တတိယမြောက် ဘဏ္ဍာရေး အမည်ပျက်နိုင်ငံ ဖြစ်လာတဲ့ မြန်မာ နှင့် နောက်ဆက်တွဲ အကျိုးဆက်များ

တတိယမြောက် ဘဏ္ဍာရေး အမည်ပျက်နိုင်ငံ ဖြစ်လာတဲ့ မြန်မာ နှင့် နောက်ဆက်တွဲ အကျိုးဆက်များ

မြန်မာပြည်က ကိုယ်မွေးကတည်းကနေ အခုထိ ဘယ်တော့ဖြစ်ဖြစ် တဦးချင်း ဝင်ငွေ နည်းတာတို့၊ ကျန်းမာရေး စောင့်ရှောက်မှု မကောင်းတာတို့နဲ့ အမြဲဇယားဘိတ်ချေးကပ်နေတာ.. အခုကျမှ စာရင်းထဲ တတိယတဲ့.. ကိုယ်တွေရှေ့ ဘယ်သူတုန်းဆိုတော့ မြောက်ကွီးယားနဲ့ အီရန်ပါတဲ့ရှင်.. အဲ့ကတည်းက ကောင်းသော တတိယလား၊ ဆိုးသော တတိယလားက သိသာလှပြီ..

ဒီသောကြာမှာပဲ မြန်မာပြည်ကို ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ Financial Action Task Force (FATF) က မီးခိုးရောင်စာရင်းထဲကနေ အမည်မည်းစာရင်းထဲပို့ black list ဖြစ်သွားတာ.. အကျိုးဆက်တွေက ဘာဖြစ်မလဲဆိုတာ သိချင်လို့ google မှာ ရှာကြည့်ပြီး သတင်းတွေ ဖတ်မိသမျှ အကြမ်းဖျင်း ပြန်ပြောပြရရင်..

IMF, World Bank, နဲ့ Asian Development Bank တွေက မြန်မာပြည်ကို အကူအညီပေးဖို့ ခက်သွားမယ်.. နိုင်ငံတကာ ကုန်သွယ်မှုတွေ၊ ပို့ကုန်ကဏ္ဏတွေ၊ NGO လိုဟာတွေနဲ့ ပြည်ပငွေကြေး စီးဆင်းမှု မှန်သမျှ အကုန် ကျဆင်းကုန်မယ်.. ရင်းနှီးမြှုပ်နှံတာတွေ အသစ်မလာသလို အဟောင်းဖြစ်တဲ့ တယ်လီနော်လ်တို့ မြန်မာပြည်က ထွက်သလိုတွေ ပိုဖြစ်မယ်..

မြန်မာပြည်ရဲ့ ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို နိုင်ငံတကာက ယုံကြည်မှု ကျမယ်.. အားတက်အောင် ပြောရရင် ကျပြီးသားကနေ ရစရာမရှိအောင် ဇောက်ထိုးကျမယ့်သဘော..

နိုင်ငံတကာ ငွေပေးချေတာတွေ အရင်ကထက် ပိုစိစစ်မှာမို့ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ ငွေပေးငွေယူတွေ အချိန်ပိုကြာမယ်.. supply chains တခုလုံး ဒုက္ခများမယ်.. ပြည်ပကို ကုန်ပို့မယ့်သူတွေ ပိုစိတ်ညစ်ရမယ်.. သွင်းကုန်တွေလည်း ဈေးပိုတက်မှာပဲ..

ဆိုတော့ကာ အနှစ်ချုပ်ပြောရရင် သတင်းဆိုးပါပဲ.. ဒေါ်လာတွေ ရှားမယ်.. မြန်မာငွေ တန်ဖိုးကျမယ်.. ဈေးတွေ တက်မယ်.. ကုန်ဈေးနှုန်းကြောင့် လူတွေ ဒုက္ခရောက်မယ်.. လုပ်ငန်းတွေ လုပ်ရကိုင်ရ ခက်မယ်.. အလုပ်အကိုင် ရှားပါးမယ်.. ပိုက်ဆံရှိတဲ့လူတန်းစားလည်း နိုင်ငံခြားမှာ ကျောင်းတက်မယ့် သားသမီးအတွက် ကျောင်းလခ ပေးဖို့ ခက်မယ်..

သွင်းကုန်သမားတွေလည်း ခက်ခဲကုန်ပြီး ပြည်တွင်းမှာ ပိုက်ဆံရှိတောင် နိုင်ငံခြားဖြစ် ပစ္စည်းအကောင်းစား ဝယ်ဖို့ ခက်လာမယ်.. လူတွေ အလုပ်မရှိ ငတ်လာတဲ့အခါ ခိုးဆိုးလုယက်တွေ အခုထက် ပိုများလို့ ပြည်သူ မလုံခြုံ ဖြစ်ရမယ်.. Poe Phyu Thant (UK)

နိဂုံးချုပ်အနေနဲ့ FATF Black Listed ဖြစ်သွားတဲ့ အတွက် အောက်ပါ အချက်အလက်တွေကို မြန်မာနိုင်ငံ အနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

(၁) IMF, ကမ္ဘာ့ဘဏ်နဲ့ ADB တို့က နေပြီး စီးပွားရေး ပိတ်ဆို့ ပြစ်ဒါဏ်ချမှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

(၂) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး။ အကူအညီ။ ရင်းနှီးမြုပ်နှံမှုနဲ့ အခြားသော နိုင်ငံတွင်းကို စီးဝင်လာမယ့် Cash တွေ အကုန် တားဆီးခံရတာ ငြင်းပယ်ခံရတာမျိုးဖြစ်နိုင်ပါတယ်။

(၃) နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံပိုင်ပုဂ္ဂလိက ပိုင်ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေအပေါ် သူတို့ရဲ့ နိုင်ငံတကာမှာရှိတဲ့ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှု ကျနိုင်ပါတယ်။

(၄) Export Trade တွေ Payement ကြာပါမယ်။

(၅) International Bank Charge တွေ မြင့်လာပါလိမ့်မယ်။ Correspondant Bank ရှားလာပါမယ်။

(၆) နိုင်ငံရဲ့ Credit Rating ကျလာပါမယ်။ အကျိုးဆက်က Fx inflow နှေးလာမယ်နည်းလာပါမယ်။ အကျိုးဆက်က Export Company တွေ Competitive Adventage ကျ လာပါမယ် USD ရှားလာပါမယ် Import တွေ ဈေးတက်ပါမယ် ကုန်ဈေးနှုန်း ပိုတက်လာပါမယ်။ (Michael)



Post Views:
1

Crd