တရားမဝင်ပြည့်တန်ဆာအမှုအတွက် ထောင်ဒဏ် 3နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ BigBangအဖွဲ့ဝင်ဟောင်း Seungri
Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
တောင်ကိုရီးယား ဆိုလ်းမြို့ စစ်ခုံရုံးကနေ Bigbangအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Seungri အား တရားမဝင် ပြည့်တန်ဆာ လုပ်ငန်း၌ပါဝင်ပတ်သက်နေသော အမှု့ကြောင့် ထောင်ဒဏ်သုံးနှစ် ကျခံစေရန် ကြာသပတေးနေ့က အမိန့်ချမှတ်ခဲ့ပါတယ်၊ဒါ့အပြင် သူဟာ ကိုရီးယားငွေ 1.15 ဘီလီယံ (ဒေါ်လာ989000)ကိုလည်း ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်၊ ဆိုးလ်မြို့ အနီး နားက Yongin မြို့ စစ်ခုံရုံးမှာ စီရင်ချက်ချမှတ်ပြီး အချုပ်ခန်းကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်၊

Lee Seung Hyun ခေါ် Seungriဟာ 2020 Januaryလကတည်းက 2015-2016ကာလအတွင်း ထိုင်ဝမ်၊ဂျပန်၊ဟောင်ကောင်မြို့ကစီးပွားရေးရင်းနှီးမြှုပ်နှံသူတွေအတွက် တရားမဝင် လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေ စီစဉ်ပေးမှုကြောင့် စွဲချက်တင်ခံထားရသူလည်းဖြစ်ပါတယ်၊ ဆိုးလ် နိုက်ကလပ်တခုရဲ့ငွေ တွေကို အလွဲသုံးစားလုပ်ထားတဲ့အပြင် နိုင်ငံရပ်ခြားလောင်းကစားလုပ်ခြင်းတားမြစ်ဥပဒေကို ချိုးဖောက်ကာ နိုင်ငံခြားလောင်းကစားရုံမှာ လောင်းကစားလုပ်တာကြောင့်ပြစ်ဒဏ်ချမှတ်ခံထားရပါသေးတယ်၊ဒါပေမယ့် သူကတော့ စွဲချက် တော်တော်များများကိုပယ်ချထားခဲ့ပါတယ်၊

မြောက်ကိုရီးယားရဲ့ ပြိုင်ဘက်နိုင်ငံဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံဟာ ခန္ဓာကိုယ်သန်စွမ်းသူတိုင်း မဖြစ်မနေစစ်မှုထမ်းရမည့်စနစ်ကို ကျင့်သုံးတာကြောင့် 21လကြာ စစ်မှုထမ်းပြီးတဲ့အခါ သူ့ရဲ့ အမှုကို စစ်ခုံရုံးသို့လွှဲပြောင်းခဲ့ပါတယ်၊
Yonhap သတင်းဌာနကတော့ Seungriဟာ တရားရုံးကိုစစ်ယူနီ ဖောင်းနဲ့ရောက်လာခဲ့ပြီး တရားသူကြီးရဲ့စီရင်ချက်တွေကို လာရောက်နားထောင်ရင်း အကြိမ်ကြိမ်ခေါင်းခါ နေခဲ့တယ်လို့ဖော်ပြထားပါတယ်၊
Seungriဟာ ဒီအမှုကိစ္စတွေမဖြစ်ခင်က BigBangအဖွဲ့ရဲ့ စတားတယောက်ဖြစ်ပြီး 2006မှာ ပွဲဦးထွက် ခဲ့သူဆိုရင်လည်းမမှားပါဘူး၊
2016ခုနှစ် Forbes Magazine ရဲ့ဖော်ပြချက်အရဆိုရင် ထိုအဖွဲ့ဟာ အခွန်မဆောင်ခင် ဝင်ငွေတွက်ချက်မှုအရ တနှစ်အတွင်း 44 မီလီယံဝင်ငွေရှိတယ်လို့လဲ သိရပါတယ်၊

