ဆာမူရိုင်း၊ ဆာမူရိုင်းဓားများ အကြောင်းနဲ့ ဘာကြောင့် ဆာမူရိုင်းဓားတွေဟာ ဈေးကြီးနေရသလဲ

ဆာမူရိုင်း၊ ဆာမူရိုင်းဓားများ အကြောင်းနဲ့ ဘာကြောင့် ဆာမူရိုင်းဓားတွေဟာ ဈေးကြီးနေရသလဲ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ဆာမူ႐ိုင္းလို႔ဆိုလိုက္တာနဲ႔ ဂ်ပန္ႏိုင္ငံကိုေျပးျမင္မိၾကမွာ အမွန္ပါပဲ။ ဆာမူ႐ိုင္းေတြဟာ ဂ်ပန္ႏိုင္ငံရဲ႕ အမွတ္သေကၤတ႐ုပ္ပုံတစ္ခုအျဖစ္ ရွိခဲ့ၿပီး ယေန႔အထိ

သူတို႔ရဲ႕ လႊမ္းမိုးမႈကိုဂ်ပန္ႏိုင္ငံ ေနရာအႏွံ႔မွာျမင္ေတြ႕ၾကရမွာပဲျဖစ္ပါတယ္။ဆာမူ႐ိုင္းနဲ႔ ပတ္သက္လို႔က်မတို႔ျမင္ေတြ႕ ခဲ့ဖူးတာေတြက

႐ုပ္ရွင္ေတြထဲမွာပဲျဖစ္ၿပီး ႐ုပ္ရွင္ေတြကေန သိလိုက္ရတာကဆာမူ႐ိုင္းေတြဟာသစၥာတရားကိုေစာင့္ေရွာက္ၾကတယ္။

စည္းကမ္းရွိၾကတယ္။ ယုံၾကည္ခ်က္ျပင္းထန္ၿပီး အာ႐ုံစူးစိုက္မႈမွာလည္း တကယ့္ကို ဆရာက်တဲ့ လူေတြ ဆိုတာပဲျဖစ္ပါတယ္။ ဟုတ္ပါတယ္။ ႐ုပ္ရွင္ေတြထဲ ျမင္ေတြ႕ဖူးတဲ့ဆာမူ႐ိုင္းေတြလိုပါပဲ …

တကယ့္အျပင္က ဆာမူ႐ိုင္းေတြဟာလည္း သစၥာရွိတဲ့ ျမင့္ျမတ္တဲ့ စစ္သည္ေတာ္ေတြျဖစ္ၿပီး ၁၂ ရာစုေလာက္မွာစတင္ေပၚေပါက္လာခဲ့ပါတယ္။

ဘူရွီဒိုလမ္းစဥ္ဆိုတာ ဘာလဲ

သူတို႔ေတြဟာ တိုက္ခိုက္ျခင္း အတတ္ပညာကိုစနစ္တက် သင္ၾကားထားတဲ့ စစ္သည္ေတာ္ေတြျဖစ္ၿပီး ခႏၶာကိုယ္တင္သာမက၊ စိတ္ကိုပါ သင္ၾကားထားခဲ့တဲ့ စစ္သည္ေတြလည္းျဖစ္ၾကပါတယ္။

ဆာမူ႐ိုင္းေတြဟာ Bushido (ဘူရွီဒို) လမ္းစဥ္လို႔ ေခၚတဲ့ က်င့္ဝတ္ေတြအေပၚမွာ တည္ေဆာက္ထားၾကပါတယ္။

အဆိုပါဘူရွီဒိုက်င့္ဝတ္ ၈ ခုကေတာ့ တရားမွ်တျခင္း-သတၱိ-က႐ုဏာတရား-ေလးစားမႈ-တည္ၾကည္ခိုင္ၿမဲမႈ-ဂုဏ္သိကၡာ-သစၥာေစာင့္သိမႈ-မိမိကိုယ္ကိုကိုယ္ထိန္းသိမ္းမႈေတြပဲျဖစ္ပါတယ္။

သခင့္အေပၚ သစၥာေစာင့္သိျခင္း

ဆာမူ႐ိုင္းတစ္ေယာက္ရဲ႕ ပထမဆုံးက်င့္ဝတ္ကေတာ့ သူ႔ရဲ႕ သခင္ျဖစ္တဲ့လူအေပၚမွာ သစၥာေစာင့္သိဖို႔ပဲျဖစ္ပါတယ္။ ဒါဟာလခ ရသည္ ျဖစ္ေစ၊လခမရသည္ျဖစ္ေစ

သူ႔ရဲ႕သခင္အေပၚမွာခိုင္ၿမဲတဲ့သစၥာတရားနဲ႔ အၿမဲရပ္တည္ေနေလ့ရွိၾကပါတယ္။

ဒါေၾကာင့္ဆာမူ႐ိုင္းတစ္ ေယာက္ရဲ႕ သခင္ျဖစ္သူ ကြယ္လြန္သြားတဲ့ ကိစၥရပ္မ်ိဳး ၊ အာဏာလက္လႊတ္လိုက္ရတဲ့ ကိစၥမ်ိဳး နဲ႔ ဆာမူ႐ိုင္းတစ္ေယာက္ကို

စြန႔္ပစ္လိုက္တဲ့ ကိစၥမ်ိဳးေတြျဖစ္လာၿပီဆိုရင္ ဆာမူ႐ိုင္းေတြဒုကၡေရာက္ေလ့ရွိၾကတာပါ။

သခင္တစ္ေယာက္ထံမွာ သစၥာခံထားတဲ့ ဆာမူ႐ိုင္းတစ္ေယာက္ဟာ ေနာက္ထပ္ သခင္တစ္ေယာက္ဆီကိုလည္း သြားၿပီး သစၥာခံေလ့လည္း

မရွိတာေၾကာင့္မို႔လို႔သူတို႔ဟာသခင္မဲ့ဆာမူ႐ိုင္းေတြျဖစ္လာပါေတာ့တယ္။

သူတို႔ရဲ႕ စားဝတ္ေနေရးဟာလည္း အဆင္မေျပမႈေတြျဖစ္လာ တာေၾကာင့္ႀကဳံရာအလုပ္ေတြလုပ္ၿပီးေနထိုင္လာရပါေတာ့တယ္။

ဒါနဲ႔သူတို႔ဟာတေျဖးေျဖးနဲ႔လမ္းေပၚေလွ်ာက္သြားေနတဲ့ေလလြင့္ ဆာမူ႐ိုင္း ေတြျဖစ္လာပါေတာ့တယ္။ ဒီလိုမ်ိဳး သခင္မရွိေတာ့တဲ့ ဆာမူ႐ိုင္းကို႐ိုနင္ (ronin) လို႔ ေခၚပါတယ္။

ဆာမူ႐ိုင္း နဲ႔ နင္ဂ်ာ ဘာကြာျခားသလဲ

ဆာမူ႐ိုင္းေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္တိုက္ခိုက္ရာမွာလည္း အလြန္ကို သစၥာရွိၾကတဲ့ စစ္သည္ေတာ္ေတြျဖစ္ၾကပါတယ္။

သူတို႔ဟာ တစ္ေယာက္နဲ႔ တစ္ေယာက္တိုက္ခိုက္ရာမွာ မ်က္ႏွာခ်င္းဆိုင္ တိုက္ခိုက္ျခင္းမ်ိဳးကိုသာ ျပဳလုပ္ေလ့ရွိၾကၿပီး ေနာက္ေက်ာကေန တိုက္ခိုက္တာမ်ိဳးေတြကို လုံးဝျပဳလုပ္ေလ့မရွိၾကပါဘူး။

ဒီအခ်က္ဟာ ဆာမူ႐ိုင္းေတြနဲ႔ နင္ဂ်ာ(Ninja) ေတြရဲ႕အဓိကကြာျခားခ်က္ပဲ ျဖစ္ပါတယ္။ နင္ဂ်ာေတြကေတာ့ ရန္သူကို တိုက္ခိုက္ရာမွာ ႀကဳံရင္ ႀကဳံသလို၊

အခြင့္ရရင္ ရသလို တိုက္ခိုက္ေလ့ရွိၿပီး ေခ်ာင္းေျမာင္းၿပီး လုပ္ႀကံတာမ်ိဳးေတြလည္း လုပ္တတ္ၾကပါတယ္။ ဆာမူ႐ိုင္းေတြကေတာ့ နင္ဂ်ာေတြလို လုပ္ေလ့မရွိပါဘူး။

ဟာရီကီရိ လို႔ေခၚတဲ့ ကိုယ့္ကိုယ္ကို အဆုံးစီရင္ျခင္း

တစ္ဖက္လူက လက္နက္ခ် အရႈံးေပးလိုက္ခ်ိန္မွာလည္း သူ႔ကို သတ္ျဖတ္တာမ်ိဳးကို ဆာမူ႐ိုင္း မျပဳလုပ္ၾကပါဘူး။ ဆာမူ႐ိုင္းေတြဟာ သစၥာတရားကို

အသက္လို ေစာင့္ထိန္း႐ုံသာမကဘဲ သူတို႔ရဲ႕ ကိုယ္က်င့္သိကၡာနဲ႔ အရွက္ကို အသက္နဲ႔ရင္းၿပီး ေစာင့္ေရွာက္တတ္ၾကသူပါ။

သူတို႔ဟာစစ္ပြဲတစ္ပြဲမွာရႈံးနိမ့္သည္ျဖစ္ေစ၊သူတို႔အမွားေၾကာင့္ကိစၥရပ္တစ္ခုခုပ်က္စီးသြားသည္ျဖစ္ေစဆာမူ႐ိုင္းေတြဟာသူတို႔ကိုယ္သူတို႔ဝမ္းဗိုက္ထဲကိုဓားနဲ႔ထိုးကာအဆုံးစီရင္ေလ့ရွိၾကပါတယ္။

ဒီလို မိမိကိုယ္ကိုယ္ အဆုံးစီရင္တဲ့ ကိစၥကို hara-kiri (ဟာရာကီရိ)လို႔ ေခၚဆိုပါတယ္။ ဟာရာကီရီျပဳလုပ္တာဟာ ဂုဏ္သိကၡာရွိစြာ ကိုယ္ကိုယ့္ကိုယ္ အဆုံးစီရင္လိုက္ျခင္းပဲျဖစ္ပါတယ္။

ဆာမူ႐ိုင္းတစ္ေယာက္ဟာ ဟာရာကီရီ လုပ္ေနခ်ိန္မွာလည္း ဓားကို ထိုးခ်င္သလို ထိုးလို႔မရပါဘူး။ ဟာရာကီရိလုပ္ဖို႔အတြက္ သတ္မွတ္ထားတဲ့ ပုံစံေတြရွိပါတယ္။

ေယဘုယ်ဆိုရရင္ ဟာရာကီရီဟာ ၾကက္ေျခခတ္ပုံစံရွိပါတယ္။

ဆာမူ႐ိုင္းတစ္ေယာက္ဟာ ဟာရာကီရီလုပ္ေနခ်ိန္မွာ သူ႔အနားမွာ လူတစ္ေယာက္ အၿမဲရွိပါတယ္။ အဲဒီလူဟာ ဟာရာကီရိလုပ္ေနသူကို အထေျမာက္သြားေအာင္ ျပဳလုပ္ေပးမယ့္ သူပဲျဖစ္ပါတယ္။

သူဟာ ဟာရာကီရီလုပ္ေနတဲ့ ဆာမူ႐ိုင္းကို ဂ႐ုစိုက္ၾကည့္ေနရပါတယ္။ ေနာက္ဆုံးဓားခ်က္ကို ဝမ္းဗိုက္ထဲကို ထည့္ၿပီး ေမႊၿပီးသြားခ်ိန္မွာေတာ့ နံေဘးနား

ရပ္ေနသူဟာ သူ႔ရဲ႕ လည္တိုင္ကို ဓားနဲ႔ ခုတ္လိုက္ပါေတာ့တယ္။ ဒါဟာ ေဝဒနာခံစားရခ်ိန္ နည္းပါးေအာင္ ကူညီေပးတာျဖစ္ၿပီးKaishaku (ကိုင္ရွာခု) လို႔ ေခၚပါတယ္ဆာမူ႐ိုင္းတို႔ရဲ႕ ေနဝင္ခ်ိန္

ဂ်ပန္ႏိုင္ငံမွာ ဆာမူ႐ိုင္းတို႔ရဲ႕ ေကာင္းစားခ်ိန္ဟာ စက္မႈလက္မႈမဖြံ႕ၿဖိဳးေသးတဲ့ အခ်ိန္ပဲျဖစ္ပါတယ္။ ဆာမူ႐ိုင္းေတြဟာ ျမင့္ျမတ္တဲ့ စစ္သည္ေတာ္ေတြ၊

သစၥာေစာင့္သိတဲ့ စစ္သည္ေတာ္ေတြဆိုေပမယ့္လို႔ သူတို႔ရဲ႕ အဆုံးသတ္ေနဝင္ခ်ိန္ဆိုတာလည္း ရွိခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံ ေမဂ်ီေခတ္[Emperor Meiji] ဟာ ဂ်ပန္ႏိုင္ငံရဲ႕ အႀကီးမားဆုံးအေျပာင္းအလဲအခ်ိန္ပဲျဖစ္ပါတယ္။

အစက တံခါးပိတ္ႏိုင္ငံတစ္ခုျဖစ္ခဲ့ရာကေန ေမဂ်ီေခတ္လက္ထက္မွာ ႏိုင္ငံတကာနဲ႔ ကုန္သြယ္ကူးလူးဆက္ဆံမႈေတြရွိလာခဲ့ပါတယ္။ အေမရိကန္၊

အဂၤလန္အပါအဝင္တျခားဥေရာပႏိုင္ငံေတြဆီက ကုန္ပစၥည္းေတြကို တင္ပို႔ေရာင္းခ်မႈေတြ စတင္လာခဲ့ပါတယ္အစားအစားေတြ၊ လူသုံးကုန္ပစၥည္းေတြ၊

လွ်ပ္စစ္ဓာတ္အားသုံးပစၥည္းေတြ၊ ကင္မရာေတြနဲ႔ အျခားအရာေတြ သယ္ေဆာင္လာခဲ့တဲ့ သေဘၤာေတြဟာ ဂ်ပန္ႏိုင္ငံဆိပ္ကမ္းကို အလွ်ိဳလွ်ိေရာက္ရွိလာၾကပါေတာ့တယ္။

အဲဒီအခ်ိန္မွာ ဂ်ပန္ႏိုင္ငံကေတာ့ ပေဒသရာဇာ စနစ္အားေကာင္းဆဲအခ်ိန္ျဖစ္ၿပီး ဂ်ပန္ေတြဟာ ကမာၻေပၚက တျခားႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ အင္မတန္ေနာက္က်ခဲ့ၿပီဆိုတာ သိလိုက္ရပါေတာ့တယ္။

အဲဒီအခ်ိန္က စၿပီး ဂ်ပန္ႏိုင္ငံဟာ ျပဳျပင္ေျပာင္းလဲမႈမ်ိဳးစုံကို ျပဳလုပ္ခဲ့ၿပီး ထိုအရာေတြထဲမွာ ဂ်ပန္ႏိုင္ငံရဲ႕ စစ္တပ္နဲ႔ ဆာမူ႐ိုင္းတို႔လည္း ပါဝင္လာပါေတာ့တယ္။

ႏွစ္ေပါင္းမ်ားစြာ တည္တံ့လာခဲ့တဲ့ ဆာမူ႐ိုင္းစနစ္ႀကီးကို အဲ့ဒီ ေမဂ်ီေခတ္မွာပဲ ဖ်က္သိမ္းလိုက္ပါေတာ့တယ္။ အရင္က ဆာမူ႐ိုင္းျဖစ္မွသာ

စစ္တာဝန္ကို ထမ္းေဆာင္ရမည္ဆိုတဲ့ အမိန႔္ေတြအစား ဘယ္သူမဆို စစ္တာဝန္ကို ထမ္းေဆာင္လို႔ရတယ္ဆိုတဲ့ အမိန႔္ေတြ ထုတ္ခဲ့ပါတယ္။

ဒါ့အျပင္ တစ္ႏိုင္ငံလုံးကို စစ္မႈထမ္းဥပေဒေတြ ထုတ္ၿပီး စစ္ေရးျပင္ဆင္မႈမ်ားကို စတင္ျပဳလုပ္လာခဲ့ပါတယ္။ တာဝန္မရွိေတာ့တဲ့ ဆာမူ႐ိုင္းေတြဟာလည္း

ႏိုင္ငံရဲ႕ စစ္တပ္မွာ အေရးပါတဲ့ ရာထူးေတြကို ယူခဲ့ၿပီး တိုင္းျပည္ရဲ႕ ေျပာင္းလဲမႈမွာ လိုက္ပါခဲ့ၾကၿပီး တခ်ိဳ႕ကေတာ့ အျပင္ဘက္မွာ ထြက္အလုပ္လုပ္ၾကရင္းက ေအာင္ျမင္တဲ့စီးပြားေရးသမားေတြ ျဖစ္လာၾကပါေတာ့တယ္။

အခုအခ်ိန္မွာေတာ့ ဆာမူ႐ိုင္းေတြဟာ ကမာၻမွမရွိေတာ့ေပမယ့္ ဂ်ပန္ႏိုင္ငံရဲ႕ အမွတ္သေကၤတအျဖစ္က်န္ရွိေနခဲ့တုန္းပါပဲ။ ဆာမူ႐ိုင္းေတြရဲ႕

ေဆြမ်ိဳးေတြဟာလည္း သူတို႔ရဲ႕ အဘေတြ၊ အဘိုး၊ အေဘးေတြျဖစ္ခဲ့တဲ့ ဆာမူ႐ိုင္းႀကီးေတြကို ဂုဏ္ယူၿပီး

သူတို႔ရဲ႕ ဓားေတြ၊ ခ်ပ္ဝပ္ဆန္ဆာေတြကို ဧည့္ခန္မွာ တစ္ခမ္းတစ္နားျပသထားၾကပါတယ္။ တခ်ိဳ႕ေတြကေတာ့ မ်ိဳး႐ိုးထဲက ဆာမူ႐ိုင္းႀကီးေတြရဲ႕

နာမည္ေတြကို မ်ိဳး႐ိုးစဥ္ဆက္မျပတ္လက္ခံထားၾကပါတယ္။ဆာမူ႐ိုင္းေတြ ကိုင္တဲ့ ဓားမ်ား

ဆာမူ႐ိုင္းေတြအေၾကာင္း ေျပာၿပီးသြားတဲ့အခါမွာေတာ့

ဆာမူ႐ိုင္းေတြကိုင္တဲ့ ဓားေတြအေၾကာင္းေျပာျပပါရေစ။ဆာမူ႐ိုင္းတစ္ေယာက္အတြက္ သူ႔ရဲ႕ ဓားဟာ သူ႔ရဲ႕ဘာသာတရားတစ္ခုလိုပါပဲ။ဆာမူ႐ိုင္းရဲ႕သေကၤတကေတာ့သူ႔ရဲ႕ဓားလို႔ေတာင္ ေျပာလို႔ရပါတယ္။

သူတို႔ဟာ ဓားကို သာမန္ ခုန္ႏိုင္ ပိုင္းႏိုင္ ျဖတ္ႏိုင္တဲ့ အရာဝတၳဳပစၥည္းတစ္ခုလို မျမင္ၾကပါဘူး။ ခြၽန္ျမေအာင္ ျပဳလုပ္ထားတဲ့ ဓားနဲ႔ သူတို႔ၾကားမွာ

စိတ္ဝိညာဥ္ဆက္သြယ္ခ်က္ေတြ၊ မျမင္ရတဲ့ ရင္းႏွီးဆက္ဆံမႈေတြ၊ နတ္ေကာင္းနတ္ျမက္ေတြ ရွိေနတယ္လို႔ ယုံၾကည္ၾကပါတယ္။

ဆာမူ႐ိုင္းတစ္ေယာက္ကို ျမင္လိုက္တာနဲ႔ သူနဲ႔ အတူပါလာတဲ့ ဓားႏွစ္လက္ကိုပါ အၿမဲျမင္ေတြ႕ရမွာပါ။ ဆာမူ႐ိုင္းေတြကိုင္တဲ့ ဓားေတြဟာ ေကြးေကာက္တဲ့

ပုံစံရွိၿပီး တျခားဓားေတြနဲ႔ ကြဲျပားျခားနားပါတယ္။ ဓားအရွည္နဲ႔ ဓားအတိုေတြဟာ သူတို႔ရဲ႕ ေဆာင္ေနက် လက္နက္တစ္စုံပါ။

ဓားတိုကိုေတာ့ wakizashi (ဝါကာဆာရွီ) လို႔ ေခၚၿပီး ဓားရွည္ကိုေတာ့ Katana (ကတ္တန္းန္နား)လို႔ ေခၚပါတယ္။ ဓားတိုနဲ႔ ဓားရွည္ထဲမွာေတာ့

ဓားရွည္ျဖစ္တဲ့ Katana (ကတ္တန္းန္နား)ဟာ လူသိမ်ားတဲ့ ဓားအမ်ိဳးအစားတစ္ခုျဖစ္ၿပီး ဆာမူ႐ိုင္းဓားလို႔ လြယ္လြယ္ေခၚၾကပါတယ္။

ကတ္တန္းနား ဓားဘယ္လိုျဖစ္လာရသလဲ (samurai swordsmith) (making of samurai sword katana)

(Making samurai Sword Was A Religious Ceremony) ေရွးေခတ္က Katana (ကတ္တန္းန္နား)ဓားကိုေတြကို ျပဳလုပ္ရာမွာလည္း

ယေန႔ေခတ္က ဓားေတြကို လုပ္သလိုမ်ိဳး လြယ္လြယ္ကူကူ ျပဳလုပ္လို႔မရပါဘူး။ ဒါ့အျပင္ ဓားတစ္လက္ကို ဖန္တီးရျခင္းဟာ

သူတို႔အတြက္ ဘာသာေရးအခမ္းအနားတစ္ခုလို ျဖစ္ခဲ့ပါတယ္။ထိုေခတ္ထိုအခါက ဓားျပဳလုပ္တဲ့သူေတြဟာ တျခားလက္မႈပညာရွင္ေတြထက္ ေလးစားမႈကို ပိုရရွိခဲ့ပါတယ္။

ေရွးက မွတ္တမ္းမွတ္ရာေတြ အရ ဓားေတြကို ဖန္တီးေတာ့မယ္၊ ျပဳလုပ္ေတာ့မယ္ဆိုရင္ ဘာသာေရးအခမ္းအနားေတြ၊ ပြဲေတြနဲ႔ က်င္းပခဲ့ၿပီးမွ ျပဳလုပ္ခဲ့တာပါ။

ဓားကို ပန္းပဲဖိုထဲကို မထည့္သြင္းခင္မွာ ပန္းပဲဆရာဟာ သီလေဆာက္တည္မႈေတြ အရင္ဆုံး ျပဳလုပ္ရပါတယ္။

အဆိုပါ သီလေဆာက္တည္မႈေတြကေတာ့ သတ္မွတ္ထားတဲ့ အစားအစာစားသုံးျခင္း၊ လိင္ဆက္ဆံျခင္း အစရွိတာေတြကို ေရွာင္ရွားရပါတယ္။

ဓားကို ျပဳလုပ္ေနတဲ့ ေန႔တိုင္း ေန႔တိုင္းမွာလည္း ပန္းဘဲဆရာဟာ ေရတံခြန္ေအာက္မွာ သြားရပ္ေနရၿပီး ဘုရားစာေတြကို ႐ြတ္ဆိုေနရပါတယ္။

အမ်ိဳးသမီးမ်ားကိုေတာ့ ကြၽန္မတို႔ ဗုဒၶဘာသာမွာ ဘုရားေပၚ တက္ခြင့္မေပးသလိုပဲ ဆာမူ႐ိုင္းမွာလည္း ဓားလုပ္တဲ့ ေနရာအနားကို လာျခင္း တားျမစ္ထားခဲ့ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ဓမၼတာလာခ်ိန္နဲ႔ တိုက္ဆိုင္ေနရင္ ဓားေတြဟာ မသန႔္စင္မွာ စိုးလို႔ဆိုတဲ့ ယုံၾကည္ခ်က္ေၾကာင့္ပဲျဖစ္ပါတယ္။

ဓားထက္ မထက္ ဘယ္လို စစ္ေဆးသလဲဒီလိုအဆင့္ဆင့္ ျဖတ္သန္းလာခဲ့ရတဲ့ ဓားတစ္လက္ရၿပီဆိုလည္း သူ႔ကို ဘယ္ေလာက္ထက္,မထက္ စမ္းသပ္ဖို႔ လိုလာခဲ့ပါတယ္။

ဆာမူ႐ိုင္းေတြဟာ သူတို႔ကိုင္တဲ့ ဓားကို စမ္းဖို႔အတြက္ အသုံးျပဳခဲ့တဲ့အရာေတြကေတာ့ လူေသေကာင္ေတြရဲ႕ ခႏၶာကိုယ္ေတြနဲ႔ ေသဒဏ္က်ခံေနရတဲ့ ရာဇဝတ္သားေတြပဲျဖစ္ပါတယ္။

အီဒိုေခတ္မွာေတာ့ အစိုးရကိုယ္တိုင္ကေန တရားဝင္ဓားစမ္းသပ္ေရးဌာနဆိုၿပီး ဖြင့္လွစ္ထားေပးၿပီး ပန္းဘဲဖိုေတြကေန ထြက္လာတဲ့ ဓားေတြကို အစိုးရက တရားဝင္စစ္ေပးေလ့ရွိပါတယ္။

သူတို႔ရဲ႕ စစ္နည္းကေတာ့ လူဘယ္ႏွစ္ေယာက္ကို ခုတ္ႏိုင္တယ္။ လူ ၃ ေယာက္ေလာက္ကို ပိုင္းျဖတ္ႏိုင္တယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြနဲ႔ စစ္ေဆးတာပါ။

ဓားကို စစ္ရာမွာလည္း ဓားသြားတင္မကဘဲ ဓားရဲ႕ အေႏွာင့္ေတြ၊ တည္ေဆာက္ပုံတည္ေဆာက္နည္း၊ လက္ကိုင္ စသျဖင့္ ေနရာလြတ္မက်န္ေအာင္ကို စစ္ပါတယ္။

စစ္ေဆးမႈေတြ အကုန္လုံးေအာင္ျမင္တယ္။ ျဖတ္ရာခုတ္ရာမွာလည္း အကုန္ျပတ္တယ္ဆိုရင္ေတာ့ ဒီဓားဟာ ေအာင္ျမင္တဲ့Katana (ကတ္တန္းန္နား)

ဓားတစ္လက္ျဖစ္သြားပါၿပီ။ စစ္ခ်က္ေတြ အကုန္ေအာင္ေနတယ္၊ ဓားသြားကို စမ္းသပ္ရာမွာလည္း လူအေယာက္ေရမ်ားမ်ားကို ခုတ္ထားႏိုင္ခဲ့တယ္ဆိုရင္ေတာ့

အဲဒီ ဓားရဲ႕တန္ဖိုးဟာလည္းလိုက္ျမင့္သြားၿပီး ဓားဆရာရဲ႕နာမည္ကလည္းပိုႀကီးလာခဲ့ပါတယ္။တကယ္လို႔သာဓားကစစ္ေဆးခ်က္ေတြမွ

ာ မေအာင္ျမင္ဘူးဆိုရင္ေတာ့ ေျပာထားတာဟာေတြနဲ႔ ေျပာင္းျပန္ျဖစ္သြားမွာပါ။ ဒီလို ဓားေတြကို စမ္းသပ္ဖို႔ ရာဇဝတ္သားေတြကို ေ႐ြးခ်ယ္တဲ့ ေနရာမွာလည္း

ရာဇဝတ္သားေတြဟာသူတို႔ကိုစမ္းသပ္မယ့္ဓားနဲ႔သတ္မယ္ဆိုတာကိုသိၾကပါတယ္။ ဒါေၾကာင့္ တခ်ိဳ႕ရာဇဝတ္သားေတြဟာ

ဓားကို ထိခိုက္ေအာင္ဆိုၿပီး ေက်ာက္တုံးေတြ၊ ေက်ာက္ခဲေတြကို ၿမိဳခ်ထားခဲ့ၾကပါေသးတယ္ယေန႔အခ်ိန္ ဆာမူ႐ိုင္းဓါးလုပ္ငန္းဒီလို

နာမည္ေက်ာ္ဆာမူ႐ိုင္းဓားကိုကမာၻေပၚကဓါးစိတ္ဝင္စားသူတိုင္းလိုခ်င္တဲ့ အရာတစ္ခုျဖစ္ေပမယ့္ ဂ်ပန္ႏိုင္ငံတြင္းဓားလုပ္ငန္းက

ထင္သေလာက္အဆင္မေျပလွပါ။အစိုးရကတင္းက်ပ္တဲ့စည္းမ်ဥ္းစည္းကမ္းေတြခ်ထားခဲ့ၿပီး လိုင္စင္ရ ပန္းဘဲဖိုေတြကမွသာဂ်ပန္ဓားကို ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။

တကယ္ေတာ့ အဲဒီ လက္မွတ္ရ ပန္းဘဲလုပ္ငန္းေတြဟာ ခ်က္ခ်င္းဂ်ပန္ဓားထုတ္ဖို႔ အတတ္ပညာမရွိၾကေသးပါဘူး။ အခ်ိန္ငါးႏွစ္ေလာက္က

အလုပ္သင္အျဖစ္ လုပ္ေနရဦးမွာျဖစ္ၿပီး နာမည္ေကာင္းရလာဖို႔အတြက္လည္း ေနာက္ထပ္အခ်ိန္ေတြ ရင္းရဦးမွာပဲျဖစ္ပါတယ္။

အစိုးရက ဒီလို တားျမစ္ပိတ္ပင္ထားေပမယ့္လည္း ဓါးခ်စ္သူေတြက အဖြဲ႕ေတြဖြဲ႕ၿပီး ဓါးလုပ္ၿပိဳင္ပြဲေတြက်င္းပက်ပါတယ္။ ဒီၿပိဳင္ပြဲေတြကိုပဲ တစ္ႏိုင္ငံလုံးက

လာေရာက္ယွဥ္ၿပိဳင္က်ၿပီး ဒီတစ္ခုပဲ သူတို႔အတြက္ ေမွ်ာ္လင့္ခ်က္ကို ျဖစ္ေစတာပါ။ သူတို႔ရဲ႕ လက္ရာေတြကိုဒီလိုပြဲေတြထဲမွာ လာေရာက္ျပသေလ့လည္း ရွိပါတယ္။

ထိပ္ဆုံးစာရင္း ၃၀ထဲဝင္တဲ့ လူေတြကေတာ့ နာမည္ေကာင္းေတြ ရၾကၿပီး ဓါးနဲ႔ ပတ္သက္ရင္ အမ်ားျပည္သူက ယုံၾကည္မႈကိုပါ ရရွိေစခဲ့တာပါ။

ဓါးလုပ္တဲ့လူေတြက ေပါေပမယ့္ လိုင္စင္နဲ႔ ထိန္းခ်ဳပ္ထားတာေၾကာင့္ ဂ်ပန္ဆာမူ႐ိုင္းဓားေတြက ေဈးကြက္ထဲမွာ အေရအတြက္နည္းပါးေနၿပီး ေဈးကလည္း အင္မတန္ေကာင္းေနခဲ့ပါတယ္။

Credit

Unicode

ဆာမူရိုင်းလို့ဆိုလိုက်တာနဲ့ ဂျပန်နိုင်ငံကိုပြေးမြင်မိကြမှာ အမှန်ပါပဲ။ ဆာမူရိုင်းတွေဟာ ဂျပန်နိုင်ငံရဲ့ အမှတ်သင်္ကေတရုပ်ပုံတစ်ခုအဖြစ် ရှိခဲ့ပြီး ယနေ့အထိ

သူတို့ရဲ့ လွှမ်းမိုးမှုကိုဂျပန်နိုင်ငံ နေရာအနှံ့မှာမြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။ဆာမူရိုင်းနဲ့ ပတ်သက်လို့ကျမတို့မြင်တွေ့ ခဲ့ဖူးတာတွေက

ရုပ်ရှင်တွေထဲမှာပဲဖြစ်ပြီး ရုပ်ရှင်တွေကနေ သိလိုက်ရတာကဆာမူရိုင်းတွေဟာသစ္စာတရားကိုစောင့်ရှောက်ကြတယ်။

စည်းကမ်းရှိကြတယ်။ ယုံကြည်ချက်ပြင်းထန်ပြီး အာရုံစူးစိုက်မှုမှာလည်း တကယ့်ကို ဆရာကျတဲ့ လူတွေ ဆိုတာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ရုပ်ရှင်တွေထဲ မြင်တွေ့ဖူးတဲ့ဆာမူရိုင်းတွေလိုပါပဲ …

တကယ့်အပြင်က ဆာမူရိုင်းတွေဟာလည်း သစ္စာရှိတဲ့ မြင့်မြတ်တဲ့ စစ်သည်တော်တွေဖြစ်ပြီး ၁၂ ရာစုလောက်မှာစတင်ပေါ်ပေါက်လာခဲ့ပါတယ်။

ဘူရှီဒိုလမ်းစဉ်ဆိုတာ ဘာလဲ

သူတို့တွေဟာ တိုက်ခိုက်ခြင်း အတတ်ပညာကိုစနစ်တကျ သင်ကြားထားတဲ့ စစ်သည်တော်တွေဖြစ်ပြီး ခန္ဓာကိုယ်တင်သာမက၊ စိတ်ကိုပါ သင်ကြားထားခဲ့တဲ့ စစ်သည်တွေလည်းဖြစ်ကြပါတယ်။

ဆာမူရိုင်းတွေဟာ Bushido (ဘူရှီဒို) လမ်းစဉ်လို့ ခေါ်တဲ့ ကျင့်ဝတ်တွေအပေါ်မှာ တည်ဆောက်ထားကြပါတယ်။

အဆိုပါဘူရှီဒိုကျင့်ဝတ် ၈ ခုကတော့ တရားမျှတခြင်း-သတ္တိ-ကရုဏာတရား-လေးစားမှု-တည်ကြည်ခိုင်မြဲမှု-ဂုဏ်သိက္ခာ-သစ္စာစောင့်သိမှု-မိမိကိုယ်ကိုကိုယ်ထိန်းသိမ်းမှုတွေပဲဖြစ်ပါတယ်။

သခင့်အပေါ် သစ္စာစောင့်သိခြင်း

ဆာမူရိုင်းတစ်ယောက်ရဲ့ ပထမဆုံးကျင့်ဝတ်ကတော့ သူ့ရဲ့ သခင်ဖြစ်တဲ့လူအပေါ်မှာ သစ္စာစောင့်သိဖို့ပဲဖြစ်ပါတယ်။ ဒါဟာလခ ရသည် ဖြစ်စေ၊လခမရသည်ဖြစ်စေ

သူ့ရဲ့သခင်အပေါ်မှာခိုင်မြဲတဲ့သစ္စာတရားနဲ့ အမြဲရပ်တည်နေလေ့ရှိကြပါတယ်။

ဒါကြောင့်ဆာမူရိုင်းတစ် ယောက်ရဲ့ သခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ကိစ္စရပ်မျိုး ၊ အာဏာလက်လွှတ်လိုက်ရတဲ့ ကိစ္စမျိုး နဲ့ ဆာမူရိုင်းတစ်ယောက်ကို

စွန့်ပစ်လိုက်တဲ့ ကိစ္စမျိုးတွေဖြစ်လာပြီဆိုရင် ဆာမူရိုင်းတွေဒုက္ခရောက်လေ့ရှိကြတာပါ။

သခင်တစ်ယောက်ထံမှာ သစ္စာခံထားတဲ့ ဆာမူရိုင်းတစ်ယောက်ဟာ နောက်ထပ် သခင်တစ်ယောက်ဆီကိုလည်း သွားပြီး သစ္စာခံလေ့လည်း

မရှိတာကြောင့်မို့လို့သူတို့ဟာသခင်မဲ့ဆာမူရိုင်းတွေဖြစ်လာပါတော့တယ်။

သူတို့ရဲ့ စားဝတ်နေရေးဟာလည်း အဆင်မပြေမှုတွေဖြစ်လာ တာကြောင့်ကြုံရာအလုပ်တွေလုပ်ပြီးနေထိုင်လာရပါတော့တယ်။

