တရုတ်က ခြေရာခံစောင့်ကြည့်စနစ်များကို တောင်တရုတ်ပင်လယ်တွင် ဖြန့်ကျက်ချထားလာတဲ့ သာကောရဲ့လုပ်ကွက်

News

တရုတ်က ခြေရာခံစောင့်ကြည့်စနစ်များကို တောင်တရုတ်ပင်လယ်တွင် ဖြန့်ကျက်ချထားလာတဲ့ သာကောရဲ့လုပ်ကွက်

တရုတ်က ရေအောက် စောင့်ကြည့် ထောက်လှမ်းရေးစနစ်များကို တောင်တရုတ်ပင်လယ်အတွင်းနှင့် နိုင်ငံတကာ ရေပြင်အထိ ဖြန့်ကျက်ချထားလျှက်ရှိသည်။ နိုင်ငံရေပိုင်နက်တွင် ရေဒါအများအပြားကို ထားရှိသလို နိုင်ငံတကာ ရေပြင်တွင်လည်း အချို့ကို ချထားလျှက်ရှိည်။

နို်ငံတကာ အကြံပေးအဖွဲ့အစည်းဖြစ်သည့် Chatham House မှ အာရှ-ပစိဖိတ်အစီအစဉ်၏ပညာရှင်တစ်ဦးဖြစ်သူ ဘီလ်ဟေတန်က “လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး တရုတ်က တောင်တရုတ်ပင်လယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို စောင့်ကြည့်နိုင်ဖို့ ဂြိုဟ်တု၊ ရေဒါနဲ့ ရေအောက်စနစ်တွေကို တပ်ဆင်ထား ပါတယ်။ ဒါ့အပြင် စပရက်တလေကျွန်းက သန္တာကျောက်တန်းတွေအပေါ်မှာ ကျွန်းတု ၇ ခုကိုလည်း တည်ဆောက်ထား တာကြောင့် ဒီပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အရာတွေနဲ့ မိုးကုတ်စက်ဝိုင်းအထိကြည့်နိုင်ပါတယ်” ဟု ပြောကြားသည်။

“အဆိုပါ စနစ်တွေကြောင့် တရုတ်တွေ့အနေနဲ့ ရေတပ်သင်္ဘောဖြစ်စေ၊ ကမ်းရိုးတန်းစောင့် သင်္ဘောဖြစ်စေ၊ လက်နက်ကိုင် အုပ်စုတွေကို ဖြစ်စေ သူတို့မကြိုက်ရင် ရပ်တန့်ခိုင်းလို့ရတယ်။ ဥပမာ အခြားနိုင်ငံတွေက ငါးဖမ်းတာတွေကို ဟန့်တားဖို့နဲ့ ဖြတ်သွားတဲ့ အခြားနိုင်ငံက စစ်သင်္ဘောတွေကို စောင့်ကြည့်တာတွေ လုပ်နိုင်ပါတယ်” ဟု လည်း ပြောကြားသည်။

credit

zawgyi
တ႐ုတ္က ေျခရာခံေစာင့္ၾကည့္စနစ္မ်ားကို ေတာင္တ႐ုတ္ပင္လယ္တြင္ ျဖန႔္က်က္ခ်ထားလာတဲ့ သာေကာရဲ့လုပ္ကြက္

တ႐ုတ္က ေရေအာက္ ေစာင့္ၾကည့္ ေထာက္လွမ္းေရးစနစ္မ်ားကို ေတာင္တ႐ုတ္ပင္လယ္အတြင္းႏွင့္ နိုင္ငံတကာ ေရျပင္အထိ ျဖန႔္က်က္ခ်ထားလၽွက္ရွိသည္။ နိုင္ငံေရပိုင္နက္တြင္ ေရဒါအမ်ားအျပားကို ထားရွိသလို နိုင္ငံတကာ ေရျပင္တြင္လည္း အခ်ိဳ႕ကို ခ်ထားလၽွက္ရွိည္။ နို္ငငံတကာ အႀကံေပးအဖြဲ႕အစည္းျဖစ္သည့္ Chatham House မွ အာရွ-ပစိဖိတ္အစီအစဥ္၏

ပညာရွင္တစ္ဦးျဖစ္သူ ဘီလ္ေဟတန္က “လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကစၿပီး တ႐ုတ္က ေတာင္တ႐ုတ္ပင္လယ္မွာ ျဖစ္ေနတဲ့ ကိစၥေတြကို ေစာင့္ၾကည့္နိုင္ဖို႔ ၿဂိဳဟ္တု၊ ေရဒါနဲ႔ ေရေအာက္စနစ္ေတြကို တပ္ဆင္ထား ပါတယ္။ ဒါ့အျပင္ စပရက္တေလကၽြန္းက သႏၲာေက်ာက္တန္းေတြအေပၚမွာ ကၽြန္းတု ၇ ခုကိုလည္း တည္ေဆာက္ထား တာေၾကာင့္ ဒီပတ္ဝန္းက်င္မွာ ျဖစ္ေနတဲ့အရာေတြနဲ႔ မိုးကုတ္စက္ဝိုင္းအထိ

ၾကည့္နိုင္ပါတယ္” ဟု ေျပာၾကားသည္။ “အဆိုပါ စနစ္ေတြေၾကာင့္ တ႐ုတ္ေတြ႕အေနနဲ႔ ေရတပ္သေဘၤာျဖစ္ေစ၊ ကမ္းရိုးတန္းေစာင့္ သေဘၤာျဖစ္ေစ၊ လက္နက္ကိုင္ အုပ္စုေတြကို ျဖစ္ေစ သူတို႔မႀကိဳက္ရင္ ရပ္တန႔္ခိုင္းလို႔ရတယ္။ ဥပမာ အျခားနိုင္ငံေတြက ငါးဖမ္းတာေတြကို ဟန႔္တားဖို႔နဲ႔ ျဖတ္သြားတဲ့ အျခားနိုင္ငံက စစ္သေဘၤာေတြကို ေစာင့္ၾကည့္တာေတြ လုပ္နိုင္ပါတယ္” ဟု လည္း ေျပာၾကားသည္။

credit