တရုတ်ကြီးပြောတဲ့ စီးပွားရှာနည်း မြေပုံ (၇)ခု – The Geek Text

တရုတ်ကြီးပြောတဲ့ စီးပွားရှာနည်း မြေပုံ (၇)ခု – The Geek Text



Post Views:
9

၁။ မင်းပိုင်တဲ့ တောင်းထဲမှာ ကြက်ဥ ၁၀ လုံးရှိတယ်။ တစ်နေ့ကို ၉ လုံးစားပြီး ၁ လုံးချိန်ထားလို့ ၁၀ ရက်ကြာရင်ဘာဖြစ်မလဲ။ ကြက်ဥ ၁၀ လုံးဖြစ်နေပြီပေါ့။ တစ်လုံးလျော့စားလိုက်လို့ မင်းအတွက်လည်း ဘာမှမသိသာပါဘူး။ ဒါကြောင့် အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ဝင်ငွေရဲ့ ၁၀ ပုံ ၁ပုံကို အမြဲချန်ထားရမယ်။ ၉ ပုံတောင်သုံးရတဲ့အတွက် အများကြီးခြိုးခြံရာမရောက်ဘူး။ ဒါငါပြောချင်တဲ့ မြေပုံ ၁ကွ။ ၂။ နောက်တစ်ခုက မင်းရဲ့ဝင်ငွေထွက်ငွေတွေကို သေသေချာချာသိထားဖို့လိုတယ်။ မလိုအပ်ပဲနဲ့ ထွက်နေတဲ့လမ်းကြောင်းတွေရှိရင် အမြန်ပိတ်ပစ်ပေတော့။ အဲလိုမှ မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေလိမ့်မယ်ကွ။ ဒါငါပြောချင်တဲ့ မြေပုံ ၂ ပဲ။ ၃။ တတိယတစ်ခုက ငွေကိုစုပေမယ့် သက်မဲ့လိုသဘောမထားရဘူး။ နွားတွေ ကြက်တွေ မွေးသလိုပေါ့။ အကောင်တွေပွား ၊ ဥတွေဥ အကောင်ထပ်ပွားပေါ့ကွာ။ ငွေကိုငွေချင်းထပ်ပွားနိုင်ဖို့ အကျိုးရှိတဲ့နေရာတွေမှာ ထည့်ဝင်မြုပ်နှံကွ။ အဲလိုမှ မလုပ်ပဲငွေကို သေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် ငွေတေဟာအကြောသေသွားလိမ့်မယ်။ လေဖြတ်တဲ့လူလို မင်းငွေတွေဟာ အင်အားမရှိတော့ဘူး ပေါ့။ဥပမာကွာ ငါ့သားမွေးတုန်းက ငါငွေလေးနည်းနည်းအတိုးချထားတယ်။ ရတဲ့အတိုးတွေကိုမသုံးပဲ အရင်းထဲထပ်မြုပ်တယ်။ အဲဒီကနေအတိုးပြန်ဖြစ် ငါ့သား ၁၂နှစ်ရောက်လို့ ကျောင်းပို့မယ်လုပ်တော့ ငွေကိုပြန်ထုတ်လိုက်တာ မနည်းပါဘူးကွာ ။ ဒါဟာမြေပုံ ၃ပေါ့။ ၄။ နောက်တစ်ခုက အလုပ်လုပ်တဲ့အခါမှာ လောင်းကစား မဆန်ရဘူးကွ။ မြတ်ချင်မြတ် မမြတ်ရင်သွားဟ ဆိုတဲ့သဘောမျိုးမလုပ်ရဘူး။ သေချာတာလောက် ကိုယ်ကျွမ်းကျင်သလောက် နိုင်သ လောက် ပဲလုပ်ရမယ်။ လောင်းကစားလုပ်လို့ကတော့ ရလည်းခဏပဲ မွဲစရာရှိရင် မြန်မြန်မွဲသွားလိမ့်မယ်။တစ်ခါက မိုးကြိုးသွားတစ်ခုကို ငါ့လာရောင်းဖူးတယ်။ အပြောကလည်းကောင်း လက်တွေ့စမ်းပြတော့လည်း လျှပ်စစ်မီးလည်းငြိမ်း ၊ ရေဒီယိုလည်းရပ်သွားတော့ အစစ်လို့ယုံသွားတယ်။ အစစ်ဆိုရင်ပြန်ရောင်းရင် သိန်း ၂၀လောက် ရမှာကို။