ဒါနဲ့သူတို့ဟာတဖြေးဖြေးနဲ့လမ်းပေါ်လျှောက်သွားနေတဲ့လေလွင့် ဆာမူရိုင်း တွေဖြစ်လာပါတော့တယ်။ ဒီလိုမျိုး သခင်မရှိတော့တဲ့ ဆာမူရိုင်းကိုရိုနင် (ronin) လို့ ခေါ်ပါတယ်။

ဆာမူရိုင်း နဲ့ နင်ဂျာ ဘာကွာခြားသလဲ

ဆာမူရိုင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ရာမှာလည်း အလွန်ကို သစ္စာရှိကြတဲ့ စစ်သည်တော်တွေဖြစ်ကြပါတယ်။

သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက်တိုက်ခိုက်ရာမှာ မျက်နှာချင်းဆိုင် တိုက်ခိုက်ခြင်းမျိုးကိုသာ ပြုလုပ်လေ့ရှိကြပြီး နောက်ကျောကနေ တိုက်ခိုက်တာမျိုးတွေကို လုံးဝပြုလုပ်လေ့မရှိကြပါဘူး။

ဒီအချက်ဟာ ဆာမူရိုင်းတွေနဲ့ နင်ဂျာ(Ninja) တွေရဲ့အဓိကကွာခြားချက်ပဲ ဖြစ်ပါတယ်။ နင်ဂျာတွေကတော့ ရန်သူကို တိုက်ခိုက်ရာမှာ ကြုံရင် ကြုံသလို၊

အခွင့်ရရင် ရသလို တိုက်ခိုက်လေ့ရှိပြီး ချောင်းမြောင်းပြီး လုပ်ကြံတာမျိုးတွေလည်း လုပ်တတ်ကြပါတယ်။ ဆာမူရိုင်းတွေကတော့ နင်ဂျာတွေလို လုပ်လေ့မရှိပါဘူး။

ဟာရီကီရိ လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်း

တစ်ဖက်လူက လက်နက်ချ အရှုံးပေးလိုက်ချိန်မှာလည်း သူ့ကို သတ်ဖြတ်တာမျိုးကို ဆာမူရိုင်း မပြုလုပ်ကြပါဘူး။ ဆာမူရိုင်းတွေဟာ သစ္စာတရားကို

အသက်လို စောင့်ထိန်းရုံသာမကဘဲ သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ အရှက်ကို အသက်နဲ့ရင်းပြီး စောင့်ရှောက်တတ်ကြသူပါ။

သူတို့ဟာစစ်ပွဲတစ်ပွဲမှာရှုံးနိမ့်သည်ဖြစ်စေ၊သူတို့အမှားကြောင့်ကိစ္စရပ်တစ်ခုခုပျက်စီးသွားသည်ဖြစ်စေဆာမူရိုင်းတွေဟာသူတို့ကိုယ်သူတို့ဝမ်းဗိုက်ထဲကိုဓားနဲ့ထိုးကာအဆုံးစီရင်လေ့ရှိကြပါတယ်။

ဒီလို မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့ ကိစ္စကို hara-kiri (ဟာရာကီရိ)လို့ ခေါ်ဆိုပါတယ်။ ဟာရာကီရီပြုလုပ်တာဟာ ဂုဏ်သိက္ခာရှိစွာ ကိုယ်ကိုယ့်ကိုယ် အဆုံးစီရင်လိုက်ခြင်းပဲဖြစ်ပါတယ်။

ဆာမူရိုင်းတစ်ယောက်ဟာ ဟာရာကီရီ လုပ်နေချိန်မှာလည်း ဓားကို ထိုးချင်သလို ထိုးလို့မရပါဘူး။ ဟာရာကီရိလုပ်ဖို့အတွက် သတ်မှတ်ထားတဲ့ ပုံစံတွေရှိပါတယ်။

ယေဘုယျဆိုရရင် ဟာရာကီရီဟာ ကြက်ခြေခတ်ပုံစံရှိပါတယ်။

ဆာမူရိုင်းတစ်ယောက်ဟာ ဟာရာကီရီလုပ်နေချိန်မှာ သူ့အနားမှာ လူတစ်ယောက် အမြဲရှိပါတယ်။ အဲဒီလူဟာ ဟာရာကီရိလုပ်နေသူကို အထမြောက်သွားအောင် ပြုလုပ်ပေးမယ့် သူပဲဖြစ်ပါတယ်။

သူဟာ ဟာရာကီရီလုပ်နေတဲ့ ဆာမူရိုင်းကို ဂရုစိုက်ကြည့်နေရပါတယ်။ နောက်ဆုံးဓားချက်ကို ဝမ်းဗိုက်ထဲကို ထည့်ပြီး မွှေပြီးသွားချိန်မှာတော့ နံဘေးနား

ရပ်နေသူဟာ သူ့ရဲ့ လည်တိုင်ကို ဓားနဲ့ ခုတ်လိုက်ပါတော့တယ်။ ဒါဟာ ဝေဒနာခံစားရချိန် နည်းပါးအောင် ကူညီပေးတာဖြစ်ပြီးKaishaku (ကိုင်ရှာခု) လို့ ခေါ်ပါတယ်ဆာမူရိုင်းတို့ရဲ့ နေဝင်ချိန်

ဂျပန်နိုင်ငံမှာ ဆာမူရိုင်းတို့ရဲ့ ကောင်းစားချိန်ဟာ စက်မှုလက်မှုမဖွံ့ဖြိုးသေးတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဆာမူရိုင်းတွေဟာ မြင့်မြတ်တဲ့ စစ်သည်တော်တွေ၊

သစ္စာစောင့်သိတဲ့ စစ်သည်တော်တွေဆိုပေမယ့်လို့ သူတို့ရဲ့ အဆုံးသတ်နေဝင်ချိန်ဆိုတာလည်း ရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံ မေဂျီခေတ်[Emperor Meiji] ဟာ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးအပြောင်းအလဲအချိန်ပဲဖြစ်ပါတယ်။

အစက တံခါးပိတ်နိုင်ငံတစ်ခုဖြစ်ခဲ့ရာကနေ မေဂျီခေတ်လက်ထက်မှာ နိုင်ငံတကာနဲ့ ကုန်သွယ်ကူးလူးဆက်ဆံမှုတွေရှိလာခဲ့ပါတယ်။ အမေရိကန်၊

အင်္ဂလန်အပါအဝင်တခြားဥရောပနိုင်ငံတွေဆီက ကုန်ပစ္စည်းတွေကို တင်ပို့ရောင်းချမှုတွေ စတင်လာခဲ့ပါတယ်အစားအစားတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊

လျှပ်စစ်ဓာတ်အားသုံးပစ္စည်းတွေ၊ ကင်မရာတွေနဲ့ အခြားအရာတွေ သယ်ဆောင်လာခဲ့တဲ့ သင်္ဘောတွေဟာ ဂျပန်နိုင်ငံဆိပ်ကမ်းကို အလျှိုလျှိရောက်ရှိလာကြပါတော့တယ်။

အဲဒီအချိန်မှာ ဂျပန်နိုင်ငံကတော့ ပဒေသရာဇာ စနစ်အားကောင်းဆဲအချိန်ဖြစ်ပြီး ဂျပန်တွေဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အင်မတန်နောက်ကျခဲ့ပြီဆိုတာ သိလိုက်ရပါတော့တယ်။

အဲဒီအချိန်က စပြီး ဂျပန်နိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုမျိုးစုံကို ပြုလုပ်ခဲ့ပြီး ထိုအရာတွေထဲမှာ ဂျပန်နိုင်ငံရဲ့ စစ်တပ်နဲ့ ဆာမူရိုင်းတို့လည်း ပါဝင်လာပါတော့တယ်။

