တင့်ကားမုဆိုးများ
စစ်ပွဲတွေမှာ တင့်ကားတို့ရဲ့ တိုက်စွမ်းရည်ဟာ အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိပါတယ်။ ဒါကိုဟန့်တားဖို့ရာ ကောင်းကင်ကနေ အမဲလိုက်ခြင်းက ပိုထိရောက်ပါတယ်။
ခေတ်ပေါ် စစ်ဗိုလ်ချုပ်ကြီးများဟာ ဒီနည်းလမ်းကိုသုံးဖို့ နှစ်သက်ကြပါတယ်။ လေယာဉ်နဲ့ဗုံးကျဲတာ၊ ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေနဲ့ပစ်ခတ်ဖျက်ဆီးတာတွေဟာ တင့်ကားမုဆိုးတွေရဲ့ နည်းလမ်းတွေပါ။
ခုတစ်ခေါက်ကတော့ ယူအက်စ်ရဲ့ တင့်ကားဖျက် လေယာဉ်တစ်စီးနဲ့ ရဟတ်ယာဉ်တစ်စီး အကြောင်းပါ။
၁) A-10 Thunderbolt II
Fairchild republic ရဲ့ A-10 Thunderbolt II လေယာဉ်ဟာ မြေပြင်က ပစ်မှတ်တွေကို ဖျက်ဆီးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သူဟာရွေ့လျားပစ်မှတ်တွေကိုပါ ပစ်ခတ်နိုင်ပါတယ်။
သူ့ကို နာမည်ပြောင်ပေးထားတာက Warthog ( တောဝက် ) ဖြစ်ပါတယ်။ Low wing ( တောင်ပံနိမ့် ) အမျိုးအစားဖြစ်ပြီး အင်ဂျင်နှစ်လုံး တပ်ဆင်ထားပါတယ်။ Superior Manualbility ခေါ်ပျံသန်းမှုက ထူးရှယ်ပါ။
အရှိန်နှိမ့်ပြီး မြေပြင်နားကပ်ပျံသန်းနိုင်တာက ကျယ်ပြန့်တဲ့ အတောင်ပံ ဧရိယာရှိလို့ ဖြစ်ပါတယ်။ Aileron ကလည်း ကြီးမားပါတယ်။ ( အတောင်ပံစွန်းရှိ အတက် ။ လေယာဉ်ကွေ့ခြင်းစောင်းခြင်းအတွက် သုံးသည်။ )
ဒါကြောင့် စက်ဝိုင်းပုံ လည်ပါတ်ပျံသန်းရာမှာ ဧရိယာကျဉ်းကျဉ်းနဲ့ လှည့်နိုင်ပါတယ်။ ပေ ၁၀၀၀ အတွင်းမှာ လှည့်နိုင်တာပါ။ ဒါမျိုး တခြားလေယာဉ်တွေအတွက် မလွယ်ပါဘူး။ဒီလို လှည့်ပါတ်နိုင်စွမ်းဟာ ပစ်မှတ်ကို ပစ်ခတ်ရာမှာ တိကျစွာ ထိမှန်စေနိုင်ပါတယ်။
သူ့ရဲ့ အတောင် (wings)၊ ပဲ့ (Rudder) ၊အမြီးပိုင်း(Elevator)နဲ့ Landing Gear တို့ဟာ မာကျောတဲ့သတ္တုတွေနဲ့ ပြုလုပ်ထားလို့ မြေပြင်ကပစ်ခတ်တဲ့ လက်နက်ဒါဏ်ကို အတော်အတန် ခံနိုင်ရည်ရှိပါတယ်။ သူတို့အဆိုအရ ၂၃ မီလီမီတာအမြောက်
ဒါဏ်ကိုတောင် ခံနိုင်ပါတယ်တဲ့။
လေယာဉ်ခေါင်းခန်းနဲ့ ဦးပိုင်းဟာ တိုင်တေနီယမ်သတ္တုနဲ့ ပြုလုပ်ထားပြီး ပေါင် ၁၂၀၀ လေးပါတယ်။ ဒီအပိုင်းကို ရေချိုးကန် ( Bathtub ) လို့ ခေါ်ပါတယ် ။(ပုံကိုကြည့်ပါ)
လေယာဉ်မှာ မူလပါဝင်တဲ့ လက်နက်အပြင် အပိုတပ်ဆင်လို့ရအောင် ပုံစံထုတ်ထားပါတယ်။ လေယာဉ်နှုတ်သီး တည့်တည့်မှာ ၃၀×၁၃၇ မီလီမီတာ GAU-8/A စက်သေနဝာ် တပ်ဆင်ထားပါတယ်။