Seungriဟာ မီဒီယာတွင် သူ့ရဲ့ တရားမဝင်ပြည့်တန်ဆာ အမှု စွပ်စွဲချက် ပျံ့နှံ့ခဲ့တာကြောင့်2019ခုနှစ်မှာBigBangအဖွဲ့ကထွက်ခဲ့ပြီးသူ့ရဲ့အမှုဟာ ပီးခဲ့တဲ့နှစ်တွေက ကိုရီးယားအနုပညာ အသိုင်းအဝိုင်းရဲ့ မကောင်းသတင်းတွေထဲမှာ တခုအပါအဝင်ဖြစ်လာခဲ့ပါတယ်

၂၀၁၉ခုနှစ်အတွင်းမှာဘဲအမျိုးသမီးတဦးအား လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုအတွက် ပြစ်မှုထင်ရှားတာကြောင့်အဆိုတော် Jung Joon-youngဟာ ထောင်ဒဏ်ခြောက်နှစ် ပစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ဂီတအဖွဲ့ တခုရဲ့ အဖွဲ့ဝင်ဟောင်း Choi Jong-hoonကတော့ ထောင်ဒဏ်5နှစ် ချမှတ်ခံခဲ့ရပါတယ်၊
ref:abcnews
writer:Evelyn
TheGeekText.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
The Geek Text website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team
zawgyi
တရားမဝင္ျပည့္တန္ဆာအမႈအတြက္ ေထာင္ဒဏ္ 3ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရတဲ့ BigBangအဖြဲ႕ဝင္ေဟာင္း Seungri
Arkarta.com Copyright © 2021 ကူးယူ ေဖာ္ျပခြင့္ လုံးဝ ခြင့္မျပဳပါ။
ေတာင္ကိုရီးယား ဆိုလ္းၿမိဳ႕ စစ္ခုံ႐ုံးကေန Bigbangအဖြဲ႕ဝင္ေဟာင္းျဖစ္တဲ့ Seungri အား တရားမဝင္ ျပည့္တန္ဆာ လုပ္ငန္း၌ပါဝင္ပတ္သက္ေနေသာ အမႈ႔ေၾကာင့္ ေထာင္ဒဏ္သုံးႏွစ္ က်ခံေစရန္ ၾကာသပေတးေန႔က အမိန႔္ခ်မွတ္ခဲ့ပါတယ္၊
ဒါ့အျပင္ သူဟာ ကိုရီးယားေငြ 1.15 ဘီလီယံ (ေဒၚလာ989000)ကိုလည္း ဒဏ္ေၾကးေပးေဆာင္ရမွာျဖစ္ပါတယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနကဆိုပါတယ္၊ ဆိုးလ္ၿမိဳ႕ အနီး နားက Yongin ၿမိဳ႕ စစ္ခုံ႐ုံးမွာ စီရင္ခ်က္ခ်မွတ္ၿပီး အခ်ဳပ္ခန္းကို ေျပာင္းေရႊ႕ခဲ့တယ္လို႔ သိရပါတယ္၊ Lee Seung Hyun ေခၚ Seungriဟာ 2020 Januaryလကတည္းက 2015-2016ကာလအတြင္း ထိုင္ဝမ္၊ဂ်ပန္၊ေဟာင္ေကာင္ၿမိဳ႕ကစီးပြားေရးရင္းႏွီးျမႇုပ္ႏွံသူေတြအတြက္ တရားမဝင္ လိင္ပိုင္းဆိုင္ရာဝန္ေဆာင္မႈေတြ စီစဥ္ေပးမႈေၾကာင့္ စြဲခ်က္တင္ခံထားရသူလည္းျဖစ္ပါတယ္၊ ဆိုးလ္ နိုက္ကလပ္တခုရဲ့ေငြ ေတြကို အလြဲသုံးစားလုပ္ထားတဲ့အျပင္ နိုင္ငံရပ္ျခားေလာင္းကစားလုပ္ျခင္းတားျမစ္ဥပေဒကို ခ်ိဳးေဖာက္ကာ နိုင္ငံျခားေလာင္းကစား႐ုံမွာ ေလာင္းကစားလုပ္တာေၾကာင့္ျပစ္ဒဏ္ခ်မွတ္ခံထားရပါေသးတယ္၊ဒါေပမယ့္ သူကေတာ့ စြဲခ်က္ ေတာ္ေတာ္မ်ားမ်ားကိုပယ္ခ်ထားခဲ့ပါတယ္၊