နှစ်ပေါင်းများစွာ တည်တံ့လာခဲ့တဲ့ ဆာမူရိုင်းစနစ်ကြီးကို အဲ့ဒီ မေဂျီခေတ်မှာပဲ ဖျက်သိမ်းလိုက်ပါတော့တယ်။ အရင်က ဆာမူရိုင်းဖြစ်မှသာ

စစ်တာဝန်ကို ထမ်းဆောင်ရမည်ဆိုတဲ့ အမိန့်တွေအစား ဘယ်သူမဆို စစ်တာဝန်ကို ထမ်းဆောင်လို့ရတယ်ဆိုတဲ့ အမိန့်တွေ ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးကို စစ်မှုထမ်းဥပဒေတွေ ထုတ်ပြီး စစ်ရေးပြင်ဆင်မှုများကို စတင်ပြုလုပ်လာခဲ့ပါတယ်။ တာဝန်မရှိတော့တဲ့ ဆာမူရိုင်းတွေဟာလည်း

နိုင်ငံရဲ့ စစ်တပ်မှာ အရေးပါတဲ့ ရာထူးတွေကို ယူခဲ့ပြီး တိုင်းပြည်ရဲ့ ပြောင်းလဲမှုမှာ လိုက်ပါခဲ့ကြပြီး တချို့ကတော့ အပြင်ဘက်မှာ ထွက်အလုပ်လုပ်ကြရင်းက အောင်မြင်တဲ့စီးပွားရေးသမားတွေ ဖြစ်လာကြပါတော့တယ်။

အခုအချိန်မှာတော့ ဆာမူရိုင်းတွေဟာ ကမ္ဘာမှမရှိတော့ပေမယ့် ဂျပန်နိုင်ငံရဲ့ အမှတ်သင်္ကေတအဖြစ်ကျန်ရှိနေခဲ့တုန်းပါပဲ။ ဆာမူရိုင်းတွေရဲ့

ဆွေမျိုးတွေဟာလည်း သူတို့ရဲ့ အဘတွေ၊ အဘိုး၊ အဘေးတွေဖြစ်ခဲ့တဲ့ ဆာမူရိုင်းကြီးတွေကို ဂုဏ်ယူပြီး

သူတို့ရဲ့ ဓားတွေ၊ ချပ်ဝပ်ဆန်ဆာတွေကို ဧည့်ခန်မှာ တစ်ခမ်းတစ်နားပြသထားကြပါတယ်။ တချို့တွေကတော့ မျိုးရိုးထဲက ဆာမူရိုင်းကြီးတွေရဲ့

နာမည်တွေကို မျိုးရိုးစဉ်ဆက်မပြတ်လက်ခံထားကြပါတယ်။ဆာမူရိုင်းတွေ ကိုင်တဲ့ ဓားများ

ဆာမူရိုင်းတွေအကြောင်း ပြောပြီးသွားတဲ့အခါမှာတော့

ဆာမူရိုင်းတွေကိုင်တဲ့ ဓားတွေအကြောင်းပြောပြပါရစေ။ဆာမူရိုင်းတစ်ယောက်အတွက် သူ့ရဲ့ ဓားဟာ သူ့ရဲ့ဘာသာတရားတစ်ခုလိုပါပဲ။ဆာမူရိုင်းရဲ့သင်္ကေတကတော့သူ့ရဲ့ဓားလို့တောင် ပြောလို့ရပါတယ်။

သူတို့ဟာ ဓားကို သာမန် ခုန်နိုင် ပိုင်းနိုင် ဖြတ်နိုင်တဲ့ အရာဝတ္ထုပစ္စည်းတစ်ခုလို မမြင်ကြပါဘူး။ ချွန်မြအောင် ပြုလုပ်ထားတဲ့ ဓားနဲ့ သူတို့ကြားမှာ

စိတ်ဝိညာဉ်ဆက်သွယ်ချက်တွေ၊ မမြင်ရတဲ့ ရင်းနှီးဆက်ဆံမှုတွေ၊ နတ်ကောင်းနတ်မြက်တွေ ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။

ဆာမူရိုင်းတစ်ယောက်ကို မြင်လိုက်တာနဲ့ သူနဲ့ အတူပါလာတဲ့ ဓားနှစ်လက်ကိုပါ အမြဲမြင်တွေ့ရမှာပါ။ ဆာမူရိုင်းတွေကိုင်တဲ့ ဓားတွေဟာ ကွေးကောက်တဲ့

ပုံစံရှိပြီး တခြားဓားတွေနဲ့ ကွဲပြားခြားနားပါတယ်။ ဓားအရှည်နဲ့ ဓားအတိုတွေဟာ သူတို့ရဲ့ ဆောင်နေကျ လက်နက်တစ်စုံပါ။

ဓားတိုကိုတော့ wakizashi (ဝါကာဆာရှီ) လို့ ခေါ်ပြီး ဓားရှည်ကိုတော့ Katana (ကတ်တန်းန်နား)လို့ ခေါ်ပါတယ်။ ဓားတိုနဲ့ ဓားရှည်ထဲမှာတော့

ဓားရှည်ဖြစ်တဲ့ Katana (ကတ်တန်းန်နား)ဟာ လူသိများတဲ့ ဓားအမျိုးအစားတစ်ခုဖြစ်ပြီး ဆာမူရိုင်းဓားလို့ လွယ်လွယ်ခေါ်ကြပါတယ်။

ကတ်တန်းနား ဓားဘယ်လိုဖြစ်လာရသလဲ (samurai swordsmith) (making of samurai sword katana)

(Making samurai Sword Was A Religious Ceremony) ရှေးခေတ်က Katana (ကတ်တန်းန်နား)ဓားကိုတွေကို ပြုလုပ်ရာမှာလည်း

ယနေ့ခေတ်က ဓားတွေကို လုပ်သလိုမျိုး လွယ်လွယ်ကူကူ ပြုလုပ်လို့မရပါဘူး။ ဒါ့အပြင် ဓားတစ်လက်ကို ဖန်တီးရခြင်းဟာ

သူတို့အတွက် ဘာသာရေးအခမ်းအနားတစ်ခုလို ဖြစ်ခဲ့ပါတယ်။ထိုခေတ်ထိုအခါက ဓားပြုလုပ်တဲ့သူတွေဟာ တခြားလက်မှုပညာရှင်တွေထက် လေးစားမှုကို ပိုရရှိခဲ့ပါတယ်။

ရှေးက မှတ်တမ်းမှတ်ရာတွေ အရ ဓားတွေကို ဖန်တီးတော့မယ်၊ ပြုလုပ်တော့မယ်ဆိုရင် ဘာသာရေးအခမ်းအနားတွေ၊ ပွဲတွေနဲ့ ကျင်းပခဲ့ပြီးမှ ပြုလုပ်ခဲ့တာပါ။

ဓားကို ပန်းပဲဖိုထဲကို မထည့်သွင်းခင်မှာ ပန်းပဲဆရာဟာ သီလဆောက်တည်မှုတွေ အရင်ဆုံး ပြုလုပ်ရပါတယ်။

အဆိုပါ သီလဆောက်တည်မှုတွေကတော့ သတ်မှတ်ထားတဲ့ အစားအစာစားသုံးခြင်း၊ လိင်ဆက်ဆံခြင်း အစရှိတာတွေကို ရှောင်ရှားရပါတယ်။

