ဆားဝက်ခြံနဲ့အမည်းစက်အတွက်သာသုံးသည့်Maskကိုမသိပဲ လှချင်သည့်စိတ်နဲ့ ဇနီးဖြစ်သူရဲ့အလှကုန်ကို ယူသုံးခဲ့မိသော ခင်ပွန်းသည်ရဲ့အဖြစ်

News Social News

အမျိုးသမီးတိုင်းအတွက် အသားအရည်ထိန်းသိမ်းမှုနဲ့ အလှအပရေးရာတို့သည် အလွန်အရေးကြီးပြီး ကိုယ်ရဲ့အသားအရည်နဲ့အဆင်ပြေမည့် Creamတို့ Maskတို့က်ုလည်း အသုံးပြုများလာကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ခင်ပွန်းသည်တစ်ဦးသည် အိမ်မှာနေရင်း မျက်နှာလေးဖြူကာ အသားအရည်တင်းတင်းလေးရချင်၍ ဇနီးဖြစ်သူရဲ့ အလှကုန် ပစ္စည်းများကို အသုံးပြုရန် လိုက်ရှာရာတွင် မျက်နှာလိမ်းခရင်တစ်ခုကိုတွေ့ရှိပြီး တစ်မျက်နှာလုံးအပြည့် လိမ်းခဲ့သည်။

ခင်ပွန်းဖြစ်သူသည် မျက်နှာလိမ်းခရင်ကို မိနစ်၂၀လောက်ထားပြီးပါက မျက်နှာသစ်လိုက်ရင် သူလိုချင်သောကြည်လင်ဝင်းပသည့်အသားအရည်များဖြစ်လာမည်ဟု မျှော်လင့်ကာ ပျော်ပျော်ကြီးစောင့်နေခဲ့သည်။

ထို့နောက် ဇနီးဖြစ်သူမှ ရေချိုးခန်းထဲက ထွက်လာချိန် ခင်ပွန်းသည်ကိုမြင်ပြီး ရယ်မောကာ ထိုMaskသည် ဆားဝက်ခြံနဲ့ အမည်းစက်အတွက်သာအသုံးပြုရကြောင်းရှင်းပြခဲ့ပြီး အချိန်ပြည့်တာနဲ့ Maskမည်းကြီးကို ခွာပေးခဲ့ရာတွင် မျက်ခုံးမွှေးတွေပါကျွတ်လူမတတ်နာလွန်းတာကြောင့် နောက်ထပ်မကပ်တော့ပူးဟု ကြေကွဲစွာ ဆိုခဲ့သည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

Crd