ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ အခမဲ့ဝန်ဆောင်မှုများဖြင့် အထူးပရိုမိုးရှင်း ဆင်းနေ

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ အခမဲ့ဝန်ဆောင်မှုများဖြင့် အထူးပရိုမိုးရှင်း ဆင်းနေ













ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ အခမဲ့ဝန်ဆောင်မှုများဖြင့် တန်ဆောင်တိုင် အထူးပရိုမိုးရှင်း ဆင်းနေ..

ကျိုက်ထီးရိုး စေတီရင်ပြင်တော်သို့ ၂ ရက်တိုင်တိုင် အခမဲ့ပို့ဆောင်ပေးမည့်အပြင် စတုဒိသာများဖြင့်လည်း ဧည့်ခံကျွေးမွေးမည်..

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြမည့် ဘုရားဖူး များအား နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် စေတီတော်တောင်ခြေမှ ရင်ပြင်တော်ပေါ်သို့ အခမဲ့ ပို့ဆောင်ပေးမည့်အပြင် စတုဒိသာများဖြင့်လည်း တည်ခင်းဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ ၂ ရက်တွင် ဘုရားဖူးပြည်သူများအား တန်ဆောင်တိုင်အထူးအစီအစဉ်အဖြစ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့၊ ရိုးရိုးလေးဟိုတယ်၊ ကျိုက်ထိုဟိုတယ်နှင့် အခြားတည်းခိုဆောင်များ၊ တောင်တက်ကေဘယ်ပြေးဆွဲသည့်အဖွဲ့၊ တောင်တက်မော်တော်ယာဉ်အသင်း၊ ရင်ပြင်တော်စျေးကော်မတီများညှိနှိုင်း၍..

နိုဝင်ဘာ ၃၊ ၄ နှစ်ရက်တာကာလအတွင်း ရင်ပြင်တော်ပေါ်ရှိ မည်သည့်ဟိုတယ်တွင်မဆို အခမဲ့တည်းခိုခွင့်၊ အခမဲ့တောင်တက်ကား စီးနှင်းခွင့်၊ အခမဲ့ကေဘယ်ကားစီးခွင့်၊ အခမဲ့သွားလာခွင့်များ ဆောင်ရွက်ထားရှိပြီး ကင်ပွန်းစခန်းတောင်ခြေမှစ၍ ဘုရားဖူးအများပြည်သူအား ဒေသထွက်မြန်မာမုန့်များ စတုဒီသာကျွေးမွေးဧည့်ခံပြီး ရင်ပြင်တော်ပေါ်တွင်လည်း စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်ဖြင့် စတုဒီသာကျွေးမွေးဧည့်ခံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအစီအစဉ်ကို စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၊ တောင်တက် မော်တော်ယာဉ်အသင်း၊ ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းရှင်များ၊ ဈေးသူဈေးသားများ စုပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်သည်။

ဘုရားဖူးပြည်သူများ၏ လုံခြုံရေးအတွက် ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ဂေါပကအဖွဲ့မှ သိရသည်။



Post Views:
5








Crd