■‌ဆောင်းတွင်းမှာအသက်ရှူလိုက်ရင်အငွေ့တွေထွက်လာတာနဲ့သဘောတရားတူတဲ့ ‌အဖြူရောင်စွတ်ကြောင်းများ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■‌ဆောင်းတွင်းမှာအသက်ရှူလိုက်ရင်အငွေ့တွေထွက်လာတာနဲ့သဘောတရားတူတဲ့ ‌အဖြူရောင်စွတ်ကြောင်းများ

လေယာဉ်အတက်အဆင်းတွေမှာဘာလို့မီးရောင်တွေမှိန်ထားတာလဲ?
ညနေဒါမှမဟုတ်ညအချိန်မှာလေယာဉ်ဆင်းမယ်ဆိုရင်အပြင်ဘက်မှာရှိတဲ့အမှောင်ထုနဲ့သင့်ရဲ့မျက်လုံးကိုချိန်ညှိဖို့ပဲဖြစ်ပါတယ်။များသောအားဖြင့်အဲ့လိုချိန်ညှိဖို့ဆိုရင်မိနစ်၃၀လောက်ထိကြာတတ်တာပါ။

ဒါပေမယ့်ဒီလိုမီးရောင်မှိန်ထားခြင်းအားဖြင့်ဒီကြာမြှင့်ချိန်ကိုလျှော့ချနိုင်မှာပါ။ဒါမှအရေးပေါဆင်းသက်ရချိန်နဲ့ကြုံရင်သင့်ရဲ့အမြင်ဟာချိန်ညှိပြီးသားဖြစ်ပြီးကောင်းကောင်းမြင်နိုင်မှာပါ။

ဒါပေမယ့်တစ်ခါတစ်လေအင်ဂျင်ထိန်းသိမ်းဖို့အတွက်နေ့ဘက်တွေမှာလည်းမီးရောင်မှိန်ထားတာမျိုးတွေဖြစ်တတ်ပါတယ်။

ဘာကြောင့်လေယာဉ်လမ်းကြောင်းမှာအဖြူရောင်စွတ်ကြောင်းတွေကျန်ခဲ့တာလဲ?
များသောအားဖြင့်အဲ့ဒီစွတ်ကြောင်းတွေကမီးခိုးတွေလို့ထင်ရတတ်ပါတယ်။

ဒါပေမယ့်အဲ့ဒါတွေကရေနဲ့လေယာဉ်လောင်စာဆီလောင်ကျွမ်းရာကရလာတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပါ။အမြင့်ပိုင်းလေထုထဲမှာရှိတဲ့လေအေးတွေကလေယာဉ်ကထွက်လာတဲ့မီးခိုးတွေကိုအေးခဲစေပြီးဒီလိုအဖြူရောင်စွတ်ကြောင်းရာတွေပေါ်လာရတာပါ။

ဒါဟာသင်ဆောင်းတွင်းမှာအသက်ရှူလိုက်ရင်အငွေ့တွေထွက်လာတာနဲ့သဘောတရားအတူတူပါပဲ။
Ref:youtube
Trans:thegeektext

zawgyi








Ref:youtube
Trans:thegeektext