■ တစ်ကြိမ်တည်းမှာကျည်ဆန်တွေသန်းနဲ့ချီပြီးပစ်ခတ်နိုင်တဲ့ စက်သေနတ်

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ တစ်ကြိမ်တည်းမှာကျည်ဆန်တွေသန်းနဲ့ချီပြီးပစ်ခတ်နိုင်တဲ့ စက်သေနတ်

စက်သေနတ်တွေဟာ ကျွန်တော်တို့ မျက်တောင်တစ်ခတ် အတွင်းမှာ ကျည်ဆန်တွေ အကုန် ကုန်သွားအောင် ပစ်နိုင်ပါတယ် ဒါပေမယ့် သူတို့မှာကန့်သတ်ချက် တစ်ခုရှိပါတယ် ဒါကတော့ ဒီသေနတ်တွေက တစ်ခါပစ်တိုင်းမှာ ကျည်တစ်ထောင့်ပဲထွက်ပါတယ်ဒါဆို တစ်ကြိမ်တည်းမှာ ကျည်ဆန်တွေ သန်းနဲ့ချီပြီး ပစ်ခတ်နိုင်တဲ့ စက်သေနတ်ကရော?

ဒီစက်သေနတ်ရဲ့ နာမည်ကတော့ metal storm(မက်တယ်လ် စတုန်းမ်း)လို့ ခေါ်ပြီးတော့ သူ့မှာ ပစ်ခတ်နိုင်တဲ့စနစ်တွေ၊ အမြှောက်တွေနဲ့ တစ်ခါတစ်လေမှာတော့ သေနတ်ပြောင်းတွေ ပါတတ်ပါတယ် ဒီနည်းပညာကို အသုံးပြုပြီး လက်နဲ့ကိုင်တွယ်နိုင်တဲ့ သေးငယ်တဲ့သေနတ် အဖြစ် ပြောင်းလဲ စမ်းသပ်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ် ဒီစီမံကိန်း ဖန်တီးသူဟာ သြစတေးလျနိုင်ငံသား Mike O’Dwyer(မိုက်ခ် အို’ဒွာယာ)ဟာ လက်နက်ရဲ့ တည်ဆောက်တဲ့ပုံကို သေနတ်ပစ်တဲ့နှုန်းနဲ့ အစားထိုးပြီးတော့ သေနတ်ကိုလွယ်ကူရိုးရှင်းအောင် တီထွင်ခဲ့ပါတယ်။

ဒီသေနတ်ရဲ့ လှုပ်ရှားလို့ရတဲ့ တစ်ခုတည်းသော အရာကတော့ မောင်းတံပဲဖြစ်ပါတယ် သေနတ်ပြောင်းတစ်ခုကို ကျည်ဆံတွေနဲ့ ပြည့်နေတဲ့ ကျည်ထည့်ကဒ်နဲ့ ကျည်ခုနစ်ခါထိုးလို့ရပါတယ် ဒီလို သေနတ်ပြောင်းတစ်ခုထဲကနေ ကျည်ဆံတွေအများကြီး တရစပ် ပစ်နိုင်ပြီးတော့ ကျည်ဆံတွေက ပစ်မှတ်ဆီကို သွေဖီမှုအနည်းဆုံးနဲ့ ပစ်ခတ်နိုင်တဲ့ သေနတ်ပြောင်းတွေ အများကြီးရှိသလို တစ်ကြိမ်တည်း သေနတ်ပြောင်းအများကြီးနဲ့ တစ်မိနစ်အတွင်း ကျည်ဆန်ပေါင်း ၁သိန်း၃သောင်း၅ထောင် ပစ်နိုင်ပြီးတော့ ဟာရီကိန်းမုန်တိုင်းတစ်ခုလို ဘယ်ပစ်မှတ်ကိုမဆို အမှုန့်ညက်ညက်ကြေသွားအောင် လုပ်နိုင်ပါတယ်။

ဒါပေမယ့် metal storm(မက်တယ်လ် စတုန်းမ်း)ကို ငြိမ်းချမ်းရေး ရည်ရွယ်ချက်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ် ဥပမာ မီးငြိမ်းသတ်တဲ့နေရာမှာ သောင်းနဲ့ချီတဲ့ မီးငြိမ်းသတ်နိုင်တဲ့ ဆေးတောင့်တွေကို အသုံးပြုပြီးတော့ မီးငြိမ်းသတ်တာဟာ ဒီလို ဒြပ်စင်တွေနဲ့ တိုက်ခိုက်တဲ့နေရာမှာ အလွန်အထောက်အကူဖြစ်ပါတယ်။

ဒီလို သေနတ်ပြောင်းတွေရဲ့ ဒီဇိုင်းတွေကရိုးရှင်းပေမယ့် ကျည်ပြန်ဖြည်တဲ့အချိန်ကို ကြာမြှင့်စေတာဟာ အရမ်းအရေးကြီးတဲ့ ပြစ်ချက်လို့ ခင်ဗျားတို့ရော အဲ့လိုမြင်လား?
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext