ဇလန္စကီးရဲ႕No-fly zone ေတာင္းဆိုခ်က္ကို ျငင္းဆိုခဲ့ရတာဟာ က်ေနာ့္ရင္ထဲမွာ အခုထိ နာက်င္စြာခံစားေနရဆဲပါ” (NATO အတြင္းေရးမႉးခ်ဳပ္ ယန္း စေတာ့တင္ဘာ့ဂ္)


ဇလန္စကီးရဲ႕No-fly zone ေတာင္းဆိုခ်က္ကို ျငင္းဆိုခဲ့ရတာဟာ က်ေနာ့္ရင္ထဲမွာ အခုထိ နာက်င္စြာခံစားေနရဆဲပါ”
(NATO အတြင္းေရးမႉးခ်ဳပ္ ယန္း စေတာ့တင္ဘာ့ဂ္)
၂၄/၂/၂၀၂၃
“သမၼတဇလန္စကီးကို ႐ုရွားက်ဴးေက်ာ္စစ္မတိုင္ခင္ကတည္းက အႀကိမ္မ်ားစြာ ေတြ႕ခဲ့ဘူးပါတယ္။ ႐ုရွားက်ဴးေက်ာ္စစ္စတင္ခ်ိန္မွာ ယူကရိန္းျပည္သူေတြအသက္ကို ကာကြယ္ႏိုင္မဲ့ No-fly zone သတ္မွတ္ေပးဖို႔ ဇလန္စကီးက အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့တာကို က်ေနာ္ မွတ္မိပါတယ္။ သူေတာင္းဆိုတိုင္း က်ေနာ္တို႔ ျငင္းပယ္ခဲ့ရတာေတြကို က်ေနာ့္ရင္ထဲမွာ အခုထိနာက်င္ေနရဆဲပါ။ အဲဒီတုန္းက က်ေနာ္တို႔နဲ႔ ႐ုရွားနဲ႔ ထိပ္တိုက္ေတြ႕ၿပီး စစ္ပြဲႀကီးက်ယ္ျပန္႔လာမလားဆိုတဲ့ စိုးရိမ္စိတ္ေတြနဲ႔ No ဆိုၿပီး အေျဖေပးခဲ့ၾကတာ”
“ အေျခအေနေတြက ေျပာင္းသြားပါၿပီ။ ေစ့စပ္ေဆြးေႏြးတဲ့နည္းနဲ႔ စစ္ပြဲအဆုံးသတ္ဖို႔ဆိုရင္ စစ္ေျမျပင္မွာ ဘယ္လိုမွ မႏိုင္ ႏိုင္ေတာ့ဘူးဆိုတာကို ပူတင္ ကိုယ္တိုင္လက္ခံလာမွျဖစ္လာမယ္ဆိုတာ က်ေနာ္တို႔ သိထားတယ္။ အဲဒီအတြက္ စစ္ပြဲမွာယူကရိန္းအႏိုင္ရဖို႔ကိုပဲ ပုံေအာကူညီေပးဖို႔ကလြဲလို႔ တျခားနည္းမရွိပါဘူး။ စစ္ေအးကာလၿပီးဆုံးၿပီးေနာက္မွာ ႐ုရွားနဲ႔ ပူးေပါင္းေဆာင္႐ြက္လို႔ရမယ္ဆိုတဲ့အယူအဆေတြ ေပ်ာက္ဆုံးသြားပါၿပီ”
“အရည္အေသြးမရွိတဲ့လက္နက္ေတြကိုင္ထားတဲ့ ႐ုရွားစစ္သားေတြဟာ အရည္အခ်င္းလည္းမရွိပါဘူး။ စိတ္ပိုင္းဆိုင္ရာခိုင္မာမႈမရွိသလို က်င့္ဝတ္လည္းမရွိၾကပါဘူး။ အဲဒီအတြက္ သိန္းခ်ီတဲ့တပ္သားသစ္ေတြ အက်ဥ္းသားေတြကို စုေဆာင္းၿပီး ယူကရိန္းစစ္ေျမျပင္ကိုပို႔ၿပီး ေရွ႕ကေန လူေရလႈိင္းေတြလို အေသခံတိုက္ခိုက္ခိုင္းတဲ့နည္းကို ႐ုရွားက သုံးေနတာေတြ႕ရပါတယ္။ ဒါေၾကာင့္လည္း ဒီစစ္ပြဲႀကီးဟာ ေသေၾကမႈအမ်ားဆုံးျဖစ္တဲ့ စစ္ပြဲႀကီးျဖစ္ေနရတာပါပဲ။ ေနာက္ထပ္သိန္းခ်ီစုေဆာင္းမဲ့ အေနအထားလည္း က်ေနာ္တို႔ေတြ႕ေနရပါတယ္”
“တ႐ုတ္က ၿငိမ္းခ်မ္းေရးလုပ္ဖို႔အဆိုျပဳမယ္ဆိုတာဟာ ယုံၾကည္စရာမရွိပါဘူး။ ပူတင္ရဲ႕က်ဴးေက်ာ္စစ္ကို ျပစ္တင္ေဝဖန္တာမလုပ္တဲ့အျပင္ ပိုၿပီးနီးကပ္တဲ့ဆက္ဆံေရးထူေထာင္ဖို႔ ႀကိဳးစားေနတဲ့ လက္ခ်ိဳးေရလို႔ရတဲ့ႏိုင္ငံေတြထဲမွာ တ႐ုတ္ႏိုင္ငံ ပါပါတယ္။ အခက္အခဲေတြ႕ေနၿပီျဖစ္တဲ့႐ုရွားကို ကူညီဖို႔ေတာင္စဥ္းစားေနၿပီလို႔ က်ေနာ္တို႔ ယူဆတယ္။ တ႐ုတ္ ဘာလုပ္မလဲဆိုတာ က်ေနာ္တို႔ ေသခ်ာေစာင့္ၾကည့္ေနပါတယ္”
(႐ုရွားက်ဴးေက်ာ္စစ္ တစ္ႏွစ္ျပည့္အေနနဲ႔ ေနာ္ေဝသတင္းဌာနႏွင့္ ေနတိုးအတြင္းေရးမႉးခ်ဳပ္ ယန္း စေတာ့တင္ဘာ့ဂ္အင္တာဗ်ဴးမွ ေကာက္ႏုတ္ခ်က္)
crd
By BNN 23 February 2023
#BurmaNewsNetwork
#ဇလန္စကီးရဲ႕Noflyzone #ေတာင္းဆိုခ်က္ကို #ျငင္းဆိုခဲ့ရတာဟာ #က်ေနာ့္ရင္ထဲမွာအခုထိ #နာက်င္စြာခံစားေနရဆဲပါ”
(#NATOအတြင္းေရးမႉးခ်ဳပ္ယန္းစေတာ့တင္ဘာ့ဂ္)
Unicode
ဇလန်စကီးရဲ့No-fly zone တောင်းဆိုချက်ကို ငြင်းဆိုခဲ့ရတာဟာ ကျနော့်ရင်ထဲမှာ အခုထိ နာကျင်စွာခံစားနေရဆဲပါ”
(NATO အတွင်းရေးမှူးချုပ် ယန်း စတော့တင်ဘာ့ဂ်)
၂၄/၂/၂၀၂၃
“သမ္မတဇလန်စကီးကို ရုရှားကျူးကျော်စစ်မတိုင်ခင်ကတည်းက အကြိမ်များစွာ တွေ့ခဲ့ဘူးပါတယ်။ ရုရှားကျူးကျော်စစ်စတင်ချိန်မှာ ယူကရိန်းပြည်သူတွေအသက်ကို ကာကွယ်နိုင်မဲ့ No-fly zone သတ်မှတ်ပေးဖို့ ဇလန်စကီးက အကြိမ်ကြိမ်တောင်းဆိုခဲ့တာကို ကျနော် မှတ်မိပါတယ်။ သူတောင်းဆိုတိုင်း ကျနော်တို့ ငြင်းပယ်ခဲ့ရတာတွေကို ကျနော့်ရင်ထဲမှာ အခုထိနာကျင်နေရဆဲပါ။ အဲဒီတုန်းက ကျနော်တို့နဲ့ ရုရှားနဲ့ ထိပ်တိုက်တွေ့ပြီး စစ်ပွဲကြီးကျယ်ပြန့်လာမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ No ဆိုပြီး အဖြေပေးခဲ့ကြတာ”
