စျေးကြီးပေးဝယ်ရတဲ့ ထိုင်းကလာတဲ့ငှက်သိုက်ဘူးတွေထဲမှာ သကြားနဲ့ ဆေးကုလားမတွေပဲပါတယ်တဲ့…..
ဆေးကုလားမကို ငှက်သိုက်အားဆေးဆိုပြီး ထိုင်းတွေက ဗမာကို ဂျင်းထည့်ထားတာပါ။

လျှော်ဖြူ (ခ) ဆေးကုလားမ (Botanical name = Sterculia versicolor wall) အပင်က ထွက်တဲ့ အစေးကို အရည်အသွေးအလိုက် Grade လေးမျိုး ခွဲထားပါတယ်။

လျှော်ဖြူပင်မှ ထုတ်ယူရရှိသော လျှော်ဖြူစေးသည် ဂျယ်လတင် (Galactangelose) ပါဝင်မှုကြောင့် ရေကိုအဆများစွာစုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့်ပေါင်းစပ်၍ နူးညံ့ပျော့ပြောင်းသော ဂျယ်အဖြစ် ပုံ သဏ္ဍာန်အမျိုးမျိုး ပြောင်းလဲစေနိုင်ခြင်း အပြင် စေးပျစ်စေခြင်း၊ ကော်ကပ်နိုင်စွမ်း ရှိခြင်းနှင့် အက်စစ်ပျော့များနှင့် အနုဇီဝပိုး များ၏ ခြေဖျက်တိုက်စားမှုဒဏ် ခံနိုင်ရည်ရှိ ခြင်းစသည့် ထူးခြားသည့်ရုပ်နှင့် ဓာတ်ဂုဏ်သတ္တိများရှိခြင်းကြောင့် ကမ္ဘာပေါ်ရှိ လူသုံး ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ စက် မှုလုပ်ငန်းများတွင် ကျယ်ပြန့်စွာအသုံးပြု ကြပါသည်။

အထူးသဖြင့် စားသောက်ကုန် သရေစာနှင့် မုန့်လုပ်ငန်းများ၊ အလှကုန် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများ၊ ယက္ကန်းနှင့် အထည်အလိပ်လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်း များတွင် လျှော်ဖြူစေးကို အမျိုးမျိုးသုံးစွဲ ကြပါသည်။ မြန်မာနိုင်ငံတွင်မူ လျှော်ဖြူ စေး(ခေါ်)ဆေးကုလားမအား ရေခဲမုန့်၊ ရွှေ ရင်အေး၊ ဖာလူဒါ စသည့်ရိုးရာစားသောက်ကုန်လုပ်ငန်းများတွင် သုံးစွဲကြပြီး တိုင်းရင်းဆေးတွင် ဆီးရွှင်ဆေး၊ ဝမ်းနှုတ်ဆေးများ အဖြစ် ဆေးဝါးအသွင် အသုံးပြုကြ ပါသည်။

ကြာဇံ ၊ ရေခဲ ၊ ဝါဂွမ်း နဲ့ ဂျွန် လို့ ခေါ်ကြတယ်။ အဲဒီ အထဲက ကြာဇံ အမျှင်ကို ထိုင်းက Traditional Medicine ထုတ်တဲ့ ကုမ္ပဏီတွေက ဗမာပြည် အလယ်ပိုင်းအထိ အသည်းအသန် လိုက်ဝယ်တယ်။

ငှက်သိုက် အားဆေးထဲ မှာ ထည့်ဖို့ ဝယ်တာဖြစ်တယ်။ တစ်ပိသာကို နယ်စပ်ဈေး ကိုးသောင်းလောက် အထိ ပေးဝယ်တယ်။ ငှက်သိုက် ကုန်ကြမ်းက အဲဒီထက် အဆ သုံးဆယ်လောက် ဈေးပိုကြီးပါတယ်။
နောက်ထပ်ဖြစ်ရပ်တစ်ခုအနေနဲ့….ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် အာရှလမ်းမပေါ်မှာ တပ်ပြည်နယ်ကိုသွားနေတဲ့ ဗင်ကားတစီးပေါ်မှာ ငှက်သိုက် အတုလုပ်တဲ့ ကုန်ကြမ်း ကီလို ၅၀ တင်ဆောင်သယ်ယူလာတာကို အကောက်အခွန်နဲ့ ရဲ စစ်ဆေးရေးဂိတ် အာဏာပိုင်တွေက ရှာဖွေ ဖမ်းဆီးလိုက်မိပါသေးတယ်။

ကာလတန်ဖိုး ထိုင်းဘတ်ငွေ ၅၀၀၀၀၀ ငါးသိန်းတန်ဖိုးရှိတဲ့ ငှက်သိုက်အတု ကုန်ကြမ်းတွေကို ရာဘာနဲ့ သစ်ဆေးတစ်မျိုး ကနေ သန့်စင်ထုတ်ပြီး တရုတ်လုပ်ငန်းရှင်တွေကို ရောင်းနေကြတာဖြစ်ပါတယ်။

ပြောချင်တာက ဆေးကုလားမ နဲ့ သန့်စင်ထားတဲ့ ရာဘာစေးတွေကို ငှက်သိုက်ဆိုပြီး ဂျင်းထည့်နေတာ။
ပိုက်ဆံပေါတဲ့ သူတွေ အတွက် ပြသနာမရှိပေမယ့် ငှက်သိုက်အားဆေးကို ကောင်းလှပါချည်ရဲ့ ဆိုတဲ့ ကြော်ငြာတွေကိုယုံပြီး ……

ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ သက်ကြီးရွယ်အို တွေ လူမမာတွေကို ဝယ်တိုက်နေရတဲ့ အဖြစ်တွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မကြာခဏ တွေ့နေရလို့ ပရိတ်သတ်တွေအတွက် စေတနာရှေ့ထားပြီး ရေးသားဖော်ပြလိုက်ရပါတယ်။
Fb ချစ်မိတ်ဆွေများအတွက်….ဂျင်း…ငှက်သိုက်…..။
ကျန်းမာရေးအသိ မျှဝေသည်
Aung San Htay
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။