ဒါနဲ့ ၁သိန်းနဲ့ဝယ်လာပြီး အိမ်ရောက်တော့ လျှပ်စစ်ဓာတ်မီးမပြောနဲ့ လက်နှိပ်ဓာတ်မီးတောင် မငြိမ်းဘူး။ စနစ်တကျစီစဉ်ပြီး လိမ်သွားတာကွ။ တစ်သိန်းမို့ပေါ့ ၁၀သိန်းဆိုရင် ငါခွက်ဆွဲနေလောက်ပြီ။ အဲဒီတော့ ပြောချင်တဲ့ လေးအချက်က ကိုယ်မသိတဲ့ မပိုင်တဲ့အလုပ် ၊ မကျွမ်း ကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြုပ်နှံမှုမှမလုပ်ရဘူး။ ၅။ နောက်တစ်ခုက လူတစ်ယောက်ဟာ အိမ်ငှားနေတာ မသင့်တော်ဘူး။ အခြေအနေအရ ငှားနေရင်လည်း ကိုယ်ပိုင်အိမ်ဖြစ်အောင်ကြိုးစားရမယ်။ အိမ်ငှားစရိတ်ဟာ ကြာလာရင် အိမ်တစ်လုံးစာလောက်ရှိလာတယ်။ စိတ်ရှုပ်ရတယ်။ သေးတာကြီးတာမဓာန မဟုတ်ဘူး။ ကိုယ်ပိုဖြစ်အောင်ကြိုးစားဖို့ပဲ။ အဲဒီအပေါက်က ငွေအထွက်ဆုံးပဲ ။ အဲဒီတော့ ကားပဲမောင်းမောင်း ၊ စက်လှေပဲထောင်ထောင် ကိုယ်ပိုင် ဖြစ်အောင်အရင်ဆုံးကြိုးစား ။ ဒါ ငါးခုမြောက်မြေပုံပဲ။ ၆။ တို့မြန်မာစကားမှာ မတ်တတ်စာပဲရှိတယ်၊ တုံးလုံးစာမရှိဘူး ဆိုတဲ့စကားရှိတယ်။ စကားပဲရှိတာကွ မလိုက်နာကြဘူး။ ဒါကြောင့် မမျှော်မှန်းနိုင်တဲ့ အနာဂါတ်အတွက် ပြင်ဆင်မှုတွေလုပ်ထားရမယ်။ ရုတ်တရက်ကိုယ်သေသွားရင် ကျန်ရစ်သူမိသားစုကို မထိခိုက်စေဖို့ ၊ ရုတ်တရက်ထိခိုက်မိလို့ ဒုက္ခိတဖြစ်သွားရင် ဆက်လက်အသက်ရှင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်။ ဒါ ခြောက်ခုမြောက်မြေပုံပဲ။ ၇။ ၇ချက်မြောက် ကတော့ ကြိုးစားမှုကို မလျှော့ဖို့ပဲ ၊ ကိုယ်နဲ့လုပ်ငန်းတူတွေရှိနေတယ်ကွ ၊ ကိုယ်ကရပ်ပေမဲ့ သူတို့ကကြိုးစားနေမှာ ၊ ကိုယ်လုပ်တဲ့ အလုပ်မှာ အစွမ်းထက်လေလေ ဝင်ငွေကောင်းလေလေပေါ့ကွာ ၊ မင်းသဘောပေါက်ဖို့က ကိုယ့်ဆီကို အားပေးတဲ့ဖောက်သည်တို့ အားပေးတဲ့ ပရိသတ်တို့ ဆိုတာ စိတ်ချရတာမဟုတ်ဘူး ..ကိုယ့်ထက်သာတဲ့လူ ၊ တော်တဲ့သူရှိရင် အဲဒီကို သွားကြမှာ ..အဲဒါတော့မြဲမြဲမှတ်ထား။ ငါပြောချင်တဲ့ ၇ခုမြောက်မြေပုံက ဒါပဲ။

Credit: မူရင်း

[zawgyi]

