အိန္ဒိယမြေပြင်တပ်ဖွဲ့များအတွက်သတင်းဆိုး
တရုတ်က ပါကစ္စတန်ကို လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ် အစင်းရေ ၅၀ ရောင်းချကုန်းမြင့်ဒေသတွေမှာ တပ်ဖြန့်တာဝန်ထမ်းဆောင်နေသည့် အိန္ဒိယမြေပြင်တပ်ဖွဲ့များ၌ ရန်သူ့တိုက်ခိုက်မှုကို တုံ့ပြန်ရန် ခေတ်မှီကာကွယ်ရေးလက်နက် စနစ်များအားနည်းနေသည်ဖြစ်သည့်အချိန်အတွင်း တရုတ်က ပါကစ္စတန်သို့ UCAV အစင်းရေ ၅၀ စင်းရောင်းချပေးခဲ့သည်ဟု သိရှိရပြီး အဆိုပါရောင်းချမှုသည် အိန္ဒိယတပ်ဖွဲ့ဝင်များအတွက် အိမ်မက်ဆိုးဖြစ်သည်ဟု သုံးသပ်ထား ကြသည်။
တရုတ်မီဒီယာများကလည်း အိန္ဒိယမြေပြင်ဖွဲ့စည်းမှုသည် လက်နက်ကိုင်မောင်းသူမဲ့လေယာဉ်များ၏ တိုက်ခိုက်မှုကို နှိုင်းယှဉ်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အာဖရိက၌ Wing Loong II လေယာဉ်များ၏ အောင်မြင်မှုများအပေါ် အလေးထားဖော်ပြနေသော်လည်း အိန္ဒိယကမူ အဆိုပါစနစ်များသည် ထင်သလောက် စိုးမိုးမှုမရှိကြောင်းနှင့် မိမိတို့လေပိုက်နက်ကို ဖြတ်သန်းဝင်ရောက်လာပါက ပစ်ချမှုခံရမည်ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့ပြီး
ထို့အတွက်လည်း နယ်စပ်အနီး၌ ရေဒါစနစ်များကို အသုံးပြု၍ အချိန်နှစ်တစ်ပြေးညီထောက်လှမ်းလျက်ရှိကြောင်းလည်း ပြောကြားခဲ့ပါသည်။

Ref-AVP
Credit – MyanmarNews24