ဖိုက်တာလေယာဉ်တွေထဲမှာ ဖျက်စွမ်းအားအမြင့်ဆုံး လက်နက်ကို တပ်ဆင်ထားတဲ့ လေယာဉ် ဖြစ်ပါတယ်။
ကျည်ဆံကလည်း ယူရေနီယမ် အကာနဲ့ဆိုတော့ ပစ်မှတ်ကို ထိုးဖေါက်နိုင်စွမ်းရှိပါတယ်။ AGM-65 Mevrick ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်ဟာ A-10 ရဲ့ ပင်တိုင်အသုံးပြုတဲ့ ဒုံးကျည်ဖြစ်ပါတယ်။ Cluster bomb အမျိုးအစား Hydra-70 rock pod လဲတပ်ဆင်ထားပါတယ်။
A-10 မှာ GPS( Global Positioning system) လေဆာလမ်းညွှန် ဗုံးလည်း ပါပါသေးတယ်။ ဒါဟာ တင့်ကားတွေကို အမဲလိုက်ဖို့ လိုတာထက်တောင်ပိုနေပါတယ်။
၂) AH-64 Apache
နောက်တမျိုးကတော့ အပါချီလို့လူသိများတဲ့ AH-64 Apache ရဟတ်ယာဉ်ဖြစ်ပါတယ်။ Boeing ကထုတ်ပါတယ်။ သူဟာလည်း တင့်ကားတွေအတွက် အိမ်မက်ဆိုးတစ်ခုပါဘဲ။
၁၉၈၀ ခုနှစ်လောက်ကတည်းက သုံးခဲ့တာပါ။ ပစ်မှတ်အပေါ်မှာ ရပ်တန့်နေပြီး ပစ်ခတ်နိုင်ပါတယ်။ ပျံသန်းနေရင်းလဲ တိကျစွာ ပစ်ခတ်နိုင်ပါတယ်။
သစ်ပင်ထိပ်ဖျားအမြင့်လောက်က ပျံသန်းရင်း AGM 114 Hellfire missile တွေပစ်လွှတ်နိုင်ပါတယ်။ Hellfire ၁၆ လုံး သယ်ဆောင်နိုင်ပါတယ်။ လည်နေတဲ့ပြောင်းလေးခုနဲ့ 70mmHydra rocket ၁၉ ခု ပါပါတယ်။
ဒီလက်နက်နှစ်မျိုးအစား 30 mm M230 cannon စက်သေနတ် တပ်လို့လည်း ရပါတယ်။ နောက်ဆုံးပေါ် အပါချီမှာဆိုရင် AN/APG-7 Longbow Radar ကို ပန်ကာထိပ်မှာ တပ်ဆင်ထားပြီး ပစ်မှတ်ကို ဦးစားပေးရွေးချယ်ခြင်း ပြုလုပ်နိုင်ပါတယ်။
တပြိုင်တည်းပစ်မှတ် ၂၅၆ ခု ချိန်ရွယ်နိုင်ပြီး ၃၁ မိုင်အကွာက ပစ်ခတ်နိုင်တယ်ဆိုပါတယ်။
လေယာဉ်မှူးရဲ့ ခေါင်းဆောင်းဦးထုပ်ကတဆင့် ပစ်မှတ်ကို ချိန်ရွယ်နိုင်တဲ့ IHADSS ( Integrated Helmet-mounted and Display Sighting System ) တပ်ဆင်ထားပါတယ်။
တင့်ကားမုဆိုးတွေ အစွမ်းထက်သလိုပဲ မြေပြင်က လေကြောင်းကာကွယ်ရေးစနစ်တွေကလည်းတိုးတက်လာနေပါတယ်။
ပေါ့ပါးတဲ့ ပုခုံးထမ်းဒုံးကျည်တွေကလည်း တင့်ကားမုဆိုးတွေကို အာခံနိုင်တယ်ဆိုတာ ယူကရိန်းစစ်ပွဲမှာ တွေ့မြင်နိုင်ပါတယ်။
ဆိုတော့ ဘယ်သူသာတယ်ဆိုတာကတော့ အရည်အသွေးနဲ့ အရည်အချင်းကသာ ဆုံးဖြတ်ပေးမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Knight News Team
Crd