တစ်ယောက်နဲ့တစ်ယောက်လေးမိနစ်ခြားပြီးမွေးလာခဲ့ကြသလို ကိုယ်ဝန်ဆောင်တော့လည်း တစ်ချိန်တည်းမှာဘဲ အတူတူဆောင်ခဲ့ကြတဲ့ အမွှာပူးညီအစ်မသုံးဦး

News

ညီအကိုမောင်နှမများနှင့်ကြီးပြင်းလာရခြင်းဟာ ကျွန်တော်တို့အားလုံးအတွက် ပုံမှန်အရာတစ်ခုလိုဘဲဖြစ်ပါတယ်။ခြွင်းချက်အနေနဲ့ တစ်ဦးတည်းသော သားသမီးတွေလည်း ရှိနေမှာပါ။သို့ပေမဲ့ အမွှာအဖြစ် မွေးဖွားလာခြင်းဟာ အခြေခံအားဖြင့် ဘုရားက သင့်အတွက် ( ဘဝအတွက်အကောင်းဆုံးသူငယ်ချင်း)အဖြစ် လက်ဆောင်ပေးလိုက်သလိုပါဘဲ။အခုဖော်ပြပေးမဲ့ သုံးမွှာပူးညီအစ်မသုံးယောက်ကတော့ ၎င်းတို့အချင်းချင်းဘဝကိုမျှဝေနေရင်းမှ နောက်တဆင့်ထပ်မြင့်တဲ့ level တစ်ခုသို့ ရောက်ရှိသွားခဲ့ကြပါတယ်။

Gina, Nina နှင့် Victoria အမည်ရှိတဲ့အခုအမျိုးသမီးသုံးယောက်တို့ဟာ သုံးမွှာပူးများဖြစ်ကြပါတယ်။၎င်းအမွှာညီအစ်မသုံးယောက်ဟာ တောင်ပိုင်းကယ်လီဖိုးနီယားပြည်နယ်မှဖြစ်ပြီး မကြာသေးခင်က ၎င်းတို့ရဲ့ရူးသွပ်စရာကောင်းလောက်တဲ့တိုက်ဆိုင်မှုနှင့်သတင်းတစ်ခုကို ကြားသိခဲ့ရပါတယ်။

(တစ်ယောက်နဲ့တစ်ယောက်လေးမိနစ်ခြားပြီးမွေးဖွားလာတဲ့) ၎င်းအမွှာညီအစ်မတို့ဟာ ၎င်းတို့ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးအပါအ၀င် အရာအားလုံးနီးပါးကို အချင်းချင်းမျှဝေပေးခဲ့ကြပါတယ်။

အခုတော့ အရင်ကထပ် နည်းနည်းပိုပြီး မျှဝေကြရတော့မှာပါ။မယုံနိုင်စရာကောင်းတာက အဆိုပါညီအစ်မသုံးယောက်တို့ဟာ ၎င်းတို့ရဲ့စရိုက်လက္ခဏာတွေက တသမတ်တည်းရှိနေပြီး ၎င်းတို့သုံးယောက်စလုံးက တစ်ချိန်တည်းမှာပင် ကိုယ်ဝန်ရှိနေခဲ့ပါတယ်။အချို့သောစုံတွဲများအတွက် ၎င်းက အတော်လေးစိတ်ဆင်းရဲစရာကောင်းပုံရပေမဲ့ ဤညီအစ်မများအတွက်ကတော့ ၎င်းတို့ရဲ့အိမ်မက်က တကယ်ဖြစ်သွားခဲ့သလိုပါဘဲ။

၎င်းတို့ဟာ ကိုယ်ဝန်ဆောင်ချိန်လအနည်းငယ်သာကွာခြားပြီး ဆရာဝန်၏ရုံးခန်းမှာ မြင်ရပုံအရ ၎င်းတို့ရဲ့ကလေးအခြေအနေများဟာ အဆင်ပြေနေပြီး တိုးတက်မှုပုံရိပ်အချို့ကိုလည်း တွေ့နိုင်ပါတယ်။ Victoria မှာ အသက် ၂နှစ်အရွယ်သမီးလေးရှိနေပြီဖြစ်ပြီး လာမည့် ဇူလိုင် ၃၀ ရက်နေ့မှာတော့ သားလေးကို မွေးဖွားမှာပါ။ Nina ကတော့ Victoria နှင့်တစ်လနီးပါးခြားကာ လာမည့်ဩဂုဏ်လ ၂၈ ရက်နေ့မှာ သူ့ရဲ့ကလေးဦးလေးကို မွေးဖွားမှာဘဲဖြစ်ပါတယ်။ Ginaကတော့ သူမရဲ့တတိယမြောက်သမီးလေးကို လာမည့် နိုဝင်ဘာလမှာ မွေးဖွားမှာဖြစ်ပြီး သူမမှာ ၈ နှစ်နှင့် ၅ နှစ်သားအရွယ်ကလေးများရှိနေပြီးဖြစ်ပါတယ်။

၎င်းတို့အားလုံးဟာ စီစဉ်ထားခြင်းမရှိပေမဲ့ အတူတကွကိုယ်ဝန်ဆောင်နေရတာကို စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။၎င်းတို့ဟာ အခုလို တစ်ချိန်တည်း ကိုယ်ဝန်ဆောင်ကြမယ်လို့ မထင်ထားခဲ့တာကြောင့် အမွှာဆိုတဲ့အတိုင်း ကိုယ်ဝန်ဆောင်ချိန်က အချိန်တူတူနီးပါးဖြစ်နေတော့ ၎င်းတို့အတွက် စိတ်လှုပ်ရှားစရာလည်းကောင်းသလို အံ့ဩစရာလည်း ကောင်းကြောင်း ထို့ကဲ့သို့ ဆိုထားခဲ့ကြပါတယ်။

မယုံနိုင်စရာကောင်းတာကတော့ ၎င်းတို့အားလုံးဟာ ဆရာဝန်တစ်ယောက်ထဲသို့ ညွှန်းကြားကြာ အပို့ခံခဲ့ကြရပါတယ်။ဒေါက်တာ Sternfeld ဟာ ၎င်းတို့အားလုံးနှင့်အတူတကွ အလုပ်လုပ်နေခဲ့ပြီး မိသားစုသုံးစုအတွက် ကလေးများအားလုံးကို မွေးထုတ်ပေးရန် ပီပီပြင်ပြင်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ကံမကောင်းစွာပဲ မျိုးရိုးအရ ၎င်းတို့ထဲကတစ်ယောက်မှ သုံးမွှာပူးကိုယ်ဝန်မပါခဲ့ပါဘူး။သို့ပေမဲ့လည်း ၎င်းတို့ကတော့ May be နောက်တစ်ချိန်လို့ဘဲ ဆုတောင်းနေခဲ့ကြပါတယ်။

Credit-Mia (KBdailynews)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply