တရုတ်က ယုံကြည်စိတ်ချရတဲ့သူငယ်ချင်းဖြစ်တယ်လို့ တာလီဘန်ပြောဆို
တရုတ်ဟာ အာဖဂန်အတွက် ယုံကြည်စိတ်ချရတဲ့ သူ ငယ်ချင်းဖြစ်တယ်လို့ တာလီဘန်တွေက ပြောဆိုလိုက်ပါတယ်။အာဖဂန်ကို ထိန်းချုပ်ပြီး မကြာခင်မှာ အစိုးရအဖွဲ့ကို ကြေညာမှုပြုလုပ်ဖို့ စီစဉ်နေတဲ့ တာလီဘန်တွေဟာ တရုတ်နဲ့ အနီးကပ်ဆက်ဆံရေးတွေရှိနေခဲ့ပြီး ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် အားကိုးအားထားပြုသွားဖို့ သေချာသလောက်ရှိနေတာလည်းဖြစ်ပါတယ်။

ဒိုဟာမှာ ဖွင့်လှစ်ထားတဲ့ တာလီဘန်ရုံးရဲ့ ဒါရိုက်တာ Abdul Salam Hanafi က သူတို့အနေနဲ့ တရုတ်ရဲ့ ခါးပတ်လမ်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားဖို့ အိမ်နီးချင်းနိုင်ငံနဲ့ လက်တွဲသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း တရုတ်ပြည်ကို တာလီဘန်ထိပ်ပိုင်းခေါင်းဆောင်တွေ သွားရောက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

“တရုတ်က အာဖဂန်ရဲ့ ယုံကြည်စိတ်ချရတဲ့သူငယ်ချင်းပါ၊ တာလီဘန်အနေနဲ့ အာဖဂန်နဲ့တရုတ်ကြား ချစ်ကြည်ရင်းနှီးမှုတွေကို ပိုမိုထူထောင်သွားမှာဖြစ်ပြီး တရုတ်အကျိုးစီးပွားထိခိုက်စေမယ့်ခြိမ်းခြော က်မှုတွေကို အာဖဂန်မြေပေါ်မှာ ခွင့်ပြုသွားမှာမဟုတ်ပါဘူး” လို့ တာလီဘန်ဘက်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုပူးပေါင်းမှုဟာ တရုတ်အနေနဲ့ အာဖဂန်က ကြေးနီနဲ့ အလူမီနီယမ်တို့လို သဘာဝအရင်းအမြစ်တွေကို ရရှိဖို့ ခွင့်ပြုလိုက်တာနဲ့ အတူတူပဲလို့ Fox News က ဆိုပါတယ်။ အာဖဂန်မှာတော့ တူးဖော်ခြင်းမပြုရသေးတဲ့ သတ္ထုအမျိုးအစားတွေ ကြွယ်ဝစွာရှိနေပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁ ထရီလီယံအထိ ရှိမယ်လို့ ခန့်မှန်းထားပြီး အဲဒီထက် များပြားနိုင်တယ်လို့လည်း ဆိုပါတယ်။

