ဇနီး ၂ ယောက်ကို ကျွေးမွေးရန် လိမ္မော်သီးကိတ်မုန့်တွန်းလှည်းဖြင့် ၁၅ နှစ်ကြာ ရောင်းချလာခဲ့တဲ့ အသက် ၆၅ နှစ်အရွယ်အဘိုးအို

ဇနီး ၂ ယောက်ကို ကျွေးမွေးရန် လိမ္မော်သီးကိတ်မုန့်တွန်းလှည်းဖြင့် ၁၅ နှစ်ကြာ ရောင်းချလာခဲ့တဲ့ အသက် ၆၅ နှစ်အရွယ်အဘိုးအို

မကြာသေးမီးက လမ်းမပေါ် လိမ္မော်သီးတွန်းလှည်းနဲ့ ပတ်ရောင်းနေတဲ့ အဘိုးဟာ အသက် ၆၅ နှစ်အရွယ် မစ္စတာ The လို့ခေါ်ပြီး ဇနီး ၂ ဦးရှိပါတယ်။ ၁၀ နှစ်ကျော် အတူနေထိုင်ပြီးနောက် ပထမဇနီးက ရုတ်တရက် စိတ်ရောဂါ ဖြစ်ပေါ်လာပြီး သူမကို ကုသဖို့ ပိုက်ဆံစုထားခဲ့ပေမယ့် ပိုက်ဆံကုန်တဲ့အထိ မကုနိုင်ခဲ့ပါဘူး။ ထို့နောက် ဇနီးဖြစ်သူရဲ့ မိသားစုအကြံဉာဏ်ဖြင့် သူမကို လူမှုကာကွယ်စောင့်ရှောက်ရေးစင်တာသို့ ပို့ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ မစ္စတာ The က သူ့ရဲ့ ဒုတိယဇနီးနဲ့ နေထိုင်လျက်ရှိပါတယ်။

ဒုတိယဇနီးမှာ လိမ္မော်ကိတ်မုန့်လုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုတာကြောင့် ဒီအလုပ်က ဆင်းရဲတွင်းက ရုန်းထွက်နိုင်ပြီး မိသားစုကို ထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လိမ္မော်ကိတ်မုန့်ရောင်းတာက နေပူပူမိုးရွာရွာ ရောင်းနေရပါတယ်။ ကိတ်တွေရောင်းရင်း နေရာတော်တော်များများကို သွားပြီး မစ္စတာ The က သူငယ်ချင်းအသစ်တွေ အများကြီးတွေ့ပါတယ်။

သူ့အတွက်ကတော့ လိမ္မော်ရောင်ဘီးကားလေးကြောင့် အသက်ကြီးလာတာနဲ့အမျှ ပျော်ရွှင်စရာကောင်းပါတယ်လို့ အဘိုးက ဆိုပါတယ်။ အဘိုးက မနက်တိုင်း လိမ္မော်ရောင်ဘီးကားနဲ့ ကိတ်မုန့် ထွက်ရောင်းပြီး ရှုခင်းတွေ၊ လူတွေနဲ့ ကားတွေကို ရှုစားဖို့ လှည့်ပတ်ကြည့်နေပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

Crd



Post Views:
9

Crd