တစ်ကမ္ဘာ့လုံး အင်နဲ့အားနဲ့ ထုတ်လုပ်သုံးစွဲလာတော့မည့် EV ကား လက်ရှိအခြေအနေ..

တစ်ကမ္ဘာ့လုံး အင်နဲ့အားနဲ့ ထုတ်လုပ်သုံးစွဲလာတော့မည့် EV ကား လက်ရှိအခြေအနေ..
EV ကားတွေကတော့ တစ်ကမ္ဘာ့လုံး အင်နဲ့အားနဲ့ ထုတ်လုပ်သုံးစွဲလာတာကတော့ လက်ရှိအခြေအနေအမှန်ပါပဲ။အမေရိကားက ဘိုင်ဒါန်သမ္မတကလည်း ၂၀၃၀ နှစ်မှာ ကားအသစ်ရောင်းချမူရဲ့ ၅၀% ကို EV နဲ့ ပြောင်းလဲပြီး
zero emission car တွေပဲထုတ်လုပ်သုံးစွဲရမယ်လို့ လက်မှတ်ထိုးလိုက်ပြီ အမေရိကားရဲ့ California ပြည်နယ်က ၂၀၃၅ နောက်ပိုင်း ကားအသစ်ရောင်းချမူမှာ Hybrid car အပါအဝင်ဓာတ်ဆီကားများရောင်းချမူကို ပိတ်ပင်ထားပါတယ်.
အမေရိကန်သမ္မတ ဘိုက်ဒါန်ကလည်း လျှပ်စစ်ကားမော်တော်ထုတ်လုပ်မူအတွက် ဘတ္တရီအပါအဝင် လိုအပ်တဲ့အစိတ်အပိုင်းများထုတ်လုပ်မူအတွက် ထုတ်လုပ်သူတွေကို အမေရိကန်ဒေါ်လာ ၇ ဘီလီယံအထိ ပန့်ပိုးဖို့ ဆုံးဖြတ်ထားပါတယ်.
တစ်ကမ္ဘာ့လုံးကတော့ EV လျှပ်စစ်ကားသုံးစွဲမူကို မဖြစ်မနေ ပြောင်းလဲလာကြပြီ ပတ်ဝန်းကျင် ညစ်ညံ့မူ ကမ္ဘာ့ကြီးအပူချိန်လျော့ချဖို့အတွက် ကြိုးစားလာကြပါပြီ.
မြန်မာပြည်မှာလည်း ခေတ်နဲ့အညီ ပြောင်းလဲမူအရ EV car ရဲ့ သုံးစွဲမူက စိတ်ဝင်စားသူ အသုံးပြုလိုသူများရဲ့ လိုအပ်ချက်အရ ဈေးကွက်တစ်ခုကတော့ ကျိန်းသေဖြစ်လာတော့မှာပါ.
အိမ်နီးနားချင်းထိုင်းနိင်ငံအပါအဝင် အခြားနိင်ငံများမှာကတော့ အစိုးရရဲ့ ထောက်ပံမူနဲ့ သက်သက်သာသာ ဝယ်ယူအသုံးပြုခွင့်များဖြင့် စားသုံးသူတွေရဲ့ စိတ်ဝင်စားမူကို မြင့်မားစေပါတယ်.
ခေတ်စနစ်ပြောင်းလဲမူအပေါ် သုံးစွဲသူတွေလည်း ပြောင်းလဲလာကြလို့ EV ခေတ်ကတော့ မဖြစ်မနေရောက်လာမှာပါ.
Crd..SirTheinAungChen
unicode
Crd