TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဉာဏ်သုံးပြီးလုပ်ဆောင်တတ်တဲ့အဖွဲ့ဖြစ်သည့် Sayeret Matkal

စေးရာမတ်ကဲ အဖွဲ့ဆိုတာကတော့ အစ်စရေးနိုင်ငံကို အဓိက ကာကွယ်ပေးနေတဲ့ အထူး ခုခံရေးတပ်ဖွဲ့ပါ။ ဒီအရှေ့အလယ်ပိုင်းနိုင်ငံလေးတစ်ခုဖြစ်တဲ့ အစ္စရေးဟာ ရန်သူများစွား ဝိုင်းရံနေတဲ့နိုင်ငံဖြစ်တာမို့ များလှတဲ့ အကြမ်းဖက်မှုတွေ ကိုင်တွယ်ဖြေရှင်းဖို့ အဆင့်မြင့်အထူးတပ်ဖွဲ့ဆိုတာ လိုကိုလိုအပ်တာပေါ့။

ကျန်းမာရေးကောင်းမွန်တဲ့ အစ္စရေးနိုင်ငံသားတိုင်းဟာ သူတို့ဘဝရဲ့ အချိန်တစ်ခုလောက်ထိ နိုင်ငံတော်တာဝန်ထမ်းဆောင်ကြရပါတယ်။ ဒီအစ္စရေးအထူးတပ်ဖွဲ့ဝင်တွေဟာ အတော်ဆုံး ကျန်းမာသန်စွမ်းပြီး ခံနိုင်ရည် အရှိဆုံးဆိုသူတွေကိုပဲ ရွေးချယ်ထားတာပါ။

ဒီ အစ္စရေးအဆင့်မြင့်အထူးတပ်ဖွဲ့ကို ဓားစားခံတွေကို ကယ်တင်ဖို့နဲ့ အကြမ်းဖက်သမားတွေကိုတိုက်ခိုက်ဖို့ဆိုပြီး စတင်ဖွဲ့စည်းခဲ့တာ မဟုတ်ပေမယ့်လညိး အဲ့လိုသဘောမျိုးပဲဖြစ်သွားခဲ့ပါတယ်။ တခြားစစ်သားတွေလိုမျိုးပဲ သူတို့မှာလည်း အသက်ရှင်ရေး နည်းဗျူဟာတွေ လေ့ကျင့်ထားရပါတယ်။

ဒါပေမယ့် ဒီအဖွဲ့ အလေးထားပြုလုပ်လေ့ရှိတဲ့ အရာတစ်ခုကတော့ သူတို့ mission တွေကို လုပ်ဆောင်တဲ့အခါမှာ ဘယ်သူမှမသိလိုက်တဲ့အပြင် ဘာခြေရာလက်ရာမှ မကျန်အောင် လုပ်ဆောင်လေ့ရှိကြတာပါ။ ဉာဏ်သုံးပြီး လုပ်ဆောင်တတ်တဲ့ အဖွဲ့ဖြစ်တာမို့ ရန်သူတပ်ထက်ပိုပြီး လေးလေးနက်နက် စစ်ဆင်ရေးတွေလုပ်လေ့ရှိတဲ့ အဖွဲ့တစ်ခုပါ။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ဉာဏ္သုံးၿပီးလုပ္ေဆာင္တတ္တဲ့အဖြဲ႕ျဖစ္သည့္ Sayeret Matkal
ေစးရာမတ္ကဲ အဖြဲ႕ဆိုတာကေတာ့ အစ္စေရးနိုင္ငံကို အဓိက ကာကြယ္ေပးေနတဲ့ အထူး ခုခံေရးတပ္ဖြဲ႕ပါ။ ဒီအေရွ႕အလယ္ပိုင္းနိုင္ငံေလးတစ္ခုျဖစ္တဲ့ အစၥေရးဟာ ရန္သူမ်ားစြား ဝိုင္းရံေနတဲ့နိုင္ငံျဖစ္တာမို႔ မ်ားလွတဲ့ အၾကမ္းဖက္မႈေတြ ကိုင္တြယ္ေျဖရွင္းဖို႔ အဆင့္ျမင့္အထူးတပ္ဖြဲ႕ဆိုတာ လိုကိုလိုအပ္တာေပါ့။
က်န္းမာေရးေကာင္းမြန္တဲ့ အစၥေရးနိုင္ငံသားတိုင္းဟာ သူတို႔ဘဝရဲ့ အခ်ိန္တစ္ခုေလာက္ထိ နိုင္ငံေတာ္တာဝန္ထမ္းေဆာင္ၾကရပါတယ္။ ဒီအစၥေရးအထူးတပ္ဖြဲ႕ဝင္ေတြဟာ အေတာ္ဆုံး က်န္းမာသန္စြမ္းၿပီး ခံနိုင္ရည္ အရွိဆုံးဆိုသူေတြကိုပဲ ေရြးခ်ယ္ထားတာပါ။
ဒီ အစၥေရးအဆင့္ျမင့္အထူးတပ္ဖြဲ႕ကို ဓားစားခံေတြကို ကယ္တင္ဖို႔နဲ႔ အၾကမ္းဖက္သမားေတြကိုတိုက္ခိုက္ဖို႔ဆိုၿပီး စတင္ဖြဲ႕စည္းခဲ့တာ မဟုတ္ေပမယ့္လညိး အဲ့လိုသေဘာမ်ိဳးပဲျဖစ္သြားခဲ့ပါတယ္။ တျခားစစ္သားေတြလိုမ်ိဳးပဲ သူတို႔မွာလည္း အသက္ရွင္ေရး နည္းဗ်ဴဟာေတြ ေလ့က်င့္ထားရပါတယ္။
ဒါေပမယ့္ ဒီအဖြဲ႕ အေလးထားျပဳလုပ္ေလ့ရွိတဲ့ အရာတစ္ခုကေတာ့ သူတို႔ mission ေတြကို လုပ္ေဆာင္တဲ့အခါမွာ ဘယ္သူမွမသိလိုက္တဲ့အျပင္ ဘာေျခရာလက္ရာမွ မက်န္ေအာင္ လုပ္ေဆာင္ေလ့ရွိၾကတာပါ။ ဉာဏ္သုံးၿပီး လုပ္ေဆာင္တတ္တဲ့ အဖြဲ႕ျဖစ္တာမို႔ ရန္သူတပ္ထက္ပိုၿပီး ေလးေလးနက္နက္ စစ္ဆင္ေရးေတြလုပ္ေလ့ရွိတဲ့ အဖြဲ႕တစ္ခုပါ။
Ref:youtube
Trans:thegeektext