တစ်ကြိမ်အားသွင်းရုံဖြင့် မိုင် (၅၀၀) အထိမောင်းနိုင်မယ့် Tesla ရဲ့ အာကာသခေတ် Semi ထရပ်ကား

တစ်ကြိမ်အားသွင်းရုံဖြင့် မိုင် (၅၀၀) အထိမောင်းနိုင်မယ့် Tesla ရဲ့ အာကာသခေတ် Semi ထရပ်ကား

တစ်ကြိမ်အားသွင်းရုံဖြင့် မိုင် (၅၀၀) အထိမောင်းနိုင်မယ့် Tesla ရဲ့ အာကာသခေတ် Semi ထရပ်ကား..

နောက်ဆုံးမှာတော့ အားတစ်ကြိမ်သွင်းရုံဖြင့် မိုင် 500 မောင်းနှင်နိုင်သော Tesla ရဲ့ Semi ထရပ်ကားများ အဆင်သင့်ဖြစ်လာခဲ့ပါပြီ။ Tesla ရဲ့တောက်ပသော အာကာသခေတ် ထရပ်ကားအသစ်လို့ ဆိုရမှာပါ။ ကြိုတင်မှာယူမှု (Preorder) တွေထဲမှာမှ ပထမဆုံးသော ကားများကို Pepsi အချိုရည် ကုမ္ပဏီက ရရှိခဲ့ပါတယ်။

တဟုန်ထိုးတိုးတက်လာသော လျှပ်စစ်ကားလောကနဲ့အတူ အိမ်စီးကား၊ ဘက်စ်ကား၊ လုပ်ငန်းသုံးကားတွေအထိ တွင်တွင်ကျယ်ကျယ် ကြိုးပမ်းထုတ်လုပ်လာကြသလို လျှပ်စစ်ကားထုတ်လုပ်သူတွေအကြား ပြိုင်ဆိုင်မှုတွေနဲ့အတူ ဈေးကွက်ချဲ့ထွင်လာကြတာကိုလည်း တွေ့မြင်ရမှာဖြစ်တယ်။

Tesla သူဌေး အီလွန်မက်စ်နဲ့အတူ အင်ဂျင်နီယာ Dan Priestley တို့ကနေ နီဗားဒါးရှိ ကုမ္ပဏီရဲ့ Sparks Gigafactory မှာ ထုတ်လုပ်မှု အဆင်သင့်ဖြစ်နေပြီဖြစ်သော လျှပ်စစ် Semi Truck ကိုပြသခဲ့ပြီး ပထမဆုံးနမူနာများကို Pepsi ကုမ္ပဏီအား စင်မြင့်ပေါ်မှာ တိုက်ရိုက်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဆိုပါ Semi ထရပ်ကားမှာ Model S နှင့် Model X ရဲ့ Plaid ဗားရှင်းများမှာလိုမျိုး tri-motor setup နှင့် carbon-sleeved rotors များ၊ heat pumps၊ inverters နှင့် infotainment အပါအဝင် ‘carryover’ နည်းပညာများစွာကို အသုံးပြုဖို့ အတည်ပြုထားပါတယ်။

ရှေ့ axle မှာ မော်တာတစ်လုံးတည်းရှိပြီး၊ ဥပမာ ကားလမ်းပေါ်မှာမောင်းနေစဉ် clutch ကနေတဆင့် အလိုအလျောက် ဖြတ်တောက်နိုင်သော နောက်ဘက်မှာ မော်တာတစ်စုံပါရှိပါတယ်။ ဒါက Semi အား ပိုမိုထိရောက်မှုအားကောင်းစေဖို့အတွက် အဆိုပါအရှေ့ဘက်မော်တာတစ်လုံးကို အသုံးပြု၍မောင်းနှင်နိုင်စေမှာဖြစ်ပါတယ်။

Semi truck ဟာ လက်ရှိလမ်းပေါ်ရှိ ဒီဇယ်ထရပ်ကားတိုင်းရဲ့ စွမ်းအားထက် သုံးဆရှိပြီး ၎င်းရဲ့ 1,000V ဗိသုကာကို အနာဂတ် Tesla မော်ဒယ်များမှာ အသုံးပြုသွားမယ်လို့ ဆိုထားပါတယ်။ 1MW အားသွင်းကိရိယာကို အသုံးပြုပြီး နာရီဝက်အတွင်း 70 ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပါတယ်။ (GMP Motors)

Crd

Crd