တရုတ်ကိုထိန်းဖို့အရေးပါဆုံးသောlithium Game

News

တရုတ်ကိုထိန်းဖို့အရေးပါဆုံးသောlithium Game
အထူးသဖြင့် ၂၀၁၈ နောက်ပိုင်းမှာ US ဟာ Telsa လျှပ်စစ်ကားတွေ ထုတ်လာပြီးတဲ့နောက် lithium ကုန်ကြမ်း အရေးပါမှု ဟာပိုအရေးပါလာခဲ့ပေသည်
ယနေ့ electronics ပစ္စည်း တွေတိုင်းလိုလိုဟာ lithium ion battery သို့မဟုတ် lithium ploymer တွေနဲ့ကင်းမရတော့ပေ

ဒါကြောင့်လဲ ခေတ်သစ် electronics ပြိုင်ပွဲမှာ lithium ကုန်ကြမ်း ဟာ ရှေးယခင်က nuclear ကုန်ကြမ်း uranium ကဲ့သို့အရေးပါလာခဲ့ပေပြီ
US ရဲ့ မဟာအင်အားကြီးမှုဝါဒ အရ မိမိ နိုင်ငံတွင်းထွက် အသုံးမပြုလိုတာမို့ ယခင်ဆယ်စုနှစ်များက electronics ဈေးကွက်အတွက် lithium ကုန်ကြမ်းပေါရာ တရုတ်နိုင်ငံကိုရွေးချယ်ခဲ့ရာက..

US က တရုတ် နဂါးကို အတောင်တပ်ပေးလိုက်သကဲ့သို့ lithium ကုန်ကြမ်း နည်းပညာပါ တရုတ်ဟာ ကမ္ဘာ့ ထိပ်တန်းရောက်စေခဲတော့သည်
ကမ္ဘာ့ lithium mine တွင်းများရှိရာ အရ ထုတ်လုပ်မှုသည် ချီလီ နိုင်ငံက no 1 နှင့် တရုတ်က ဒုတိယ လိုက်နေလေတော့သည်

အခြား lithium mine ရွိရာ အာဂျင်တီးနား အာဖရိက ကွန်ဂို စသည်တို့သည်လဲ တရုတ် lithium company များနှင့်အကျိုးတူတွေ ဖြစ်နေပြီမို့
Australia နဲ့ US မှတပါး အခြား lithium လောက ကို တရုတ်က အပိုင်သိမ်းထားလိုက်သကဲ့သို့ဖြစ်ကုန်ပါတယ်

EV ကားတွေ ခေတ်စားလာတာနဲ့ lithium လိုအပ်မှု ပိုလာလေလေ တရုတ်ကြီး စီးပွားတက်လေလေ ဖြစ်ကုန်ပါတယ်
နောက်ဆုံး china containment policy လက်ကိုင်ထားတဲ့ US ကိုယ်တိုင် telsa ကားစက်ရုံ တရုတ်မှာထောင်ခဲ့ရသည်ပင်
ယနေ့အချိန်ထိ တရုတ်က ကမ္ဘာ့ lithium ဈေးကွက်ရဲ့ ၅၁ % ထိန်းချုပ်ထားနိုင်နေပြီဖြစ်နေပါပြီ

သမ္မတ Trump ကေတာ့ Telsa အတွက် lithium ဘက်ထရီစက်ရုံကို California နဲ့ Nevada မှာ စက်ရုံဆောက်ပြီး ပြည်တွင်းထုတ်လုပ်မှု အရှိန်တင်ပေးခဲ့သော်လဲ ထုတ်လုပ်မှု ကုန်ကျစရိတ် နဲ့ လုပ်အား တန်ဖိုးတွေအရ တရုတ်ကို မယှဉ်သာ မြဲရှိဆဲပင်
အချုပ်ပြောရသော် …..

တရုတ်နိုင်ငံဟာ lithium ကုန်ကြမ်း တစ်နှစ်ကို ပျမ်းမျှ ၂၀၀၀ မက်ထရစ် တန် ထုတ်နိုင်နေသလို
ကမ္ဘာ့ no 1 lithium အသုံးချနိုင်တဲ့နိုင်ငံလဲ အလိုလိုဖြစ်လာခဲ့ရပါပြီ
အခြားကမ္ဘာ့ နိုင်ငံကြီးတွေကလဲ lithium ထုတ်လုပ်မှူ တိုးတက်လာ မှသည် ကမ္ဘာ့ နည်းပညာ ချိန်ခွင်လျှာ တည့်မတ်လာလိမ့်မည် ဖြစ်ပြီး
မထိန်းနိုင်ပါက ၂၀၂၅ နောက်ပိုင်း တရုတ်က ကမ္ဘာ့ နည်းပညာထိပ်သီးနိုင်ငံ အလိုလိုဖြစ်သွားနိုင်ကြောင်း သုံးသပ်မိပါတော့တယ်

Credit – Pyae Sone

Photo crd Global security

Leave a Reply