တရုတ်တို့နည်းတူ အိန္ဒိယကလည်း Ladakh အရှေ့ဘက်ဒေသ၌ ကင်မရာများ၊ အာရုံခံစနစ်များဖြင့် ခြေရာခံမှုပြုလုပ်နိုင်ရန်ဆောင်ရွက်နေ

News

စစ်ရေးသတင်း
တရုတ်ကြည်းတပ်နှင့် အိန္ဒိယကြည်းတပ်တို့၏ Ladakh အရှေ့ဘက်ဒေသ၌ တင်းမာမှုများဖြစ်ပေါ်နေမှုသည် ပြီးပြတ်နေသည်ဟူတော့ မရှိသေးပေ။

နှစ်ဘက်တပ်ဖွဲ့များအနေဖြင့် ပြီးခဲ့သည့်နှစ် မေလခန့်ကတည်းကပင် စစ်ရေး ဆိုင်ရာတင်းမာမှုများကို ထိန်းချုပ်ရာ Line of Actual Control (LAC) တလျှောက်၌ ပြင်းထန်သည့် စစ်ရေးပြင်ဆင်လေ့ကျင့်မှုများကို အဆက် မပြတ်ဆောင်ရွက်လျက်ရှိနေဆဲပင်ဖြစ်သည်။

ယခုအခါ အိန္ဒိယကြည်းတပ်အနေဖြင့် လှုပ်ရှားသွားလာမှုကို ခြေရာခံသည့် ကင်မရာများ၊ အာရုံခံစနစ်များတပ်ဆင်၍ တရုတ်တို့၏ လှုပ်ရှားမှုများကို
စောင့်ကြည့်နေပြီဖြစ်သည်ဟု သိရှိရသည်။

၎င်းအာရုံခံစနစ်များတွင် PTZ (pan tilt zoom) ကင်မရာများနှင့် အာရုံခံစနစ် များပါဝင်သည်ဟုဆိုသည်။

အဆိုပါအဆင့်မြှင့် ခေတ်မီကိရိယာများသည် အိန္ဒိယစစ်သည်များအတွက် ရန်သူကို အချိန်နှင့်တစ်ပြေးညီခြေရာခံပေးနိုင်မည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရန် အစီအစဉ်ရှိနေခဲ့ပြီးဖြစ်သော်လည်း နှောင့်နှေးကြန့်ကြာ နေမှုအချို့ကြောင့် ထိပ်ပိုင်းခေါင်းဆောင်ပိုင်းကို တိုက်တွန်းမှုများ ပြုလုပ်ခဲ့ရ သည်ဟုလည်းသိရှိရသည်။

တရုတ်ကြည်းတပ်ဘက်ကမူ အဆိုပါစနစ်များကဲ့သို့ ထောက်လှမ်းရေး ကိရိယာများကို ဦးစွာတပ်ဖြန့်ထားရှိခဲ့ပြီးလည်း ဖြစ်ပေသည်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

Leave a Reply