TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■တရုတ်နိုင်ငံမှာ ပြုလုပ်နေကျဖြစ်တဲ့ ကြီးမားတဲ့ရေခဲနှင်းရုပ်ထုပွဲတော်
ရေခဲနဲ့နှင်းရုပ်တုပွဲတော်။ဒီရုပ်တုတွေကို ထွင်းဖောက်မြင်နိုင်တဲ့ပလတ်စတစ်နဲ့ပြုလုပ်ထားပြီး အထဲကနေ အလင်းရောင်ပေးထါးတယ်လို့ သင်ထင်ကောင်းထင်နေပါလိမ့်မယ်။အဲ့တာမှားပါတယ်။ဒီအဆောက်အဦးတိုင်းကို ရေခဲအသုံးပြုပြီး လက်နဲ့ထွင်းထုထားတာပါ။
ဒါကတော့ တရုတ်နိုင်ငံ Harbin မြို့မှာရှိတဲ့ နှစ်ပတ်လည်ပွဲတော်ပါ။ဒီပွဲတော်ကို ကမ္ဘာ့အကြီးဆုံး ရေခဲနဲ့နှင်းရုပ်ထုပွဲတော်တွေထဲကတစ်ခုလို့ သတ်မှတ်ထားပါတယ်။Harbin မှာရှိတဲ့ ဒီရေခဲမြို့တော်ဟာ ဧရိယာ စတုရန်းမိုင်ပေါင်း ၆၀၀၀၀၀ အကျယ်ရှိတာပါ။
ဒီမြို့ကိုတည်ထောင်ဖို့ လပေါင်းများစွာကြာမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ ၂၀၂၀မှာပြုလုပ်ခဲ့တဲ့ ဒီ အံသြဖွယ်ရာမြို့ကို ဆယ့်ငါးရက်တည်းနဲ့ ပြီးစီးခဲ့တာပါ။ဘာကြောင့်လဲဆိုတော့ ဒီကိစ္စမှာ အမြန်နှုန်းက အရေးကြီးတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
နှစ်သိန်းနှစ်သောင်းကုဗမီတာရှိတဲ့ ရေခဲနဲ့နှင်းတွေကိုအသုံးပြုခဲ့တာပါ။အဲ့ဒီမှာရေခဲနဲ့ပြုလုပ်ထားတဲ့ရေနွေးငွေ့ရထားတောင်ရှိပါတယ်။ရေခဲမြို့တော်မှာ ရုပ်ထုတွေကြည့်ရှုရုံသာမကပါဘူး။
ဟော်ကီကစားတာနဲ့ရေခဲပြင်စကိတ်စီးတာတွေလည်းလုပ်နိုင်ပါတယ်။ဟုတ်ကဲ့ သတ္တိကောင်းတဲ့သူတွေကတော့ ရေခဲရေအေးထဲမှာ ရေကူးချင်ကူးနိုင်ပါတယ်။ဒါနဲ့ မဂ်လာဆောင်မဲ့ဇနီးမောင်နှံတွေကလည်း ဒီနေရာကို မဂ်လာပွဲကျင်းပဖို့ရွေးချယ်လေ့ရှိတယ်နော်။နှစ်စဥ် ဒီရေခဲမြို့တော်မှာ စုံတွဲတော်တော်များများက လက်ထပ်ပွဲလုပ်လေ့ရှိပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext