တနေ့တရုတ်ကတကယ်ဆော်နိုင်တယ်ကြိုကာကွယ်တာမမှားဘူး(တရုတ်ကိုစိုးရိမ်တဲ့ ထိုင်ဝမ် ခေတ်မီစစ်လက်နက် တပ်ဆင်ဖို့ လုပ်ဆောင်)

News

တနေ့တရုတ်ကတကယ်‌ဆော်နိုင်တယ်ကြိုကာကွယ်တာမမှားဘူး(တရုတ်ကိုစိုးရိမ်တဲ့ ထိုင်ဝမ် ခေတ်မီစစ်လက်နက် တပ်ဆင်ဖို့ လုပ်ဆောင်)

ထိုင်ဝမ်မှာ ခေတ်မီ စစ်ဘက်ပစ္စည်းတွေ ဝယ်ယူရေးနဲ့ တိုးချဲ့ရေးအတွက် လာမယ့်နှစ်မှာ စစ်တပ်အသုံးစရိတ် တိုးမြှင့်ရေး အစိုးရက အဆိုပြုထားပါတယ်။

ထိုင်ဝမ်ရေပြင်နဲ့ ဝေဟင်ပိုင်နက်အတွင်း တရုတ်သင်္ဘောတွေနဲ့ လေယာဉ်တွေ ဆက်ပြီး ကျူးကျော်ဝင်ရောက်နေပြီး တိုက်ခိုက်မယ့်အရေး စိုးရိမ်နေတာနဲ့အတူ အခုလို စစ်တပ်အသုံးစရိတ် တိုးချဲ့ဖို့ အဆိုပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တိုက်လေယာဉ်တွေ၊ ပဲ့ထိန်းတပ် ဒုံးတွေနဲ့ အဝေးထိန်း ဒရုန်းယာဉ်တွေလို စစ်ဘက်ပစ္စည်းတွေ ဝယ်ယူရေးအတွက် လာမယ့်နှစ်မှာ ဒေါ်လာ ၁၇ ဒသမ ၇ ဘီလျံ အသုံးပြုနိုင်ရေး အစိုးရရဲ့ ပန်ကြားချက်ကို ထိုင်ဝမ်လွှတ်တော်အမတ်တွေ စပြီး ဆွေးနွေး သုံးသပ်နေကြပါတယ်။ ဒီထဲက ဒေါ်လာ ၁ ဒသမ ၄၅ ဘီလျံကိုတော့ တိုက်လေယာဉ်တွေ ဝယ်ယူရေး အပါအဝင် အထူးရည်ရွယ် အသုံးစရိတ်ဖြစ်ပြီး ဒေါ်လာ ၂ ဒသမ ၁၃ ဘီလျံကတော့ အထွေထွေအသုံးစရိတ်အတွက် လျာထားပါတယ်။

အာဏာရပါတီက ကြီးစိုးထားတဲ့ လွှတ်တော်မှာ အဆိုပြု အသုံးစရိတ်ကို ပြန်လှန်သုံးသပ်ပြီး နှစ်ကုန်ပိုင်းမှာ အတည်ပြုမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

၂၀၂၀ ပြည့်နှစ် အလယ်ပိုင်းလောက်ကစလို့ ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ဧရိယာအတွင်းနဲ့ အနီးမှာ တရုတ်ဘက်က လှုပ်ရှားမှု များလာတာတွေကို တုံ့ပြန်မှုအနေနဲ့ ကာကွယ်ရေး အသုံးစရိတ်သစ် ထွက်ပေါ်လာတာပါ။

VOA
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

တေန႔တ႐ုတ္ကတကယ္ေဆ္နိုင္တယ္ႀကိဳကာကြယ္တာမမွားဘူး(တ႐ုတ္ကိုစိုးရိမ္တဲ့ ထိုင္ဝမ္ ေခတ္မီစစ္လက္နက္ တပ္ဆင္ဖို႔ လုပ္ေဆာင္)

ထိုင္ဝမ္မွာ ေခတ္မီ စစ္ဘက္ပစၥည္းေတြ ဝယ္ယူေရးနဲ႔ တိုးခ်ဲ႕ေရးအတြက္ လာမယ့္ႏွစ္မွာ စစ္တပ္အသုံးစရိတ္ တိုးျမႇင့္ေရး အစိုးရက အဆိုျပဳထားပါတယ္။

ထိုင္ဝမ္ေရျပင္နဲ႔ ေဝဟင္ပိုင္နက္အတြင္း တ႐ုတ္သေဘၤာေတြနဲ႔ ေလယာဥ္ေတြ ဆက္ၿပီး က်ဴးေက်ာ္ဝင္ေရာက္ေနၿပီး တိုက္ခိုက္မယ့္အေရး စိုးရိမ္ေနတာနဲ႔အတူ အခုလို စစ္တပ္အသုံးစရိတ္ တိုးခ်ဲ႕ဖို႔ အဆိုျပဳခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

တိုက္ေလယာဥ္ေတြ၊ ပဲ့ထိန္းတပ္ ဒုံးေတြနဲ႔ အေဝးထိန္း ဒ႐ုန္းယာဥ္ေတြလို စစ္ဘက္ပစၥည္းေတြ ဝယ္ယူေရးအတြက္ လာမယ့္ႏွစ္မွာ ေဒၚလာ ၁၇ ဒသမ ၇ ဘီလ်ံ အသုံးျပဳနိုင္ေရး အစိုးရရဲ့ ပန္ၾကားခ်က္ကို ထိုင္ဝမ္လႊတ္ေတာ္အမတ္ေတြ စၿပီး ေဆြးေႏြး သုံးသပ္ေနၾကပါတယ္။ ဒီထဲက ေဒၚလာ ၁ ဒသမ ၄၅ ဘီလ်ံကိုေတာ့ တိုက္ေလယာဥ္ေတြ ဝယ္ယူေရး အပါအဝင္ အထူးရည္ရြယ္ အသုံးစရိတ္ျဖစ္ၿပီး ေဒၚလာ ၂ ဒသမ ၁၃ ဘီလ်ံကေတာ့ အေထြေထြအသုံးစရိတ္အတြက္ လ်ာထားပါတယ္။

အာဏာရပါတီက ႀကီးစိုးထားတဲ့ လႊတ္ေတာ္မွာ အဆိုျပဳ အသုံးစရိတ္ကို ျပန္လွန္သုံးသပ္ၿပီး ႏွစ္ကုန္ပိုင္းမွာ အတည္ျပဳမယ္လို႔လည္း ခန႔္မွန္းထားၾကပါတယ္။

၂၀၂၀ ျပည့္ႏွစ္ အလယ္ပိုင္းေလာက္ကစလို႔ ထိုင္ဝမ္ရဲ့ ေလေၾကာင္း ကာကြယ္ေရးဇုန္ သတ္မွတ္ဧရိယာအတြင္းနဲ႔ အနီးမွာ တ႐ုတ္ဘက္က လႈပ္ရွားမႈ မ်ားလာတာေတြကို တုံ႔ျပန္မႈအေနနဲ႔ ကာကြယ္ေရး အသုံးစရိတ္သစ္ ထြက္ေပၚလာတာပါ။

VOA
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။