USS Ronald Reagan (CVN-76) လေယာဉ်တင်သင်္ဘောကြီး ထိုင်ဝမ်နဲ့မိုင်၁၀၀အကွာ မှာစစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတယ်လို့ အမေရိကန်ကထုတ်ပြန်လိုက်ပါပြီ။ အမေရိကန်ရော်နယ်ရေဂင်လေယာဉ်တင် သင်္ဘောဟာဖိလစ်ပိုင်ပင်လယ်အတွင်း လက်ရှိမှာစစ်ဆင်ရေးမစ်ရှင်တွေလုပ်ဆောင်ပြီး လွတ်လပ်ပွင့်လင်းတဲ့အင်ဒို-ပစိဖိတ်ဒေသကို အထောက်အကူပေးနေတယ်လို့အမေရိကန် ပြည်ထောင်စုအမှတ်(၇)ရေတပ်ကယမန်နေ့က ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။
တောင်တရုတ်ပင်လယ်မဟာဗျူဟာဆိုင်ရာ အသိပညာပေးခြင်းရဲ့အစောပိုင်းမိတ်ဆက်ချက် အရရေဂင်လေယာဉ်တင်သင်္ဘောဟာသြဂုတ်၁၂ရက် ကတောင်ဘက်ဆီ၊ပြန်ဆင်းလာပြီး၁၃ရက်မွန်းတည့် မှာ၂ရက်အတွင်းအနောက်တောင်ဘက်ဆီကို ရေမိုင် ၅၀၀ နီးပါးလှည့်သွားခဲ့ကြောင်းနဲ့ လက်ရှိမှာဂျပန်နိူင်ငံ၊အိုကီနာဝါတောင်ဘက် ရေပြင်၊တနည်းအားဖြင့်၊ထိုင်ဝမ်နဲ့မိုင်၁၀၀ကျော် အကွာမှာတည်ရှိနေပါတယ်။
သြဂုတ်လ၁၃ရက်နေ့မှာ အမေရိကန်ရေတပ်ရဲ့တစ်ခုတည်းသော ရှေ့တန်းတပ်ဖြန့်လေယာဉ်တင်သင်္ဘောရဲ့ သင်္ဘောသားတွေဟာဖိလစ်ပိုင်ပင်လယ်မှာ တာဝန်ကျခဲ့ပြီးသင်္ဘောရဲ့အဆင်သင့်ရှိမှုနဲ့ အမှတ်(၅)လေတပ်ရဲ့နိူးကြားဖျတ်လတ်မှုတွေ ကိုထိန်းသိမ်းထားပါတယ်။ CVN 76 ရော်နယ်ရေဂင်လေယာဉ်တင်သင်္ဘော ရဲ့တိုက်ခိုက်ရေးအုပ်စုတပ်မှူး၊ရေတပ်ဗိုလ်ချုပ်ကြီး မီချယ်လ်ဒွန်နယ်လီကပြောကြားရာမှာ ဒေသတွင်းမှာရုန်းရင်းဆန်ခတ် နိူ့မဟုတ် အကျပ်ကိုင်တဲ့စွမ်းအားတွေ တိုးလာနေတာပဲဖြစ်ဖြစ် အမေရိကန်ရေတပ်ရဲ့ မစ်ရှင်ကပြောင်းလဲမသွားဘူး။
ပစိဖိတ်ဒေသမှာတပ်ဖြန့်ချထားမှုနဲ့ တည်ရှိနေမှုမှာလဲပြောင်းလဲခြင်းမရှိခဲ့ဘူး။ အားလုံးကကျွန်ုပ်တို့ရဲ့မိတ်ဖက်တွေ မဟာမိတ်တွေနဲ့လိုက်လျောညီထွေဖြစ်အောင်နဲ့ နိုင်ငံတကာစံနှုန်းတွေကိုနားလည်သဘောပေါက်ပြီး တူညီတဲ့တန်ဖိုးတွေကိုမျှဝေခံစားဖို့ဖြစ်တယ်။CVN-76 