■တစ်မိနစ်အတွင်းကျည်ဆံပေါင်း၁၂သိန်းပစ်ခတ်နိုင်ပြီး အသံလုံးဝမထွက်သောသေနတ်

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■တစ်မိနစ်အတွင်းကျည်ဆံပေါင်း၁၂သိန်းပစ်ခတ်နိုင်ပြီး အသံလုံးဝမထွက်သောသေနတ်

အခုအသစ်ပြောပြမယ့် လက်နက်က ကျွန်တော်တို့ အပေါ်မှာပြောခဲ့တဲ့ လက်နက်တွေနဲ့မတူဘဲ ကျည်ထွက်အောင် သေနတ်ပစ်တယ်ဆိုပေမယ့် အရမ်းအံ့သြစရာကောင်းတဲ့ နည်းလမ်းကြောင့် အထူးစိတ်ဝင်စားစရာကောင်းပါတယ် ဒီလက်နက်ကို DREAD(ဒရက်တ်)လို့ခေါ်ပါတယ်။

သူကတစ်မူထူးခြားတဲ့ပုံစံရှိပြီးတော့ ယမ်းမှုန့်အစား ဗဟိုခွာအားကို သုံးပါတယ် သေနတ်ရဲ့ကိုယ်ထည်ထဲမှာ ထူးခြားတဲ့အဝိုင်းတုံးလေးရှိပါတယ် ဒီအဝိုင်းတုံးက လျှပ်စစ်စွမ်းအားကိုသုံးပြီး လည်ပတ်လာပြီးတော့ ကိုယ်ထည်ထဲမှာရှိတဲ့ ကျည်ဆံအဝိုင်းလေးတွေက အရှိန်မြင့်လာပြီး ပစ်မှတ်ကို ပစ်ခတ်ပါတယ် DREAD(ဒရက်တ်)ဟာ ယမ်းမှုန့်မသုံးတဲ့အတွက်ကြောင့် သူ့ရဲ့ သေနတ်ပြောင်းဝမှာ ရန်သူကိုချိန်နိုင်တဲ့ အလင်းတန်းလေးမပါတဲ့အတွက်ကြောင့် သေနတ်ချိန်ရတာ အနည်းငယ်တော့အခက်အခဲရှိပါတယ်။

ဒီသေနတ်က အသံလုံးဝမထွက်တာကြောင့် အမိုက်စားလေးဖြစ်စေပါတယ် ဒါပေမယ့် အရေးအပါဆုံးအချက်ကတော့ M16 သေနတ်က တစ်မိနစ်အတွင်း ကျည်ဆံပေါင်း ၉၀၀ ပစ်နိုင်ပေမယ့် DREAD(ဒရက်တ်)ကတော့ တစ်မိနစ်အတွင်းမှာ ကျည်ဆံပေါင်း ၁၂သိန်းပစ်နိုင်ပါတယ် ။

ဒီကျည်ဆံထွက်တဲ့အမြန်နှုန်းဟာ Assault Rifle(အဆော့တ် ရိုင်ဖယ်လ်)ထက် ၂ဆပိုမြန်နေပါတယ် လောလောဆယ် ဒီသေနတ်ပုံစံကို တီထွင်သူ Trinamic(ထရွိုင်နမစ်က်)က စံနမူနာအနေနဲ့ တီထွင်နေတာတွေရှိပေမယ့် အများကြီး ထုတ်လုပ်ဖို့အတွက်တော့ သေချာမသိရသေးပါဘူး။
Ref:youtube
Trans:thegeektext

zawgyi






Ref:youtube
Trans:thegeektext