ဆလင်းဒီယွန်ရဲ့ ထူးဆန်းတဲ့ ကလေးအုပ်ထိန်းနည်းများ

ဆလင်းဒီယွန်ရဲ့ ထူးဆန်းတဲ့ ကလေးအုပ်ထိန်းနည်းများ

ဆလင်းဒီယွန်ရဲ့ ထူးဆန်းတဲ့ ကလေးအုပ်ထိန်းနည်းများ

ဆလင်းဒီယွန် (Celine Dion)ဆိုတာနဲ့ အသံပါဝါကောင်းပြီး ကမ္ဘာကျော် အဆိုတော်တစ်ဦးဆိုတာ သိကြမှာပါ။

တိုင်တန်းနစ်ရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်းနဲ့ မင်းသမီးဒိုင်ယာနာ ကွယ်လွန်ချိန်မှာ ဂုဏ်ပြုသီဆိုခဲ့တဲ့ “လေထဲက ဖယောင်းတိုင်” သီချင်းတို့ကို သီဆိုခဲ့သူလည်း ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းဟာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

အခုတင်ပြချင်တာကတော့ သူမရဲ့ ထူးဆန်းတဲ့ ကလေးပြုစုပျိုးထောင်နည်းတွေ ဖြစ်ပါတယ်။ ဖတ်ရှု့ပေးကြပါဦးနော်။

(၁) သူမဟာ ကလေးတွေကို သေခြင်းတရားအကြောင်း ရှင်းပြထားပါတယ်တဲ့။ ရှင်းပြရာမှာလည်း ဒစ္စနေရုပ်ရှင် (Disney Movie)တွေကိုသုံးပြီး ရှင်းပြတာ ဖြစ်ပါတယ်။

သူမရဲ့ခင်ပွန်းဖြစ်သူ Rene’ Ange’lil ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူမကလေးတွေကို ဖခင်ဖြစ်သူကွယ်လွန်ကြောင်းနဲ့ မြင့်မြတ်တဲ့ဘုံကို ရောက်မှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ကလေးတွေကို သူတို့ဖခင်ဆီ အမှာစကားရေးသားစေပြီး မိုးပျံပူပေါင်းလေးတွေမှာချည်ပြီး လွှတ်တင်စေခဲ့ပါတယ်။

(၂) သူမဟာ ညစဉ် ဂွတ်နိုက် (Good Night) ဆိုတဲ့စကားကို ကလေးတွေကို မပျက်မကွက် ပြောကြားလေ့ရှိပါတယ်။

ကလေးတွေကိုလည်း သူတို့ရဲ့ ကွယ်လွန်သွားတဲ့ဖခင်ကို ညစဉ် ဂွတ်နိုက်ဆိုတဲ့စကား ပြောကြားစေပါတယ်တဲ့။ အမွှာလေးတွေကဆိုရင် ဖခင်ရဲ့ဓါတ်ပုံကို ဂွတ်နိုက်လို့ ပြောကြပါတယ်။

(၃) ကလေးတွေကို ဆံပင်အရှည်ထားပေးပါတယ်။ သူတို့ထားချင်သလောက်ပေါ့။ သူမရဲ့ သားဖြစ်သူ Rene Charles ဆိုရင် (၈)နှစ်သားအထိ ဆံပင် တစ်ခါမှ မညှပ်ခဲ့ပါဘူးတဲ့။

(၄) သူမဟာ အမွှာသမီးလေး(၂) ယောက်နဲ့ အတူတူ အိပ်စက်ပါတယ်။ ဒါဟာ သူမခင်ပွန်း ဆုံးပါသွားပြီးကတည်းက ဖြစ်ပါတယ်။

(၅) သူမဟာ ကလေးတွေကို ဘယ်တော့မှ မငိုစေရကါဘူး။ တနည်းအားဖြင်ြ အငိုမခံဘူးပေါ့။

(၆) ဆလင်းဒီယွန်ရဲ့ အယူအဆအရ မွေးချင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် အသက်ကွာခြားမှုများရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူမဟာ ကိုယ်ဝန်လွယ်ချိန်ကို တွက်ချက်ပြီးကလေးယူခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် သူမရဲ့‌ကလေးတွေဟာ (၁၀)နှစ်လောက် မသက်ကွာကြပါတယ်။ ဒါမှလည်း အကြီးတွေဟာ အငယ်တွေအပေါ်မှာ နားလည်မှုရှိကြတယ်လို့ ဆိုပါတယ်။ အငယ်တွေ ‌မွေးလာတဲ့အပေါ်မှာ ချစ်ခင်စာနာတတ်ကြတယ်လို့ ဆိုပါတယ်။

မိဘတွေဆိုတာကတော့ သားသမီးတွေကို အကောင်းဆုံးသာ ပေးဆပ်ခြင်ကြတာမို့ အဆိုတော်ကြီး ဆလင်းဒီယွန်ရဲ့ ကလေးပျိုးထောင်မှုဟာလည်း တစ်မျိုး၊တစ်ဘာသာပေမဲ့ ကောင်းမွန်ပါကြောင်း တင်ပြလိုက်ပါတယ်။

Knight News Team

Knight News © 2023

Crd

Crd