TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဆံပင်အတွက်အလွန်အကြူးသုံးဆွဲသော ဘရူနိုင်းနိုင်ငံ ဆူတန်ဘုရင်
ကျတော်တို့ ဆံပင်တွေ ရှည်လာတဲ့ အခါ တော်တော်များများကတော့ စျေးပေါတဲ့ ဒေသခံဆံသဆရာဆီသွားကြမှာပါ တစ်ခါတစ်လေတော့ ဗျူတီးဆလွန်းတွေမှာ ဒေါ်လာ ရာဂဏန်းပေးပြီး ညှပ်ကောင်း ညှပ်ပါလိမ့်မယ်။ ဒါပေမဲ့ အငြင်းပွားစရာရှိတာကတော့ ဘရူနိုင်းနိုင်ငံ ဆူတန်ဘုရင်ဟာ စျေးပေါပေါနဲ့ ဆံပင်မညှပ်ပါဘူး။
အဲ့ဒီအစားသူဟာ ဆံပင်တစ်ခါညှပ်ရင် ဒေါ်လာ ၂သောင်း၄ထောင်လောက်ပေးရတဲ့ ဆံပင်ညှပ်ဆရာတစ်ယောက်ကို အဂ်လန်ကနေ ငှားထားပါတယ်။ တချို့ကတော့ ဆူတန်ဘုရင် ဟာ ၄၀ဘီလီယံဒေါ်လာလောက် ပိုင်ဆိုင်ပြီး ကမ္ဘာပေါ်မှာ အချမ်းသာတဲ့လူဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ သူ့ဆံပင်ပုံအတွက် အဲ့လောက်ပေးရတာ မတန်သလိုပါဘဲ။
သူဟာ သူ့စိတ်ကြိုက် ဆံသဆရာ အလုပ်လုပ်တဲ့ မယ်ရီဖဲ (maryfair) မှ ဒေါ်ချက်စတာ ဟိုတယ်ကို သုံးလေးပတ်တစ်ခါ ပုံမှန်သွားလေ့ရှိပါတယ်။ ဆူတန်ဘုရင်ဟာသူ့ဆီကိုသွားဖို့ ဒေါ်လာ ၁သောင်း၂ထောင်လောက်ကုန်ကျတဲ့ ပထမတန်းစားလေယာဥ်နဲ့ သွားလေ့ရှိပါတယ်။
ဟိုတယ် နဲ့ ဇိမ်ခံအစားအစာတွေအတွက်လဲ ပေးချေပါတယ်။ အကုန်လုံးဟာ ငှားရမ်းစာချုပ်ချုပ်ထားတာပါ။ဆံပင်ညှပ်ဆရာကိုတော့ ဒေါ်လာသောင်းချီထည့်ထားတဲ့ သာရေအိတ်ကို ပေးလိုက်ပါတယ်။
လူတော်တော်များများဟာ ဆူတန်ဘုရင် ရဲ့ အဲ့လောက် အလွန်အကြူးသုံးဆွဲနေတာကို အပြစ်မြင်ကြပါတယ်။ လိင်တူနှစ်သက်ခြင်းကို သေဒဏ်ချမှတ်ထားတာနဲ့ ပက်သက်ပြီးတော့ လဲ သူ့ကို နိုင်ငံရေးအရ သဘောမကျ ကြပါဘူး။
Ref:youtube
Trans:thegeektext
zawgyi
ကျတော်တို့ ဆံပင်တွေ ရှည်လာတဲ့ အခါ တော်တော်များများကတော့ ဈေးပေါတဲ့ ဒေသခံဆံသဆရာဆီသွားကြမှာပါ တစ်ခါတစ်လေတော့ ဗျူတီးဆလွန်းတွေမှာ ဒေါ်လာ ရာဂဏန်းပေးပြီး ညှပ်ကောင်း ညှပ်ပါလိမ့်မယ်။ ဒါပေမဲ့ အငြင်းပွားစရာရှိတာကတော့ ဘရူနိုင်းနိုင်ငံ ဆူတန်ဘုရင်ဟာ ဈေးပေါပေါနဲ့ ဆံပင်မညှပ်ပါဘူး။
Ref:youtube
Trans:thegeektext