ဆိုင်ဘာတိုက်ခိုက်မှုမှ စစ်ပွဲဆီ ဦးတည်နိုင်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သတိပေး

အမေရိကန်နိုင်ငံအပေါ် ပစ်မှတ်ထားပြီး သိသိသာသာ ဆိုင်ဘာတိုက်ခိုက်နေတာဟာ အဓိက အင်အားကြီးနိုင်ငံတနိုင်ငံနဲ့ တကယ် ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ပွဲဆီအထိ ဦးတည်သွားစေနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇူလိုင် ၂၇ ရက်မှာ သတိပေးလိုက်ပါတယ်။

ဗာဂျီးနီးယားပြည်နယ် မက်လေအန်မြို့က အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးဆီ သွားရောက်လည်ပတ်ချိန်မှာ ညွှန်မှူးက သမ္မတကို မိတ်ဆက်ပြောဆိုအပြီး ဘိုင်ဒင်က ခုလို ပြောလိုက်တာပါ။
တရုတ်နဲ့ ရုရှားတို့က ဆိုက်ဘာ ခြိမ်းခြောက်မှု တိုးလာနေတယ်လို့ အမေရိကန်က ရှုမြင်နေပြီး ဒီမှတ်ချက်က သိသာထင်ရှားစေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ထင်ရှားတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေအနေနဲ့ ကွန်ရက်စီမံခန့်ခွဲရေးကုမ္ပဏီ ဆိုလာဝင်းစ်၊ ကိုလိုနီယယ်ပိုက်လိုင်းကုမ္ပဏီ၊ အသားစီမံထုပ်ပိုးတဲ့ ကုမ္ပဏီ JBS၊ ဆော့ဖ်ဝဲလ်ကုမ္ပဏီ ကာဆေယာတို့ဟာ ဆိုင်ဘာ ဖောက်ထွင်းခံရတယ် ဆိုတာထက် အများကြီးပိုတဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခဲ့တာပါ။အဲဒီနောက်မှာ ဆိုင်ဘာလုံခြုံရေးဟာ ဘိုင်ဒန် အစိုးရအတွက် ထိပ်တန်းလုပ်ငန်းစဉ်အဖြစ် အဆင့်တိုးလာခဲ့ပါတယ်။

တချို့တိုက်ခိုက်မှုတွေဟာ အမေရိကန်နိုင်ငံရဲ့ အစိတ်အပိုင်းတွေဆီ လောင်စာနဲ့ စားနပ်ရိက္ခာ ဖြန့်ဖြူးမှုကိုပါ သက်ရောက်ခဲ့ပါတယ်။
၂၀၂၂ အမေရိကန် အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းမှားတွေ ဖြန့်ခဲ့တယ်လို့ ဘိုင်ဒန်က ရုရှားကို စွပ်စွဲပြီး “ဒါဟာ ကျနော်တို့ရဲ့ အချုပ်အခြာကို ချိုးဖောက်ချက် သက်သက်ပဲ”လို့ ပြောပါတယ်။

DVB
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
ဆိုင်ဘာတိုက်ခိုက်မှုမှ စစ်ပွဲဆီ ဦးတည်နိုင်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သတိပေး

အမေရိကန်နိုင်ငံအပေါ် ပစ်မှတ်ထားပြီး သိသိသာသာ ဆိုင်ဘာတိုက်ခိုက်နေတာဟာ အဓိက အင်အားကြီးနိုင်ငံတနိုင်ငံနဲ့ တကယ် ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ပွဲဆီအထိ ဦးတည်သွားစေနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇူလိုင် ၂၇ ရက်မှာ သတိပေးလိုက်ပါတယ်။

ဗာဂျီးနီးယားပြည်နယ် မက်လေအန်မြို့က အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးဆီ သွားရောက်လည်ပတ်ချိန်မှာ ညွှန်မှူးက သမ္မတကို မိတ်ဆက်ပြောဆိုအပြီး ဘိုင်ဒင်က ခုလို ပြောလိုက်တာပါ။
တရုတ်နဲ့ ရုရှားတို့က ဆိုက်ဘာ ခြိမ်းခြောက်မှု တိုးလာနေတယ်လို့ အမေရိကန်က ရှုမြင်နေပြီး ဒီမှတ်ချက်က သိသာထင်ရှားစေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ထင်ရှားတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေအနေနဲ့ ကွန်ရက်စီမံခန့်ခွဲရေးကုမ္ပဏီ ဆိုလာဝင်းစ်၊ ကိုလိုနီယယ်ပိုက်လိုင်းကုမ္ပဏီ၊ အသားစီမံထုပ်ပိုးတဲ့ ကုမ္ပဏီ JBS၊ ဆော့ဖ်ဝဲလ်ကုမ္ပဏီ ကာဆေယာတို့ဟာ ဆိုင်ဘာ ဖောက်ထွင်းခံရတယ် ဆိုတာထက် အများကြီးပိုတဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခဲ့တာပါ။

အဲဒီနောက်မှာ ဆိုင်ဘာလုံခြုံရေးဟာ ဘိုင်ဒန် အစိုးရအတွက် ထိပ်တန်းလုပ်ငန်းစဉ်အဖြစ် အဆင့်တိုးလာခဲ့ပါတယ်။