ဓားကို ပြုလုပ်နေတဲ့ နေ့တိုင်း နေ့တိုင်းမှာလည်း ပန်းဘဲဆရာဟာ ရေတံခွန်အောက်မှာ သွားရပ်နေရပြီး ဘုရားစာတွေကို ရွတ်ဆိုနေရပါတယ်။

အမျိုးသမီးများကိုတော့ ကျွန်မတို့ ဗုဒ္ဓဘာသာမှာ ဘုရားပေါ် တက်ခွင့်မပေးသလိုပဲ ဆာမူရိုင်းမှာလည်း ဓားလုပ်တဲ့ နေရာအနားကို လာခြင်း တားမြစ်ထားခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဓမ္မတာလာချိန်နဲ့ တိုက်ဆိုင်နေရင် ဓားတွေဟာ မသန့်စင်မှာ စိုးလို့ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပဲဖြစ်ပါတယ်။

ဓားထက် မထက် ဘယ်လို စစ်ဆေးသလဲဒီလိုအဆင့်ဆင့် ဖြတ်သန်းလာခဲ့ရတဲ့ ဓားတစ်လက်ရပြီဆိုလည်း သူ့ကို ဘယ်လောက်ထက်,မထက် စမ်းသပ်ဖို့ လိုလာခဲ့ပါတယ်။

ဆာမူရိုင်းတွေဟာ သူတို့ကိုင်တဲ့ ဓားကို စမ်းဖို့အတွက် အသုံးပြုခဲ့တဲ့အရာတွေကတော့ လူသေကောင်တွေရဲ့ ခန္ဓာကိုယ်တွေနဲ့ သေဒဏ်ကျခံနေရတဲ့ ရာဇဝတ်သားတွေပဲဖြစ်ပါတယ်။

အီဒိုခေတ်မှာတော့ အစိုးရကိုယ်တိုင်ကနေ တရားဝင်ဓားစမ်းသပ်ရေးဌာနဆိုပြီး ဖွင့်လှစ်ထားပေးပြီး ပန်းဘဲဖိုတွေကနေ ထွက်လာတဲ့ ဓားတွေကို အစိုးရက တရားဝင်စစ်ပေးလေ့ရှိပါတယ်။

သူတို့ရဲ့ စစ်နည်းကတော့ လူဘယ်နှစ်ယောက်ကို ခုတ်နိုင်တယ်။ လူ ၃ ယောက်လောက်ကို ပိုင်းဖြတ်နိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ စစ်ဆေးတာပါ။

ဓားကို စစ်ရာမှာလည်း ဓားသွားတင်မကဘဲ ဓားရဲ့ အနှောင့်တွေ၊ တည်ဆောက်ပုံတည်ဆောက်နည်း၊ လက်ကိုင် စသဖြင့် နေရာလွတ်မကျန်အောင်ကို စစ်ပါတယ်။

စစ်ဆေးမှုတွေ အကုန်လုံးအောင်မြင်တယ်။ ဖြတ်ရာခုတ်ရာမှာလည်း အကုန်ပြတ်တယ်ဆိုရင်တော့ ဒီဓားဟာ အောင်မြင်တဲ့Katana (ကတ်တန်းန်နား)

ဓားတစ်လက်ဖြစ်သွားပါပြီ။ စစ်ချက်တွေ အကုန်အောင်နေတယ်၊ ဓားသွားကို စမ်းသပ်ရာမှာလည်း လူအယောက်ရေများများကို ခုတ်ထားနိုင်ခဲ့တယ်ဆိုရင်တော့

အဲဒီ ဓားရဲ့တန်ဖိုးဟာလည်းလိုက်မြင့်သွားပြီး ဓားဆရာရဲ့နာမည်ကလည်းပိုကြီးလာခဲ့ပါတယ်။တကယ်လို့သာဓားကစစ်ဆေးချက်တွေမှ

ာ မအောင်မြင်ဘူးဆိုရင်တော့ ပြောထားတာဟာတွေနဲ့ ပြောင်းပြန်ဖြစ်သွားမှာပါ။ ဒီလို ဓားတွေကို စမ်းသပ်ဖို့ ရာဇဝတ်သားတွေကို ရွေးချယ်တဲ့ နေရာမှာလည်း

ရာဇဝတ်သားတွေဟာသူတို့ကိုစမ်းသပ်မယ့်ဓားနဲ့သတ်မယ်ဆိုတာကိုသိကြပါတယ်။ ဒါကြောင့် တချို့ရာဇဝတ်သားတွေဟာ

ဓားကို ထိခိုက်အောင်ဆိုပြီး ကျောက်တုံးတွေ၊ ကျောက်ခဲတွေကို မြိုချထားခဲ့ကြပါသေးတယ်ယနေ့အချိန် ဆာမူရိုင်းဓါးလုပ်ငန်းဒီလို

နာမည်ကျော်ဆာမူရိုင်းဓားကိုကမ္ဘာပေါ်ကဓါးစိတ်ဝင်စားသူတိုင်းလိုချင်တဲ့ အရာတစ်ခုဖြစ်ပေမယ့် ဂျပန်နိုင်ငံတွင်းဓားလုပ်ငန်းက

ထင်သလောက်အဆင်မပြေလှပါ။အစိုးရကတင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေချထားခဲ့ပြီး လိုင်စင်ရ ပန်းဘဲဖိုတွေကမှသာဂျပန်ဓားကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

တကယ်တော့ အဲဒီ လက်မှတ်ရ ပန်းဘဲလုပ်ငန်းတွေဟာ ချက်ချင်းဂျပန်ဓားထုတ်ဖို့ အတတ်ပညာမရှိကြသေးပါဘူး။ အချိန်ငါးနှစ်လောက်က

အလုပ်သင်အဖြစ် လုပ်နေရဦးမှာဖြစ်ပြီး နာမည်ကောင်းရလာဖို့အတွက်လည်း နောက်ထပ်အချိန်တွေ ရင်းရဦးမှာပဲဖြစ်ပါတယ်။

အစိုးရက ဒီလို တားမြစ်ပိတ်ပင်ထားပေမယ့်လည်း ဓါးချစ်သူတွေက အဖွဲ့တွေဖွဲ့ပြီး ဓါးလုပ်ပြိုင်ပွဲတွေကျင်းပကျပါတယ်။ ဒီပြိုင်ပွဲတွေကိုပဲ တစ်နိုင်ငံလုံးက

လာရောက်ယှဉ်ပြိုင်ကျပြီး ဒီတစ်ခုပဲ သူတို့အတွက် မျှော်လင့်ချက်ကို ဖြစ်စေတာပါ။ သူတို့ရဲ့ လက်ရာတွေကိုဒီလိုပွဲတွေထဲမှာ လာရောက်ပြသလေ့လည်း ရှိပါတယ်။

ထိပ်ဆုံးစာရင်း ၃၀ထဲဝင်တဲ့ လူတွေကတော့ နာမည်ကောင်းတွေ ရကြပြီး ဓါးနဲ့ ပတ်သက်ရင် အများပြည်သူက ယုံကြည်မှုကိုပါ ရရှိစေခဲ့တာပါ။

ဓါးလုပ်တဲ့လူတွေက ပေါပေမယ့် လိုင်စင်နဲ့ ထိန်းချုပ်ထားတာကြောင့် ဂျပန်ဆာမူရိုင်းဓားတွေက ဈေးကွက်ထဲမှာ အရေအတွက်နည်းပါးနေပြီး ဈေးကလည်း အင်မတန်ကောင်းနေခဲ့ပါတယ်။

Credit

Post Views: 1

Crd



Post Views:
8

Crd