ရဲ့တပ်မှူးဖရက်ဂိုးလ်ဟမ်းမားကလဲ ရှေ့တန်းတပ်ဖြန့်ထားတဲ့သဘောင်္သားတွေဖြစ်တဲ့ ရော်နယ်ရေဂင်သင်္ဘောပေါ်ရှိကျွန်ုပ်တို့အားလုံးမှာ Peace Through Strength (စွမ်းပကားမှတဆင့်၊ငြိမ်းချမ်းရေးဆီသို့) ဆိုတဲ့ဆောင်ပုဒ်ကိုနှလုံးသွင်းထားတယ် လို့ပြောကြားခဲ့ပါတယ်။
အမေရိကန်တပ်မှူးကဆက်ပြီး USS 76 မှာကျွန်ပ်တို့လုပ်သမျှအရာအားလုံးဟာ ပဋိပက္ခတစ်ခုမှာအနိုင်ရဖို့အတွက်ကျွန်ပ်တို့ရဲ့ တိုက်ခိုက်ရေးအဆင်သင့်ရှိမှုကိုထိန်းသိမ်းထားရုံ သာမကပဲ၊မြင့်မားတဲ့တိုက်ပွဲစွမ်းရည်ကို စဉ်ဆက်မပြတ်ထိန်းသိမ်းထားတယ်။ ကျွန်ပ်တို့ဒေသငြိမ်းချမ်းရေးကို တခြားနည်းနဲ့ခြိမ်းခြောက်မယ့်သူတွေကို ဒီကနေ့ဒီအချိန်မှာရန်စလို့မရတာ့ဘူး ဆိုတာရှင်းရှင်းလင်းလင်းသိစေချင်တယ် လို့သတိပေးစကားဆိုခဲ့တယ်။
လွတ်လပ်ပွင့်လင်းတဲ့အင်ဒို-ပစိဖိတ်ဒေသကို ပံ့ပိုးပေးဖို့အတွက်ဖိလစ်ပိုင်ပင်လယ်မှာလက်ရှိ မစ်ရှင်လုပ်ဆောင်နေတဲ့အမေရိကန်ရော်နယ် ရေဂင်လေယာဉ်တင်သဘောင်္ကြီးဟာအမှုထမ်း၊ အရာထမ်း ၄,၉၀၀ဦးရှိပြီးအမှတ်(၅)တိုက်ခိုက်ရေး အုပ်စုရဲ့အထင်ကရဖြစ်တယ်လို့အမှတ်(၇) ရေတပ်ကပြောကြားခဲ့ပါတယ်။
CVN-76 ရော်နယ်ရေဂင်သင်္ဘောကြီးဟာ သြဂုတ်၂ရက်နေ့ကထိုင်ဝမ်ကိုအမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပီလိုစီလာရောက် လည်ပတ်စဉ်၊ဖိလစ်ပိုင်ပင်လယ်မှာ တပ်ဖြန့်ချထားခဲ့ပါတယ်။ အမေရိကန်အထက်လွှတ်တော်အမတ် အက်မာကီဦးဆောင်တဲ့ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ယမန်နေ့ညဦးပိုင်းက ထိုင်ဝမ်ကိုထပ်မံရောက်ရှိလာတာ ၎င်းတို့ရဲ့စွမ်းပကားအမြင့်ဆုံးလေယာဉ် သင်္ဘောကြီး ထိုင်ဝမ်အနီးရောက်လာတာ ဒါတွေကအကြောင်းမဲ့ တိုက်ဆိုင်လွန်းတာတော့မဟုတ်လောက်ဘူးလို့ထင်ပါတယ်။
Crd…???????????????? ???????????????? ????????.????
Unicode
Crd…???????????????? ???????????????? ????????.????
Unicode
Crd