“တရုတ်က ကျွန်တော်တို့ရဲ့ အရေးကြီးဆုံးမိတ်ဖက်ဖြစ်ပြီး အခြေခံကျပြီး ထူးခြားတဲ့အခွင့်အလမ်းတွေကို ကိုယ်စားပြုပါတယ်၊ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေတာကြောင့်ပါ” လို့ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabiullah Mujahid က ပြောကြားခဲ့ပါတယ်။…
TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
တ႐ုတ္က ယုံၾကည္စိတ္ခ်ရတဲ့သူငယ္ခ်င္းျဖစ္တယ္လို႔ တာလီဘန္ေျပာဆို
တ႐ုတ္ဟာ အာဖဂန္အတြက္ ယုံၾကည္စိတ္ခ်ရတဲ့ သူ ငယ္ခ်င္းျဖစ္တယ္လို႔ တာလီဘန္ေတြက ေျပာဆိုလိုက္ပါတယ္။အာဖဂန္ကို ထိန္းခ်ဳပ္ၿပီး မၾကာခင္မွာ အစိုးရအဖြဲ႕ကို ေၾကညာမႈျပဳလုပ္ဖို႔ စီစဥ္ေနတဲ့ တာလီဘန္ေတြဟာ တ႐ုတ္နဲ႔ အနီးကပ္ဆက္ဆံေရးေတြရွိေနခဲ့ၿပီး ျပန္လည္ထူေထာင္ေရးနဲ႔ တည္ေဆာက္ေရးလုပ္ငန္းေတြအတြက္ အားကိုးအားထားျပဳသြားဖို႔ ေသခ်ာသေလာက္ရွိေနတာလည္းျဖစ္ပါတယ္။
ဒိုဟာမွာ ဖြင့္လွစ္ထားတဲ့ တာလီဘန္႐ုံးရဲ့ ဒါရိုက္တာ Abdul Salam Hanafi က သူတို႔အေနနဲ႔ တ႐ုတ္ရဲ့ ခါးပတ္လမ္းစီမံကိန္းကို ဆက္လက္လုပ္ေဆာင္သြားဖို႔ အိမ္နီးခ်င္းနိုင္ငံနဲ႔ လက္တြဲသြားမယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း တ႐ုတ္ျပည္ကို တာလီဘန္ထိပ္ပိုင္းေခါင္းေဆာင္ေတြ သြားေရာက္ခဲ့ၿပီး ေတြ႕ဆုံေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။
“တ႐ုတ္က အာဖဂန္ရဲ့ ယုံၾကည္စိတ္ခ်ရတဲ့သူငယ္ခ်င္းပါ၊ တာလီဘန္အေနနဲ႔ အာဖဂန္နဲ႔တ႐ုတ္ၾကား ခ်စ္ၾကည္ရင္းႏွီးမႈေတြကို ပိုမိုထူေထာင္သြားမွာျဖစ္ၿပီး တ႐ုတ္အက်ိဳးစီးပြားထိခိုက္ေစမယ့္ၿခိမ္းေျခာ က္မႈေတြကို အာဖဂန္ေျမေပၚမွာ ခြင့္ျပဳသြားမွာမဟုတ္ပါဘူး” လို႔ တာလီဘန္ဘက္က ေျပာၾကားခဲ့ေၾကာင္း တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး႐ုံးက သတင္းထုတ္ျပန္ခဲ့ပါတယ္။
ဒီလိုပူးေပါင္းမႈဟာ တ႐ုတ္အေနနဲ႔ အာဖဂန္က ေၾကးနီနဲ႔ အလူမီနီယမ္တို႔လို သဘာဝအရင္းအျမစ္ေတြကို ရရွိဖို႔ ခြင့္ျပဳလိုက္တာနဲ႔ အတူတူပဲလို႔ Fox News က ဆိုပါတယ္။ အာဖဂန္မွာေတာ့ တူးေဖာ္ျခင္းမျပဳရေသးတဲ့ သတၳဳအမ်ိဳးအစားေတြ ႂကြယ္ဝစြာရွိေနၿပီး တန္ဖိုးအားျဖင့္ ေဒၚလာ ၁ ထရီလီယံအထိ ရွိမယ္လို႔ ခန႔္မွန္းထားၿပီး အဲဒီထက္ မ်ားျပားနိုင္တယ္လို႔လည္း ဆိုပါတယ္။
“တ႐ုတ္က ကၽြန္ေတာ္တို႔ရဲ့ အေရးႀကီးဆုံးမိတ္ဖက္ျဖစ္ၿပီး အေျခခံက်ၿပီး ထူးျခားတဲ့အခြင့္အလမ္းေတြကို ကိုယ္စားျပဳပါတယ္၊ ဘာလို႔လဲဆိုေတာ့ ရင္းႏွီးျမႇုပ္ႏွံမႈနဲ႔ နိုင္ငံကို ျပန္လည္တည္ေဆာက္ဖို႔ အဆင္သင့္ျဖစ္ေနတာေၾကာင့္ပါ” လို႔ တာလီဘန္ေျပာေရးဆိုခြင့္ရွိသူ Zabiullah Mujahid က ေျပာၾကားခဲ့ပါတယ္။…
TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။