“ အခြေအနေတွေက ပြောင်းသွားပါပြီ။ စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ စစ်ပွဲအဆုံးသတ်ဖို့ဆိုရင် စစ်မြေပြင်မှာ ဘယ်လိုမှ မနိုင် နိုင်တော့ဘူးဆိုတာကို ပူတင် ကိုယ်တိုင်လက်ခံလာမှဖြစ်လာမယ်ဆိုတာ ကျနော်တို့ သိထားတယ်။ အဲဒီအတွက် စစ်ပွဲမှာယူကရိန်းအနိုင်ရဖို့ကိုပဲ ပုံအောကူညီပေးဖို့ကလွဲလို့ တခြားနည်းမရှိပါဘူး။ စစ်အေးကာလပြီးဆုံးပြီးနောက်မှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်လို့ရမယ်ဆိုတဲ့အယူအဆတွေ ပျောက်ဆုံးသွားပါပြီ”
“အရည်အသွေးမရှိတဲ့လက်နက်တွေကိုင်ထားတဲ့ ရုရှားစစ်သားတွေဟာ အရည်အချင်းလည်းမရှိပါဘူး။ စိတ်ပိုင်းဆိုင်ရာခိုင်မာမှုမရှိသလို ကျင့်ဝတ်လည်းမရှိကြပါဘူး။ အဲဒီအတွက် သိန်းချီတဲ့တပ်သားသစ်တွေ အကျဥ်းသားတွေကို စုဆောင်းပြီး ယူကရိန်းစစ်မြေပြင်ကိုပို့ပြီး ရှေ့ကနေ လူရေလှိုင်းတွေလို အသေခံတိုက်ခိုက်ခိုင်းတဲ့နည်းကို ရုရှားက သုံးနေတာတွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီစစ်ပွဲကြီးဟာ သေကြေမှုအများဆုံးဖြစ်တဲ့ စစ်ပွဲကြီးဖြစ်နေရတာပါပဲ။ နောက်ထပ်သိန်းချီစုဆောင်းမဲ့ အနေအထားလည်း ကျနော်တို့တွေ့နေရပါတယ်”
“တရုတ်က ငြိမ်းချမ်းရေးလုပ်ဖို့အဆိုပြုမယ်ဆိုတာဟာ ယုံကြည်စရာမရှိပါဘူး။ ပူတင်ရဲ့ကျူးကျော်စစ်ကို ပြစ်တင်ဝေဖန်တာမလုပ်တဲ့အပြင် ပိုပြီးနီးကပ်တဲ့ဆက်ဆံရေးထူထောင်ဖို့ ကြိုးစားနေတဲ့ လက်ချိုးရေလို့ရတဲ့နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံ ပါပါတယ်။ အခက်အခဲတွေ့နေပြီဖြစ်တဲ့ရုရှားကို ကူညီဖို့တောင်စဥ်းစားနေပြီလို့ ကျနော်တို့ ယူဆတယ်။ တရုတ် ဘာလုပ်မလဲဆိုတာ ကျနော်တို့ သေချာစောင့်ကြည့်နေပါတယ်”
(ရုရှားကျူးကျော်စစ် တစ်နှစ်ပြည့်အနေနဲ့ နော်ဝေသတင်းဌာနနှင့် နေတိုးအတွင်းရေးမှူးချုပ် ယန်း စတော့တင်ဘာ့ဂ်အင်တာဗျူးမှ ကောက်နုတ်ချက်)
crd
By BNN 23 February 2023
#BurmaNewsNetwork
#ဇလန်စကီးရဲ့Noflyzone #တောင်းဆိုချက်ကို #ငြင်းဆိုခဲ့ရတာဟာ #ကျနော့်ရင်ထဲမှာအခုထိ #နာကျင်စွာခံစားနေရဆဲပါ”
(#NATOအတွင်းရေးမှူးချုပ်ယန်းစတော့တင်ဘာ့ဂ်)
Crd
Post Views:
14
Crd