TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ ဆားဘီယားနိုင်ငံ အနောက်ပိုင်း ဗာဂျင်ဟာဘာစတာမြို့မှာရှိတဲ့ ဒရီနာမြစ်ထဲမှ သက်တမ်းနှစ် ၃၀ ကြာပြီဖြစ်သော ဒရီနာ မြစ်အိမ်

ပရိသတ်ကြီးဟာ ဒီနွေရာသီအားလပ်ရက်အတွက် ထူးခြားတဲ့ဒေသကို ခရီးထွက်ဖို့ပြင်ဆင်နေပါသလား။
ဒိ ကျောက်တုံးသေးသေးလေးပေါ်မှာရှိတဲ့ အိမ်သေးသေးလေးကို အလည်သွားရင်ရော
ကြည့်ရတာ ပုံမှန်မဟုတ်ဘူးမလား။ဒါပေမယ့်လည်း ဒါဟာ မထူးဆန်းပါဘူး။

သင်ဟာ မြစ်လယ်ခေါင်မှာ အိမ်တစ်လုံးထီးထီးကြီးရှိနေတာကို မြင်တွေ့ရမှာပါ။ အဲ့ အိမ်လေးဟာ ဆားဘီယားနိုင်ငံ အနောက်ပိုင်း ဗာဂျင်ဟာဘာစတာမြို့မှာရှိတဲ့ ဒရီနာမြစ်ထဲမှာရှိနေတာ သက်တမ်းနှစ် ၃၀ ကြာပါပြီ။

ဒရီနာ မြစ်လယ်က ကျောက်တုံးပေါ်မှာရှိတဲ့ အိမ်တစ်လုံးဟာ မြစ်ထဲမှာ ရေကူးပြီးရင် သက်တောင့်သက်သာ နေပူဆာလှုံဖို့အတွက် သူငယ်ချင်းတစ်စုကဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။အစမှာတော့ ရေကူးသမားတွေဟာ မြစ်ရဲ့တစ်ဖက်ကမ်းကို မကူးခင်မှာ သူတို့အသုံးပြုဖို့ ကျောက်တုံးပေါ်မှာ ပျဥ်ပြားတွေပဲ ထားထားတာပါ။ နောက်ပိုင်းမှာတော့ ပူပြင်းလှတဲ့ နေရောင်ခြည်ကို ကာကွယ်ဖို့အတွက် သူတို့ဟာ အမိုးတစ်ခုကိုတည်ဆောက်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဒါဟာ ဒရီနာမြစ်ရဲ့ ရေတက်မှုကြောင့် ကြာကြာမခံခဲ့ပါဘူး။ ထို့အတူ မိုးရာသီမှာလည်း ဒီလို ခဏတာ တည်ဆောက်ထားတဲ့ တဲလေးကို ရေလွှမ်းသွားခဲ့ပြန်ပါတယ်။
ဒါ့ကြောင့် ဒရီနာ လူငယ်အသိုင်းအဝိုင်းတွေက အားထုတ်မှုပေါင်းများစွာဖြင့် အိမ်လေးကို ခုနှစ်ကြိမ်တိုင်တိုင် တည်ဆောက်ခဲ့ရပါတယ်။

နောက်ဆုံးတည်ဆောက်ခဲ့တဲ့ အိမ်လေးကတော့ National Geographic မှာ ဆားဘီယားနိုင်ငံရဲ့ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာအဖြစ် ဖော်ပြပြီးကတည်းက ခရီးသွားသူအများကို ဆွဲဆောင်ခဲ့ပါတယ်။
ref:youtube
trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ ဆားဘီယားနိုင္ငံ အေနာက္ပိုင္း ဗာဂ်င္ဟာဘာစတာၿမိဳ႕မွာရွိတဲ့ ဒရီနာျမစ္ထဲမွ သက္တမ္းႏွစ္ ၃၀ ၾကာၿပီျဖစ္ေသာ ဒရီနာ ျမစ္အိမ္
ပရိသတ္ႀကီးဟာ ဒီေႏြရာသီအားလပ္ရက္အတြက္ ထူးျခားတဲ့ေဒသကို ခရီးထြက္ဖို႔ျပင္ဆင္ေနပါသလား။
ဒိ ေက်ာက္တုံးေသးေသးေလးေပၚမွာရွိတဲ့ အိမ္ေသးေသးေလးကို အလည္သြားရင္ေရာ
ၾကည့္ရတာ ပုံမွန္မဟုတ္ဘူးမလား။ဒါေပမယ့္လည္း ဒါဟာ မထူးဆန္းပါဘူး။
သင္ဟာ ျမစ္လယ္ေခါင္မွာ အိမ္တစ္လုံးထီးထီးႀကီးရွိေနတာကို ျမင္ေတြ႕ရမွာပါ။ အဲ့ အိမ္ေလးဟာ ဆားဘီယားနိုင္ငံ အေနာက္ပိုင္း ဗာဂ်င္ဟာဘာစတာၿမိဳ႕မွာရွိတဲ့ ဒရီနာျမစ္ထဲမွာရွိေနတာ သက္တမ္းႏွစ္ ၃၀ ၾကာပါၿပီ။
ဒရီနာ ျမစ္လယ္က ေက်ာက္တုံးေပၚမွာရွိတဲ့ အိမ္တစ္လုံးဟာ ျမစ္ထဲမွာ ေရကူးၿပီးရင္ သက္ေတာင့္သက္သာ ေနပူဆာလႈံဖို႔အတြက္ သူငယ္ခ်င္းတစ္စုကေဆာက္လုပ္ခဲ့တာျဖစ္ပါတယ္။အစမွာေတာ့ ေရကူးသမားေတြဟာ ျမစ္ရဲ့တစ္ဖက္ကမ္းကို မကူးခင္မွာ သူတို႔အသုံးျပဳဖို႔ ေက်ာက္တုံးေပၚမွာ ပ်ဥ္ျပားေတြပဲ ထားထားတာပါ။ ေနာက္ပိုင္းမွာေတာ့ ပူျပင္းလွတဲ့ ေနေရာင္ျခည္ကို ကာကြယ္ဖို႔အတြက္ သူတို႔ဟာ အမိုးတစ္ခုကိုတည္ေဆာက္ခဲ့ၾကပါတယ္။
ဒါေပမယ့္လည္း ဒါဟာ ဒရီနာျမစ္ရဲ့ ေရတက္မႈေၾကာင့္ ၾကာၾကာမခံခဲ့ပါဘူး။ ထို႔အတူ မိုးရာသီမွာလည္း ဒီလို ခဏတာ တည္ေဆာက္ထားတဲ့ တဲေလးကို ေရလႊမ္းသြားခဲ့ျပန္ပါတယ္။
ဒါ့ေၾကာင့္ ဒရီနာ လူငယ္အသိုင္းအဝိုင္းေတြက အားထုတ္မႈေပါင္းမ်ားစြာျဖင့္ အိမ္ေလးကို ခုႏွစ္ႀကိမ္တိုင္တိုင္ တည္ေဆာက္ခဲ့ရပါတယ္။
ေနာက္ဆုံးတည္ေဆာက္ခဲ့တဲ့ အိမ္ေလးကေတာ့ National Geographic မွာ ဆားဘီယားနိုင္ငံရဲ့ ဓာတ္ပုံရိုက္ဖို႔ အေကာင္းဆုံးေနရာအျဖစ္ ေဖာ္ျပၿပီးကတည္းက ခရီးသြားသူအမ်ားကို ဆြဲေဆာင္ခဲ့ပါတယ္။
ref:youtube
trans:thegeektext