၁။ မင္းပိုင္တဲ့ ေတာင္းထဲမွာ ၾကက္ဥ ၁၀ လုံးရွိတယ္။ တစ္ေန႔ကို ၉ လုံးစားၿပီး ၁ လုံးခ်ိန္ထားလို႔ ၁၀ ရက္ၾကာရင္ဘာျဖစ္မလဲ။ ၾကက္ဥ ၁၀ လုံးျဖစ္ေနၿပီေပါ့။ တစ္လုံးေလ်ာ့စားလိုက္လို႔ မင္းအတြက္လည္း ဘာမွမသိသာပါဘူး။ ဒါေၾကာင့္ အလုပ္လုပ္မယ္ဆိုရင္ ကိုယ့္ဝင္ေငြရဲ႕ ၁၀ ပုံ ၁ပုံကို အၿမဲခ်န္ထားရမယ္။ ၉ ပုံေတာင္သုံးရတဲ့အတြက္ အမ်ားႀကီးၿခိဳးၿခံရာမေရာက္ဘူး။ ဒါငါေျပာခ်င္တဲ့ ေျမပုံ ၁ကြ။ ၂။ ေနာက္တစ္ခုက မင္းရဲ႕ဝင္ေငြထြက္ေငြေတြကို ေသေသခ်ာခ်ာသိထားဖို႔လိုတယ္။ မလိုအပ္ပဲနဲ႔ ထြက္ေနတဲ့လမ္းေၾကာင္းေတြရွိရင္ အျမန္ပိတ္ပစ္ေပေတာ့။ အဲလိုမွ မလုပ္ရင္ အိတ္ေပါက္နဲ႔ ဖားေကာက္သလို ျဖစ္ေနလိမ့္မယ္ကြ။ ဒါငါေျပာခ်င္တဲ့ ေျမပုံ ၂ ပဲ။ ၃။ တတိယတစ္ခုက ေငြကိုစုေပမယ့္ သက္မဲ့လိုသေဘာမထားရဘူး။ ႏြားေတြ ၾကက္ေတြ ေမြးသလိုေပါ့။ အေကာင္ေတြပြား ၊ ဥေတြဥ အေကာင္ထပ္ပြားေပါ့ကြာ။ ေငြကိုေငြခ်င္းထပ္ပြားႏိုင္ဖို႔ အက်ိဳးရွိတဲ့ေနရာေတြမွာ ထည့္ဝင္ျမဳပ္ႏွံကြ။ အဲလိုမွ မလုပ္ပဲေငြကို ေသတၱာထဲ ထည့္သိမ္းထားမယ္ဆိုရင္ ေငြေတဟာအေၾကာေသသြားလိမ့္မယ္။ ေလျဖတ္တဲ့လူလို မင္းေငြေတြဟာ အင္အားမရွိေတာ့ဘူး ေပါ့။ဥပမာကြာ ငါ့သားေမြးတုန္းက ငါေငြေလးနည္းနည္းအတိုးခ်ထားတယ္။ ရတဲ့အတိုးေတြကိုမသုံးပဲ အရင္းထဲထပ္ျမဳပ္တယ္။ အဲဒီကေနအတိုးျပန္ျဖစ္ ငါ့သား ၁၂ႏွစ္ေရာက္လို႔ ေက်ာင္းပို႔မယ္လုပ္ေတာ့ ေငြကိုျပန္ထုတ္လိုက္တာ မနည္းပါဘူးကြာ ။ ဒါဟာေျမပုံ ၃ေပါ့။ ၄။ ေနာက္တစ္ခုက အလုပ္လုပ္တဲ့အခါမွာ ေလာင္းကစား မဆန္ရဘူးကြ။ ျမတ္ခ်င္ျမတ္ မျမတ္ရင္သြားဟ ဆိုတဲ့သေဘာမ်ိဳးမလုပ္ရဘူး။ ေသခ်ာတာေလာက္ ကိုယ္ကြၽမ္းက်င္သေလာက္ ႏိုင္သ ေလာက္ ပဲလုပ္ရမယ္။ ေလာင္းကစားလုပ္လို႔ကေတာ့ ရလည္းခဏပဲ မြဲစရာရွိရင္ ျမန္ျမန္မြဲသြားလိမ့္မယ္။တစ္ခါက မိုးႀကိဳးသြားတစ္ခုကို ငါ့လာေရာင္းဖူးတယ္။ အေျပာကလည္းေကာင္း လက္ေတြ႕စမ္းျပေတာ့လည္း လွ်ပ္စစ္မီးလည္းၿငိမ္း ၊ ေရဒီယိုလည္းရပ္သြားေတာ့ အစစ္လို႔ယုံသြားတယ္။ အစစ္ဆိုရင္ျပန္ေရာင္းရင္ သိန္း ၂၀ေလာက္ ရမွာကို။ဒါနဲ႔ ၁သိန္းနဲ႔ဝယ္လာၿပီး အိမ္ေရာက္ေတာ့ လွ်ပ္စစ္ဓာတ္မီးမေျပာနဲ႔ လက္ႏွိပ္ဓာတ္မီးေတာင္ မၿငိမ္းဘူး။ စနစ္တက်စီစဥ္ၿပီး လိမ္သြားတာကြ။ တစ္သိန္းမို႔ေပါ့ ၁၀သိန္းဆိုရင္ ငါခြက္ဆြဲေနေလာက္ၿပီ။ အဲဒီေတာ့ ေျပာခ်င္တဲ့ ေလးအခ်က္က ကိုယ္မသိတဲ့ မပိုင္တဲ့အလုပ္ ၊ မကြၽမ္း က်င္တဲ့အလုပ္မွာ ဘာရင္းႏွီးျမဳပ္ႏွံမႈမွမလုပ္ရဘူး။ ၅။ ေနာက္တစ္ခုက လူတစ္ေယာက္ဟာ အိမ္ငွားေနတာ မသင့္ေတာ္ဘူး။ အေျခအေနအရ ငွားေနရင္လည္း ကိုယ္ပိုင္အိမ္ျဖစ္ေအာင္ႀကိဳးစားရမယ္။ အိမ္ငွားစရိတ္ဟာ ၾကာလာရင္ အိမ္တစ္လုံးစာေလာက္ရွိလာတယ္။ စိတ္ရႈပ္ရတယ္။ ေသးတာႀကီးတာမဓာန မဟုတ္ဘူး။ ကိုယ္ပိုျဖစ္ေအာင္ႀကိဳးစားဖို႔ပဲ။ အဲဒီအေပါက္က ေငြအထြက္ဆုံးပဲ ။ အဲဒီေတာ့ ကားပဲေမာင္းေမာင္း ၊ စက္ေလွပဲေထာင္ေထာင္ ကိုယ္ပိုင္ ျဖစ္ေအာင္အရင္ဆုံးႀကိဳးစား ။ ဒါ ငါးခုေျမာက္ေျမပုံပဲ။ ၆။ တို႔ျမန္မာစကားမွာ မတ္တတ္စာပဲရွိတယ္၊ တုံးလုံးစာမရွိဘူး ဆိုတဲ့စကားရွိတယ္။ စကားပဲရွိတာကြ မလိုက္နာၾကဘူး။ ဒါေၾကာင့္ မေမွ်ာ္မွန္းႏိုင္တဲ့ အနာဂါတ္အတြက္ ျပင္ဆင္မႈေတြလုပ္ထားရမယ္။ ႐ုတ္တရက္ကိုယ္ေသသြားရင္ က်န္ရစ္သူမိသားစုကို မထိခိုက္ေစဖို႔ ၊ ႐ုတ္တရက္ထိခိုက္မိလို႔ ဒုကၡိတျဖစ္သြားရင္ ဆက္လက္အသက္ရွင္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားရမယ္။ ဒါ ေျခာက္ခုေျမာက္ေျမပုံပဲ။ ၇။ ၇ခ်က္ေျမာက္ ကေတာ့ ႀကိဳးစားမႈကို မေလွ်ာ့ဖို႔ပဲ ၊ ကိုယ္နဲ႔လုပ္ငန္းတူေတြရွိေနတယ္ကြ ၊ ကိုယ္ကရပ္ေပမဲ့ သူတို႔ကႀကိဳးစားေနမွာ ၊ ကိုယ္လုပ္တဲ့ အလုပ္မွာ အစြမ္းထက္ေလေလ ဝင္ေငြေကာင္းေလေလေပါ့ကြာ ၊ မင္းသေဘာေပါက္ဖို႔က ကိုယ့္ဆီကို အားေပးတဲ့ေဖာက္သည္တို႔ အားေပးတဲ့ ပရိသတ္တို႔ ဆိုတာ စိတ္ခ်ရတာမဟုတ္ဘူး ..ကိုယ့္ထက္သာတဲ့လူ ၊ ေတာ္တဲ့သူရွိရင္ အဲဒီကို သြားၾကမွာ ..အဲဒါေတာ့ၿမဲၿမဲမွတ္ထား။ ငါေျပာခ်င္တဲ့ ၇ခုေျမာက္ေျမပုံက ဒါပဲ။

Crd

Crd