ဆေးမစွမ်းဘူးပြောတဲ့ ထိုင်းတွေကို စိတ်ဆိုးကန့်ကွက်ကြောင်း ဘန်ကောက်တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်

တရုတ်ကထုတ်တဲ့ Sinovac ကိုဗစ်ကာကွယ်ဆေးဟာ အာနိသင်ညံ့ဖျင်းပြီး ထိရောက်မှု မရှိဘူးလို့ ဝေဖန်ပြောဆိုမှုတွေကို ကန့်ကွက်ကြောင်း ဘန်ကောက်တရု တ်သံရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

WHO က အရေးပေါ်ကာကွယ်ဆေးအဖြစ် အသိအမှ တ်ပြုထားတဲ့ Sinovac ကာကွယ်ဆေးတွေကို (၂) နိုင်ငံချစ်ကြည်ရေးအရ ပေးပို့တာ ရောင်းချလုပ်ပေးခဲ့တာကို ထိုင်းပြည်သူတွေနဲ့ ထိုင်းနိုင်ငံရေးသမားတွေက အသိအမှတ်ပြုလေးစားရမယ့်အစား ဝေဖန်ကန့်ကွက်နေကြတာတွေဟာ လက်ခံနိုင်စရာမရှိဘူးဆိုပါတယ်။ တရုတ်ဆေး အရည်အသွေးမရှိဘူးပြောနေတာတွေဟာ (၂) နိုင်ငံချစ်ကြည်ရေးကို ထိပါးစေနိုင်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ထိုင်းနိုင်ငံမှာသာ ဆေးမစွမ်းဘူး ပြောနေကြပေမဲ့ ချီလီမှာဆိုရင် ၈၀% ကျော်ထိရောက်ကြောင်း ချီလီအစိုးရကထုတ်ပြန်ထားကြောင်းလည်း သံရုံးကြေညာချက်မှာ ဖေါ်ပြပါတယ်။ (၂) နိုင်ငံချစ်ကြည်ရေး မပျက်ပြားစေချင်ရင် ဆေးမစွမ်းကြောင်းပြောဆိုဝေဖန်တာတွေရပ်ဖို့လည်း တရုတ်သံရုံးက သတိပေးထားပါတယ်။

ထိုင်းပြည်သူတွေ ဆေးပညာရှင်တွေနဲ့ အာဏာသိမ်းထိုင်းဝန်ကြီးချုပ်ရာထူးကနုတ်ထွက်ဖို့တောင်းဆိုနေတဲ့ အတိုက်က်အခံနိူင်ငံရေးပါတီတွေက တရုတ်ဆေးအာနိသ င်မကောင်းသလို ထိုင်းအစိုးရဟာ တရုတ်နဲ့ပေါင်းပြီး အာနိသင်မရှိတဲ့ ကာကွယ်ဆေးတွေကို အကျင့်ပျက်လာဒ်စားဝယ်ယူခဲ့တယ်လို့ စွတ်စွဲနေကြတာဖြစ်ပါတယ်။
ငွေကြေးတတ်နိုင်တဲ့ထိုင်းပြည်သူတွေကတော့ အမေရိကန်အထိသွားရောက်ပြီး ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးထိုးကြသလို ”ဖိုင်ဇာကာကွယ်ဆေးထိုး ခရီးသွားလုပ်ငန်း ”ထိုင်းမှာ ပေါ်ပေါက်နေတာဖြစ်ပါတယ်။ အမေရိကန်က လှူဒါန်းတဲ့ ဖိုင်ဇာကာကွယ်ဆေးတွေကိုလည်း ထိုင်းအစိုးရနဲ့ပတ်သက်တဲ့သူတွေပဲ ဦးစားပေးထိုးပေးနေတယ်ဆိုတဲ့ စွဲချက်တွေလည်းထွက်ပေါ်နေတာပါ။

တရုတ်ဆေးအပေါ် အယုံအကြည်မရှိတဲ့အတွက် တရုတ်ဆေးအလုအယက်ထိုးသူမရှိသလို တရုတ်ကိုသွားပြီး ကာကွယ်ဆေးထိုးတဲ့ ထိုင်းတွေလည်း မရှိကြပါဘူး။ သံရုံး FB မှာတင်ထားတဲ့ ကြေညာချက်အောက်မှာတော့ ထိုင်းပြည်သူထောင်ပေါင်းများစွာက လှောင် ပြောင်တန်ပြန်ကန့်ကွက်ရေးသားနေကြပါတယ်။
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
ေဆးမစြမ္းဘူးေျပာတဲ့ ထိုင္းေတြကို စိတ္ဆိုးကန႔္ကြက္ေၾကာင္း ဘန္ေကာက္တ႐ုတ္သံ႐ုံးက ေၾကညာခ်က္ထုတ္ျပန္

