ရက်နဲ့ တစ်ရက်လည်း ပွဲတွေကျင်းပနေကြတာ တစ်မျိုးပြီးတစ်မျိုးပါပဲ။ အဲ့တော့ သူတို့နိုင်ငံမှာ ဟောလိုးဝင်းပွဲကျင်းပဖို့ကလည်း မပါမဖြစ်ပဲပေါ့။

လကို အခြေခံပြီးတွက်တဲ့ သူတို့ ပြက္ခဒိန်ရဲ့ ၇ လပိုင်း ၁၅ ရက်နေ့ အဂ်လိပ်ပြက္ခဒိန်အရဆို သြဂုတ် လလယ်ကနေ စက်တင်ဘာလလယ်ထိ မှာ ဟောင်ကောင်လူမျိုးတွေက ဆာလောင်နေတဲ့ သရဲပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ချိန်တွင်းမှာဆိုရင် ဝိဉာာဉ်တွေက အစားအသောက်ရှာဖို့ ပျော်ပျော်ရွှင်ရွှင် လှည့်လည်သွားလာကြပါတယ်။

အဲ့ဝိဉာာဉ်တွေကတော့ နှုတ်ဆက်ပွဲကောင်းကောင်းမလုပ်ခဲ့ရတဲ့ သူတို့ရဲ့ ဘိုးစဉ်မြေးဆက်တွေရဲ့ ဝိဉာဉ်တွေလို့ ယုံကြည်ကြတာပါ။ အစားအသောက်တွေကိုလည်း ခင်းကျင်းကျွေးမွေးထားပြီး ဆုံးပါးသွားတဲ့ သူတွေ အတွက် ပိုက်ဆံတွေကိုလည်း မီးရှို့ပေးတာမျိုးတွေလည်းရှိပါတယ်။ အဲ့တာကို သရဲပိုက်ဆံလို့လဲခေါ်ပါတယ်။

အဲ့တာမှ သူတို့ရဲ့ ဘိုးဘွားတွေက နောက်ဘဝမှာ ကောင်းကောင်းမွန်မွန်နေထိုင်ရတယ်လို့ ယုံကြည်ကြတာပါ။ ဘယ်လိုတွေ ကျင်းပကြလည်းဆိုတော့ လမ်းပျောက်နေတဲ့သရဲတွေကို လမ်းပြပေးတဲ့ အနေနဲ့ သူတို့နိုင်ငံတွင်းက မြစ်တွေမှာ ကြာပန်းပုံ မီးပုန်းလေးတွေ လွှတ်ပေးကြပါတယ်။

ဝိဉာာဉ်တွေ သွားလာနိုင်ဖို့ အလုပ်တွေ စီးပွားရေးလုပ်ငန်းတွေတောင် ပိတ်ပေးထားတတ်ကြပါတယ်။ဝိဉာဉ်တွေနဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပွဲတော် တစ်လျှောက်လုံး အမွှေးတိုင်တွေလည်း ထွန်းထားတတ်ကြပါတယ်တဲ့နော်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext