
တကယ့် တောသား ပေါကား ကြော်ငြာလိုဖြစ်နေပြီး အစားအစာဖန်တီးသူတွေကို စော်ကားသလို ဖြစ်စေတဲ့ မြန်မာဖုဒ်ဘလောဂါအချို့ရဲ့ ဆင်ခြင်ရမယ့် အပြုအမူများ

ဖုဒ်ဘလောဂါတွေ ဂရုပြုရမယ့် အစားအစာဖန်တီးသူတွေကို စော်ကားသလို ဖြစ်စေတဲ့ အပြုအမူများ
ရေးသားသူ – Kyaw Swa Min၊ မဆိုင်ဘူး ထိုင်ကြည့်မနေနိုင်အောင် ရုပ်ဆိုးလှလို့ ဒီစာကိုရေးမိတယ်။ အိုင်တီ၊ အေအိုင် ခေတ်မှာ မြို့မှာရှိသမျှ တောမှာရှိလာတယ်။ ကား၊ ယာဉ် ယန္တယား၊ ဖုံး၊ မီး၊ရေ အကုန် မြို့နဲ့တပြေးညီ ဖြစ်လာပြီးတဲ့နောက် တော နဲ့ မြို့ ကွာဟချက် ကင်းလာတယ်၊

မြိုရဲ့ဂုဏ်ပုဒ်ဟာ ပြွတ်ကြပ်နေတာပဲရှိတယ်၊ တောက ပိုအသက်ရှုချောင်လာတယ်။ လူတွေဟာ မွန်းကြပ်ရင်တောကိုဆင်းကြတယ်။ တောသား ဆိုတဲ့စကားလုံးဟာ ဗန်းစကားလောကမှာ တောနေလူတန်းစားကို ကိုယ်စားမပြုတော့ဘူး၊ အသိဉာဏ်ကင်းမဲ့သူတွေကို ခေါ်တဲ့စကားလုံး ဖြစ်လာတယ်။

ဒီနေ့ မနက် ဖဘ ပေါ်မှာ ကလေးမတယောက် ဆိုင်တခုက မုန့်တွေကို တခုပြီးတခု ချေမွပြ၊ တကိုက် နှစ်ကိုက်စားပြပြီး ပရိုမိုးရှင်း လုပ်ပြတာ ကိုယ့်ဝေါလ်ပေါ်လာပေါ်တယ်။ တကယ့် တောသား ပေါကား ကြော်ငြာပဲ။

အဲ့ဒီမုန့်တွေလုပ်တဲ့ စားဖိုမှူးတွေကို အားနာမိတယ်၊ တချို့ မနက် လေးငါးနာရီကတည်းက မီးဖို မီးပူနားကပ်ပြီး လူတွေစားတဲ့အစားအစာတခုဖြစ်ဖို့ အပမ်းတကြီးအားထုတ်ကြရတယ်။ မြန်မာတွေဟာ အစားအစာကိုလေးစားကြတယ်၊ ချစ်ကြတယ်၊ မီးဖိုချောင်ထဲ တကုတ်ကုတ် လုပ်ကြတဲ့ အမေ၊အဖွား၊ အဒေါ် တွေနဲ့ တိုက်ရိုက် သက်ဆိုင်တယ်။ အတော်လေးလေးစားစား ရှိရတဲ့အရာ။

မြန်မာတွေရဲ့ အစားအစာတွေမှာ ငါးမိနစ်၊ ၁၀ မိနစ်နဲ့ ပြီးတဲ့အစားအစာမရှိဘူး၊ တချို့ အစာတွေ နာရီများစွာလုပ်ရတယ်။ အစားအစာဆိုတာ မေတ္တာထည့်ထားမှ အရသာရှိတာ။ အောင်မြင်တဲ့ စားသောက်ဆိုင်တွေဟာ passion အပြည့်နဲ့လုပ်မှန်း စားသုံးသူတွေသိကြတယ်။

ဒီကလေးမ အစားအစာအပေါ် passion ချို့တဲ့တယ်၊ human psychology ကိုတီးခေါက်မိဟန်မတူဘူး။ အတော်ညံ့တာပဲ။ ငယ်ငယ်ကဆို အဖွားက ကိုယ် ထမင်းစားလို့ လက်ချောင်းတွေ ပေရင်၊ ကုန်အောင်မစားရင်၊ ဟင်း၊ ထမင်း စားပွဲပေါ် ကျရင် အတော်ပြင်းပြင်းထန်ထန်ဆူတယ်၊

အစာတခုဖြစ်ဖို့ တောင်သူတွေ ဘယ်လိုရုန်းကန်ရကြောင်းပြောတယ်။ လောက မှာ တရက်တည်းနဲ့ လူစားဖို့ ဖြစ်လာတဲ့ အသီးအရွက်၊ အသား၊ အစာ တခုမှ မရှိဘူး။ လေးစားကြပါ။ တချို့ သီးပင်စားပင် သုံးလေးလကြာတယ်၊ တချို့ နှစ်ပေါက်တယ်၊ တချို့အုန်း၊ ထန်း အပင်တွေဆို နှစ် ပေါင်းလေးငါးဆယ်မှ စားရတာ။


ကျွန်တော်တို့ဆီမှာ တဘဝလုံး မကြားစဖူးကြားရတဲ့ ငတ်သေတဲ့ မသာတွေပေါ်နေပြီ။ အစားအစာ ကို waste လုပ်မပြကြနဲ့။ လေးစားချွေတာကြဗျ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Unicode
တကယ့် တောသား ပေါကား ကြော်ငြာလိုဖြစ်နေပြီး အစားအစာဖန်တီးသူတွေကို စော်ကားသလို ဖြစ်စေတဲ့ မြန်မာဖုဒ်ဘလောဂါအချို့ရဲ့ ဆင်ခြင်ရမယ့် အပြုအမူများ

ဖုဒ်ဘလောဂါတွေ ဂရုပြုရမယ့် အစားအစာဖန်တီးသူတွေကို စော်ကားသလို ဖြစ်စေတဲ့ အပြုအမူများ
ရေးသားသူ – Kyaw Swa Min၊ မဆိုင်ဘူး ထိုင်ကြည့်မနေနိုင်အောင် ရုပ်ဆိုးလှလို့ ဒီစာကိုရေးမိတယ်။ အိုင်တီ၊ အေအိုင် ခေတ်မှာ မြို့မှာရှိသမျှ တောမှာရှိလာတယ်။ ကား၊ ယာဉ် ယန္တယား၊ ဖုံး၊ မီး၊ရေ အကုန် မြို့နဲ့တပြေးညီ ဖြစ်လာပြီးတဲ့နောက် တော နဲ့ မြို့ ကွာဟချက် ကင်းလာတယ်၊

မြိုရဲ့ဂုဏ်ပုဒ်ဟာ ပြွတ်ကြပ်နေတာပဲရှိတယ်၊ တောက ပိုအသက်ရှုချောင်လာတယ်။ လူတွေဟာ မွန်းကြပ်ရင်တောကိုဆင်းကြတယ်။ တောသား ဆိုတဲ့စကားလုံးဟာ ဗန်းစကားလောကမှာ တောနေလူတန်းစားကို ကိုယ်စားမပြုတော့ဘူး၊ အသိဥာဏ်ကင်းမဲ့သူတွေကို ခေါ်တဲ့စကားလုံး ဖြစ်လာတယ်။

ဒီနေ့ မနက် ဖဘ ပေါ်မှာ ကလေးမတယောက် ဆိုင်တခုက မုန့်တွေကို တခုပြီးတခု ချေမွပြ၊ တကိုက် နှစ်ကိုက်စားပြပြီး ပရိုမိုးရှင်း လုပ်ပြတာ ကိုယ့်ဝေါလ်ပေါ်လာပေါ်တယ်။ တကယ့် တောသား ပေါကား ကြော်ငြာပဲ။