ေျမာက္ကိုရီးယားရဲ့ ၿပိဳင္ဘက္နိုင္ငံျဖစ္တဲ့ေတာင္ကိုရီးယားနိုင္ငံဟာ ခႏၶာကိုယ္သန္စြမ္းသူတိုင္း မျဖစ္မေနစစ္မႈထမ္းရမည့္စနစ္ကို က်င့္သုံးတာေၾကာင့္ 21လၾကာ စစ္မႈထမ္းၿပီးတဲ့အခါ သူ႔ရဲ့ အမႈကို စစ္ခုံ႐ုံးသို႔လႊဲေျပာင္းခဲ့ပါတယ္၊
Yonhap သတင္းဌာနကေတာ့ Seungriဟာ တရား႐ုံးကိုစစ္ယူနီ ေဖာင္းနဲ႔ေရာက္လာခဲ့ၿပီး တရားသူႀကီးရဲ့စီရင္ခ်က္ေတြကို လာေရာက္နားေထာင္ရင္း အႀကိမ္ႀကိမ္ေခါင္းခါ ေနခဲ့တယ္လို႔ေဖာ္ျပထားပါတယ္၊
Seungriဟာ ဒီအမႈကိစၥေတြမျဖစ္ခင္က BigBangအဖြဲ႕ရဲ့ စတားတေယာက္ျဖစ္ၿပီး 2006မွာ ပြဲဦးထြက္ ခဲ့သူဆိုရင္လည္းမမွားပါဘူး၊
2016ခုႏွစ္ Forbes Magazine ရဲ့ေဖာ္ျပခ်က္အရဆိုရင္ ထိုအဖြဲ႕ဟာ အခြန္မေဆာင္ခင္ ဝင္ေငြတြက္ခ်က္မႈအရ တႏွစ္အတြင္း 44 မီလီယံဝင္ေငြရွိတယ္လို႔လဲ သိရပါတယ္၊
Seungriဟာ မီဒီယာတြင္ သူ႔ရဲ့ တရားမဝင္ျပည့္တန္ဆာ အမႈ စြပ္စြဲခ်က္ ပ်ံ႕ႏွံ့ခဲ့တာေၾကာင့္2019ခုႏွစ္မွာBigBangအဖြဲ႕ကထြက္ခဲ့ၿပီးသူ႔ရဲ့အမႈဟာ ပီးခဲ့တဲ့ႏွစ္ေတြက ကိုရီးယားအႏုပညာ အသိုင္းအဝိုင္းရဲ့ မေကာင္းသတင္းေတြထဲမွာ တခုအပါအဝင္ျဖစ္လာခဲ့ပါတယ္
၂၀၁၉ခုႏွစ္အတြင္းမွာဘဲအမ်ိဳးသမီးတဦးအား လိင္ပိုင္းဆိုင္ရာ ေႏွာက္ယွက္မႈအတြက္ ျပစ္မႈထင္ရွားတာေၾကာင့္အဆိုေတာ္ Jung Joon-youngဟာ ေထာင္ဒဏ္ေျခာက္ႏွစ္ ပစ္ဒဏ္ခ်မွတ္ခံခဲ့ရၿပီး ဂီတအဖြဲ႕ တခုရဲ့ အဖြဲ႕ဝင္ေဟာင္း Choi Jong-hoonကေတာ့ ေထာင္ဒဏ္5ႏွစ္ ခ်မွတ္ခံခဲ့ရပါတယ္၊
ref:abcnews
writer:Evelyn
TheGeekText.com Copyright © 2021 ကူးယူ ေဖာ္ျပခြင့္ လုံးဝ ခြင့္မျပဳပါ။
သတိေပးေၾကညာခ်က္
The Geek Text website မွတင္ဆင္တဲ့သတင္းနဲ႔ေဆာင္းပါးမ်ားကိုကူးယူတင္ဆက္ျခင္းလုံးဝခြင့္မျပဳပါဘူးခင္ဗ်ာ။
ကူးယူျခင္းေတြ႕ရွိပါက Facebook instant articleသို႔မဟုတ္Google Adsense monetization ျဖဳတ္ခံရတဲ့အထိReportတင္မွာပါ။တျခားဟာမ်ားလဲေတြ႕ရွိပါကအထက္ပါအတိုင္းလုပ္မွာပါ။တျခားေနရာမ်ားႏွင့္Facebook pageသို႔မဟုတ္ကိုယ္ပိုင္Profileမွာလဲကူးယူေဖၚျပခြင့္မျပဳပါဘူး။မိတ္ေဆြတို႔စိတ္ႀကိဳက္တိုက္ရိုက္share ျခင္းျဖင့္သာကူညီၾကပါခင္ဗ်ာ။
မိတ္ေဆြတို႔ရဲ့
Admin Team