ဇနီးဖြစ်သူက အာရှသားရုပ်နဲ့ ကလေးမွေးဖွားလာခဲ့လို့ ဆေးရုံကိုပြန်ပြီး တရားစွဲဆိုခဲ့ကြတဲ့ လူဖြူစုံတွဲ

News Social News

Drew Wasilewski အမည်ရှိအမျိုးသားနှင့် Kristina Koedderich အမည်ရှိအမျိုးသမီးတို့ဇနီးမောင်နှံဟာ ကလေးမရနိုင်တဲ့ပြဿာနာများရှိနေခဲ့ပါတယ်။ထို့ကြောင့် ၎င်းတို့စုံတွဲဟာ မိဘဖြစ်ရန်မျှော်လင့်နေကြရတဲ့အခြားမရေတွက်နိုင်တဲ့စုံတွဲများနည်းတူ အမေရိကန်နိုင်ငံ New Jersey ပြည်နယ် St. Barnabas ဆေးရုံကြီးရှိ မျိုးပွါးမှုဆိုင်ရာဆေးပညာနှင့်သိပ္ပံဌာနမှာ IVF နည်းပညာစနစ်ဖြင့် ကလေးမွေးနိုင်ရန် စမ်းသပ်ခဲ့ကြပါတယ်။ထို့နောက် ၂၀၁၃ ခုနှစ်မှာ Kristina ဟာ သမီးဦးလေးကို မွေးဖွားခဲ့ပါတယ်။အစပိုင်းမှာတော့ ကလေးမလေးအရွယ်မရောက်ခင်အထိ သူတို့မိသားစုဟာ အဆင်ပြေနေခဲ့ပုံရပါတယ်။Kristina ဟာ သူတို့ရဲ့သမီးလေး ၂နှစ်သားအရွယ်ရောက်လာတဲ့အခါ တစ်ခုခုက မှားယွင်းနေတယ်လို့ ခံစားလာခဲ့ရပါတော့တယ်။သမီးလေးဟာ ခင်ပွန်းဖြစ်သူ Drew နှင့်မတူနေဘူးလို့ သူမက အဆက်မပြတ် တွေးတောလာခဲ့ပါတော့တယ်။

ထို့နောက် Kristina နှင့် Drew တို့ရဲ့သမီးဟာ လုံးဝကွဲပြားနေတဲ့လူမျိုးဖြစ်တယ်ဟုထင်ရတဲ့အချက်ကြောင့် ၎င်းစုံတွဲရဲ့သူငယ်ချင်းများနှင့်မိသားစုဝင်များက စနောက်ကာ ကလေးမလေးကို မွေးစားခဲ့တာလားလို့ မကြာခဏမေးမြန်းခဲ့ပြီး ရယ်မောနေခဲ့ကြပါတယ်။ထို့နောက် ၂၀၁၅ ခုနှစ်မှာတော့ DNA စစ်ဆေးစမ်းသပ်မှုတစ်ခုမှာ သူတို့ရဲ့သမီးလေးဟာ မိခင်ဖြစ်သူ Kristina နှင့် ဇီဝဗေဒဆိုင်ရာဆက်နွယ်မှုရှိနေပေမဲ့ ဖခင်ဖြစ်သူ Drew နဲ့တော့ လုံးဝကို မတူညီတဲ့ ထိတ်လန့်ဖွယ် အမှန်တရားကို ဖော်ထုတ်ခဲ့ကြရပါတယ်။ထို့အပြင် လူဖြူစုံတွဲဟာ အာရှသားကိ မွေးဖွားခဲ့တဲ့အကြောင်းကိုပါ ထပ်မံတွေ့ရှိခဲ့ရပါတော့တယ်။ထို့ကြောင့် အဆိုပါစုံတွဲက ၎င်းဆေးရုံဌာနရှိသက်ဆိုင်သူများအား တရားစွဲရန် ဆုံးဖြတ်ခဲ့ကြပေမဲ့ လက်ရှိမှာတော့ သူတို့ရဲ့သတင်းကို ထပ်မံကာမသိရှိရသေးပါဘူး။

Mia (kbdailynews)

Reference : littlethings

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Zawgyi

Leave a Reply