အဲ့ဒီမုန့်တွေလုပ်တဲ့ စားဖိုမှူးတွေကို အားနာမိတယ်၊ တချို့ မနက် လေးငါးနာရီကတည်းက မီးဖို မီးပူနားကပ်ပြီး လူတွေစားတဲ့အစားအစာတခုဖြစ်ဖို့ အပမ်းတကြီးအားထုတ်ကြရတယ်။ မြန်မာတွေဟာ အစားအစာကိုလေးစားကြတယ်၊ ချစ်ကြတယ်၊ မီးဖိုချောင်ထဲ တကုတ်ကုတ် လုပ်ကြတဲ့ အမေ၊အဖွား၊ အဒေါ် တွေနဲ့ တိုက်ရိုက် သက်ဆိုင်တယ်။ အတော်လေးလေးစားစား ရှိရတဲ့အရာ။

မြန်မာတွေရဲ့ အစားအစာတွေမှာ ငါးမိနစ်၊ ၁၀ မိနစ်နဲ့ ပြီးတဲ့အစားအစာမရှိဘူး၊ တချို့ အစာတွေ နာရီများစွာလုပ်ရတယ်။ အစားအစာဆိုတာ မေတ္တာထည့်ထားမှ အရသာရှိတာ။ အောင်မြင်တဲ့ စားသောက်ဆိုင်တွေဟာ passion အပြည့်နဲ့လုပ်မှန်း စားသုံးသူတွေသိကြတယ်။

ဒီကလေးမ အစားအစာအပေါ် passion ချို့တဲ့တယ်၊ human psychology ကိုတီးခေါက်မိဟန်မတူဘူး။ အတော်ညံ့တာပဲ။ ငယ်ငယ်ကဆို အဖွားက ကိုယ် ထမင်းစားလို့ လက်ချောင်းတွေ ပေရင်၊ ကုန်အောင်မစားရင်၊ ဟင်း၊ ထမင်း စားပွဲပေါ် ကျရင် အတော်ပြင်းပြင်းထန်ထန်ဆူတယ်၊

အစာတခုဖြစ်ဖို့ တောင်သူတွေ ဘယ်လိုရုန်းကန်ရကြောင်းပြောတယ်။ လောက မှာ တရက်တည်းနဲ့ လူစားဖို့ ဖြစ်လာတဲ့ အသီးအရွက်၊ အသား၊ အစာ တခုမှ မရှိဘူး။ လေးစားကြပါ။ တချို့ သီးပင်စားပင် သုံးလေးလကြာတယ်၊ တချို့ နှစ်ပေါက်တယ်၊ တချို့အုန်း၊ ထန်း အပင်တွေဆို နှစ် ပေါင်းလေးငါးဆယ်မှ စားရတာ။

လက်ရှိကမ္ဘာဟာ တနှစ် တနှစ်အစားအစာ တန်ချိန်ပေါင်း ၉၃၁ သန်း အလဟဿ ဖြစ်နေတယ်။ အသက် ၈၂ နှစ်နေတဲ့ လူတယောက်ဟာ တဘဝလုံးမှာ အနပ်ပေါင်း ၈၉၇၉၀ စားတယ်။ တသက်လုံး အစားအစာ ၃၅ တန် စားတယ်။ ကမ္ဘာမှာ အစားအသောက်ကို အလဟဿ မလုပ်ကြဘူးဆိုရင် လူ သန်းပေါင်းနှစ်ထောင် ငတ်မွတ်ဘေးက လွတ်မယ်၊ ကမ္ဘာ့ လေထု ၈% ပိုပြီး သန့်စင်မယ်တဲ့။

Crd

Crd