တ႐ုတ္ကထုတ္တဲ့ Sinovac ကိုဗစ္ကာကြယ္ေဆးဟာ အာနိသင္ညံ့ဖ်င္းၿပီး ထိေရာက္မႈ မရွိဘူးလို႔ ေဝဖန္ေျပာဆိုမႈေတြကို ကန႔္ကြက္ေၾကာင္း ဘန္ေကာက္တ႐ု တ္သံ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။
WHO က အေရးေပၚကာကြယ္ေဆးအျဖစ္ အသိအမွ တ္ျပဳထားတဲ့ Sinovac ကာကြယ္ေဆးေတြကို (၂) နိုင္ငံခ်စ္ၾကည္ေရးအရ ေပးပို႔တာ ေရာင္းခ်လုပ္ေပးခဲ့တာကို ထိုင္းျပည္သူေတြနဲ႔ ထိုင္းနိုင္ငံေရးသမားေတြက အသိအမွတ္ျပဳေလးစားရမယ့္အစား ေဝဖန္ကန႔္ကြက္ေနၾကတာေတြဟာ လက္ခံနိုင္စရာမရွိဘူးဆိုပါတယ္။ တ႐ုတ္ေဆး အရည္အေသြးမရွိဘူးေျပာေနတာေတြဟာ (၂) နိုင္ငံခ်စ္ၾကည္ေရးကို ထိပါးေစနိုင္တယ္လို႔လည္း ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

ထိုင္းနိုင္ငံမွာသာ ေဆးမစြမ္းဘူး ေျပာေနၾကေပမဲ့ ခ်ီလီမွာဆိုရင္ ၈၀% ေက်ာ္ထိေရာက္ေၾကာင္း ခ်ီလီအစိုးရကထုတ္ျပန္ထားေၾကာင္းလည္း သံ႐ုံးေၾကညာခ်က္မွာ ေဖၚျပပါတယ္။ (၂) နိုင္ငံခ်စ္ၾကည္ေရး မပ်က္ျပားေစခ်င္ရင္ ေဆးမစြမ္းေၾကာင္းေျပာဆိုေဝဖန္တာေတြရပ္ဖို႔လည္း တ႐ုတ္သံ႐ုံးက သတိေပးထားပါတယ္။
ထိုင္းျပည္သူေတြ ေဆးပညာရွင္ေတြနဲ႔ အာဏာသိမ္းထိုင္းဝန္ႀကီးခ်ဳပ္ရာထူးကႏုတ္ထြက္ဖို႔ေတာင္းဆိုေနတဲ့ အတိုက္က္အခံနိူင္ငံေရးပါတီေတြက တ႐ုတ္ေဆးအာနိသ င္မေကာင္းသလို ထိုင္းအစိုးရဟာ တ႐ုတ္နဲ႔ေပါင္းၿပီး အာနိသင္မရွိတဲ့ ကာကြယ္ေဆးေတြကို အက်င့္ပ်က္လာဒ္စားဝယ္ယူခဲ့တယ္လို႔ စြတ္စြဲေနၾကတာျဖစ္ပါတယ္။
ေငြေၾကးတတ္နိုင္တဲ့ထိုင္းျပည္သူေတြကေတာ့ အေမရိကန္အထိသြားေရာက္ၿပီး ဖိုင္ဇာကိုဗစ္ကာကြယ္ေဆးထိုးၾကသလို ”ဖိုင္ဇာကာကြယ္ေဆးထိုး ခရီးသြားလုပ္ငန္း ”ထိုင္းမွာ ေပၚေပါက္ေနတာျဖစ္ပါတယ္။ အေမရိကန္က လႉဒါန္းတဲ့ ဖိုင္ဇာကာကြယ္ေဆးေတြကိုလည္း ထိုင္းအစိုးရနဲ႔ပတ္သက္တဲ့သူေတြပဲ ဦးစားေပးထိုးေပးေနတယ္ဆိုတဲ့ စြဲခ်က္ေတြလည္းထြက္ေပၚေနတာပါ။
တ႐ုတ္ေဆးအေပၚ အယုံအၾကည္မရွိတဲ့အတြက္ တ႐ုတ္ေဆးအလုအယက္ထိုးသူမရွိသလို တ႐ုတ္ကိုသြားၿပီး ကာကြယ္ေဆးထိုးတဲ့ ထိုင္းေတြလည္း မရွိၾကပါဘူး။ သံ႐ုံး FB မွာတင္ထားတဲ့ ေၾကညာခ်က္ေအာက္မွာေတာ့ ထိုင္းျပည္သူေထာင္ေပါင္းမ်ားစြာက ေလွာင္ ေျပာင္တန္ျပန္ကန႔္ကြက္ေရးသားေနၾကပါတယ္။
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။